cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တရုတ်နိုင်ငံမှ မူဝါဒများကြောင့် သစ်သီးပို့ကုန်သမားများကုန်ကျစရိတ် ပိုမိုတိုးလာနိုင်

. Market News
တရုတ်နိုင်ငံမှ မူဝါဒ အပြောင်းအလဲများကြောင့် သစ်သီးပို့ကုန်သမားများကုန်ကျစရိတ် ပိုမိုတိုးလာနိုင်ကြောင်း သိရပါသည်။
  • တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဖရဲ၊သခွါးများကို မိုင်းလားနယ်စပ်မှ တဆင့် တရုတ်နိုင်ငံ တာလောသို့ တင်ပို့ နေကြပြီး ဧပြီ ၁ ရက်နေ့ မှစ၍ တရုတ်နိုင်ငံတာလော့ အကောက်ခွန်ဌာနမှ ကားစီးလုံးတိုက် 1box/truck (ဝမ်းပုံစနစ်)ဖြင့်တင်သွင်းခွင့်ပြုမည် မဟုတ်ကြောင်း သစ်သီးပွဲရုံများထံမှ သိရသည်။ 

    ဧပြီလမှစ၍သစ်သီးများ လုံးချင်း (သို့) တစ်စုချင်းထုတ်ပိုးမှုPacking စနစ်သာတင်ပို့ ရတော့မည် ဖြစ်ပြီး ကုန်ကျစရိတ် ပိုမိုတိုးလာနိုင်ပြီး အခက်အခဲများရှိနေကြောင်း နယ်စပ်ကုန်သည်တချို့က ပြောသည်။ 

    “ဖရဲက ကားထဲမှာထည့်ပြီး ဝမ်းပုံစနစ်နဲ့ ပို့ရင် ကတ်ဖာဖိုးကုန်ကျစရိတ် မရှိပါဘူး။ အခုက ပါကင်ထုပ်ပိုးပြီး ပို့မယ်ဆိုရင် ပါကင်ဖာဖိုးအတွက် ကုန်ကျစရိတ်တွေ ပိုကုန်လာမယ်။ ကားတစ်စီးလုံးဆို သိန်း ဆယ်ဂဏန်း အထက်မှာပဲ၊ တွက်ကြည့်လိုက်ရင် တောင်သူတွေရော၊ ကုန်သည်တွေရောအခက်အခဲတွေ ရှိနေပါတယ်” ဟု တရုတ်နယ်စပ်သို့ ဖရဲ တင်ပို့ သူ လုပ်ငန်းရှင် တစ်ဦးက ပြောထားသည်။

    လက်ရှိတွင် မြန်မာဘက်မှတရုတ်ဘက်သို့ သခွားမွှေးကားအစီး ၁၀၀ ကျော်နှင့် ဖရဲကား ၁၀ စီးကျော် သာ ဝင်ရောက် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

    လက်ရှိ ဖရဲသီးကား အဝင်နည်းနေသည့်အတွက် ဖရဲစျေး ကောင်းနေပြီး သခွါးမှာ စျေးကျပြီး အရောင်း သွက်နေကြောင်း သိရပါသည်။

    လက်တလော သယ်သူပို့ဆောင်ရေးလမ်းကြောင်းအခက်အခဲများနှင့် တရုတ်ဖက်စစ်ဆေးမှု များရှိနေသည့် အတွက် ၃ ရက်မှ ၄ရက်အထိ အချိန်ကြာသောကြောင့် သစ်သီးများ အရည်သွေးနိမ့်ကာ ပျက်စီးဆုံးရှုံးသည့် အထိ ဖြစ်လာနိုင်ကြောင်း သိရသည်။

    “သယ်ယူပို့ဆောင်ရေး အခက်ခဲတွေရှိတာဆိုတော့ သစ်သီးတွေက ရက်ကြာရင် မကောင်းတော့ဘူး အရည်သွေးနိမ့်သွားပြီး စျေးနှိမ်ခံရတယ်။ ဖရဲ ၊သခွားက နည်းနည်းလောက် ကြာရှည်ခံလို့ တော်သေးတယ်။ နောက်ပိုင်း သရက်သီး ပို့ရမဲ့ ရာသီရောက်တော့မယ်။ အထားသိုမခံတဲ့သရက်သီးရာသီမှာ ဒီစနစ်နဲ့ဆက်သွားရင်တော့ အဆင်မပြေဘူး “ဟု သစ်သီး ပွဲရုံ တစ်ခုမှ ပြောသည်။ 

    လက်ရှိ သခွါး မှာ 5¥ မှ 4¥ကျော် စျေးရှိ ပြီး အရည်သွေးပေါ်မူတည်ပြီး ဖရဲဈေးမှာ 50000- 60000¥ဈေး ဖြင့် အရောင်းဝယ်ဖြစ်နေကြောင်း သိရပြီး နေ့စဉ်နဲ့ အမျှ စျေးကွာဟနိုင်ကြောင်း သိရသည်။

    ဖိုးချဲ(AMIA)

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
3
comments
0
views
2208