မြန်မာ့သြဘာလုပ်ငန်းစုမှ "AWBA Group CARE Campaign" ဖြင့် ငလျင်ဘေးသင့်ဒေသများကို အားဖြည့်ကူညီသွားမည်။
၂၀၂၅ခုနှစ်၊ မတ်လ (၂၈)ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သော ငလျင်ဘေးကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဒေသအသီးသီးမှ မိသားစုများစွာ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ကြရပါသည်။ ထိုသို့ပျက်စီးဆုံးရှုံးမှုဒဏ်ကို ရင်ဆိုင်နေကြရသော မိသားစုများကို စာနာသောအားဖြင့် ရေရှည်ကာလအတွက် လိုအပ်ချက်ဖြစ်လာမည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် Myanma Awba Group မှ အားဖြည့် ပါဝင်ကူညီသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့ မြန်မာ့သြဘာလုပ်ငန်းစုမှ စေတနာရှင်ဝန်ထမ်းများအားလုံးနှင့် ဒေသအသီးသီးရှိ အရောင်းကိုယ်စားလှယ်တော်ကြီးများ စုပေါင်းကာ စတင်ထည့်ဝင်ကူညီမည့် လှူဒါန်းငွေများနှင့်အတူ မြန်မာ့သြဘာလုပ်ငန်းစုမှ ကနဦး မ,တည်လှူဒါန်းငွေ ( ၄ ) ဘီလီယံ ကျပ် ဖြင့် စတင်လှူဒါန်းမည်ဖြစ်ပါသည်။
မြန်မာ့ဩဘာ လုပ်ငန်းစု အနေဖြင့် ယခု ကနဦး မ,တည်လှူဒါန်းငွေ ( ၄ ) ဘီလီယံ ကျပ်ကို ၂၀၂၅ - ၂၆ ခုနှစ်အတွင်း ကူညီပံ့ပိုးပေးရန် လျာထားမည်ဖြစ်ပြီး ပြန်လည်ထူထောင်ရေးကာလ ( ၃ ) နှစ်မှ ( ၅ ) နှစ်အတွက် နှစ်စဉ် ရန်ပုံငွေ တည်ထောင်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
"AWBA Group CARE Campaign" သည် လတ်တလောအကူအညီမျှသာမကပဲ ရေရှည်တည်တံ့ခိုင်မြဲသော ထောက်ပံ့ကူညီမှုများအဖြစ် အောက်ပါပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဆက်လက် ပံ့ပိုးသွားမည်ဖြစ်ပါသည်။
. တန်ဖိုးသင့်အိမ်ရာများ
. ဆေးရုံဆေးပေးခန်းများ
. စာသင်ကျောင်းများ
. ကျေးရွာချင်းဆက်လမ်း တံတားများ
. သောက်သုံးရေရရှိရေး
ဤသို့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် ပြည်တွင်း/ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ အဖွဲ့အစည်းများ နှင့် စေတနာရှင်များ ပူးပေါင်းပါဝင်လိုပါက "AWBA group CARE Campaign" ၏ Contact Email ဖြစ်သော care@awba-group.com သို့ ဆက်သွယ်နိုင်ပါသည်။
တစ်ဦးတစ်ယောက်ချင်း၏ ကူညီမှုတိုင်းသည် လိုအပ်လျက်ရှိသော မိသားစုများအတွက် မျှော်လင့်ချက်နှင့် ခွန်အားများကို ဖြစ်ထွန်းစေပါသည်။
#MyanmaAwbaGroup
#ပြန်လည်ထူထောင်ရေး #ငလျင်ဘေးသင့်ဒေသကူညီရေး #ပူးပေါင်းပါဝင်ကြပါစို့ #2025 #Awba


NewsFeed
Communities
Explore
Inbox
Me
Market Price