ငလျင်လှုပ်ပြီးနောက်မှာ “Earthquake Drunk” ဆိုတဲ့ မူးဝေတဲ့ ရောဂါလက္ခဏာတွေ ဖြစ်တတ်တယ်လို့ ထိုင်း အစိုးရက သတိပေး
ထိုင်း ကျန်းမာရေး ဝန်ကြီးဌာနက မကြာခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ပြီးနောက်မှာ “Earthquake Drunk” လို့ ခေါ်တဲ့ မူးဝေတဲ့ ရောဂါလက္ခဏာ ခံစားနေရသူတွေအတွက် လမ်းညွှန်ချက်တွေကို ထုတ်ပြန်ကြေညာလိုက်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ Anukul Prueksanusak က ပြောပါတယ်။
လူများစွာဟာ ငလျင်ပြီးနောက်မှာ မူးဝေတဲ့ ဝေဒနာကို ခံစားရတယ်လို့ ပြောကြားလာကြတယ်လို့ သူက ပြောပါတယ်။ အဲဒါဟာ လူ့ ခန္တာကိုယ်ရဲ့ ဟန်ချက်ထိန်းတဲ့ စနစ် ပျက်သွားလို့ ဖြစ်ပါတယ်။
အဲဒီ လက္ခဏာတွေဟာ ယာယီ ဖြစ်ပွားတာ ဖြစ်ပေမယ့် တချို့လူတွေမှာ ရက်သတ္တပတ်များစွာ ကြာမြင့်တတ်ပါတယ်။ စိုးရိမ်ပူပန်မှုများတဲ့ လူတွေမှာ လက္ခဏာတွေဟာ ပိုပြင်းထန်တယ်လို့ သူက ပြောပါတယ်။
ကျန်းမာရေး ဝန်ကြီးဌာနက အဲဒီ လက္ခဏာတွေကို သက်သာစေမယ့် နည်းလမ်းတွေကို အသိပေးထားပါတယ်။
အသက်ပြင်းပြင်း ကို ဖြေးညှင်းစွာ ရှူသွင်း၊ ရှူထုတ် ပြုလုပ်ခြင်း၊ ရေနဲ့ ဂျင်းလက်ဖက်ရည် သောက်သုံးခြင်းတွေကို ပြုလုပ်ရမှာ ဖြစ်ပြီး အယ်လ်ကိုဟော နဲ့ ကဖိန်းကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ မျက်လုံးကို အနားပေးဖို့ ဖုန်းကြည့်တာကို လျှော့ချရမှာ ဖြစ်ပြီး အဝေးမှ အရာဝတ္ထုတွေကိုကြည့်ကာ မျက်လုံးကို သက်တောင့်သက်သာဖြစ်အောင် ပြုလုပ်နိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ ငလျင်ကြောင့် ေ-သကြေပျက်ဆီးမှု သတင်းတွေ ကြည့်တာကို လျှော့ချရမှာ ဖြစ်ပါတယ်။
ငလျင်ကြောင့် စိတ်ဖိစီးမှုများနေသူတွေဟာ here2healproject.com မှာ ဆရာဝန်နဲ့ Chat ကနေတစ်ဆင့် စိတ်ကျန်းမာရေး ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်နိုင်ပါတယ်။
တစ်ပတ်ကျော်ကြာအောင် လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ 1669 Emergency Helpline နဲ့ 1323 စိတ်ကျန်းမာရေး Helpline ကို ဆက်သွယ်နိုင်ပါတယ်။
Ref : Bangkokpost
https://www.facebook.com/share/p/1LBdHDsnuT/
-------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


NewsFeed
Communities
Explore
Inbox
Me
Market Price