ငါး၊ပုစွန်ဖမ်းဆီးပြီးနောက် စီမံခန့်ခွဲမှု အရေးပါခြင်းအကြောင်းများ
- ငါးဖမ်းဆီးပြီးနောက် စီမံခန်ခွဲမှုစနစ်တွင် ငါးဖမ်းဆီးသည့်အချိန်မှ စတင်၍ စားသုံးသူထံ ရောက်ရှိ သည့်အထိ လုပ်ဆောင်ရမည့် အဆင့်များပါဝင်ပါသည်။
- ငါးဖမ်းဆီးပြီးနောက် စီမံခန့်ခွဲမှုစနစ်တွင် နေရာဒေသအလိုက် အလေ့အထ၊ သဘာဝပတ်ဝန်းကျင်၊ စီးပွါး ရေး ၊ အဖွဲ့အစည်း၊ လူမှု့ရေး ၊ နည်းပညာနှင့် ဈေးကွက်အပေါ်များစွာ သက်ရောက်မှုရှိပါသည်။
- ဖမ်းဆီးပြီးနောက် စီမံခန့်ခွဲမှုစနစ်များတွင် အရည်အသွေးထိန်းသိမ်းရန် ကြာရှည်ခံအောင်နှင့် စားသုံးသူ (သို့မဟုတ်)ဈေကွက်မရောက်မီ တန်ဖိုး ရရှိစေရန်ဖြစ်ပါသည်။
 - ဖမ်းဆီးပြီးနောက် စနစ်တကျမကိုင်တွယ်လျှင် အောက်ပါ ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါသည်- - (၁)အလေ့အလွင့် ဆုံးရှုံးမှုများခြင်း - (၂)အရည်အသွေးကျဆင်းပြီး ပြဿနာဖြစ်ခြင်း - (၃)ငါးများမလတ်ဆတ်သဖြင့် ဈေးကောင်းမရခြင်း - (၄)ပျက်စီးနေသော ငါးများစားသုံးမိသဖြင့်လူများ ဖျားနာအော့အန်ခြင်း - (၅)ဝင်ငွေလျှော့ခြင်း - ရေနေသတ္တဝါများသည် ကုန်နေသတ္တဝါများထက် ပိုမို အပုတ်မြန်ရခြင်းအကြောင်းရင်း - (က)ရေပါဝင်မှု မြင့်မားခြင်း၊ အကြေးခွံမဲ့ ငါးတွင်ရေငွေ့ဆုံးရှုံးရန် အကာအကွယ်မဲ့ခြင်း - (ခ)အသားတွင် အမျှင်ဓါတ်နည်းပါးခြင်း - (ဂ)သတ်မှတ်ထားသော အလေးချိန်နှင့် သက်တမ်းရောက်မှဖမ်းဆီးခြင်း မပြုခြင်း - (ဂ)အသက်ရှင်လျှက်ရောင်းချရန် ဓလေ့ထုံးစံမရှိခြင်း - (ဃ)အမျိုးအစား/ အရွယ်အစားမတူဘဲ ရောနှောရောင်းချခြင်း - (င)တန်ဖိုးအားဖြင့် ကြက် ဝက် အမဲတို့ထက် ပိုမိုဈေးနှုန်းနည်းပါးခြင်း၊ ဂရုတစိုက် မထိန်းသိမ်းထားခြင်း - (စ)ငါးဖမ်းသည့်နေရာမှ စားသုံးသူထံ ရောက်ရှိချိန်တွင် ကိုယ်တွယ်မှုများခြင်း - (ဆ)ရေခဲမလုံလောက်ခြင်း၊ သန့်ရှင်းမှုလုပ်ငန်းများ လုပ်ဆောင်မှုအားနည်းခြင်း - (ဈ)စားသုံးသူများသည် လတ်ဆတ်မှုအရည်အသွေးကို ကောင်းစွာဂရုမပြုကြခြင်း - (ည)ငါးပုပ်သွားသော် ငါးဆားနယ်၊ ငါးပိ ပြုလုပ်သွားနိုင်သည်ဟု တွေးထင်ချက်ကို လူအများလက်ခံခြင်း - (ဋ)ပတ်ဝန်းကျင်ညစ်ညမ်းမှုဟူသမျှ ရေနေသတ္တဝါများအပေါ် စုပုံကျရောက်လျှက်ရှိသောကြောင့် အရည်အသွေး ကျဆင်းခြင်း - U San Aung - Htwet Toe - ------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
