cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကျန်းမာရေးအတွက် ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသီး (၅)မျိုး

. Health Articles
မာလကာသီး၊ ထောပတ်သီး၊ ပိန္နဲသီး နဲ့ ဘယ်ရီသီးတွေမှာ အာဟာရဓာတ်တွေ ကြွယ်ဝပေမဲ့လည်း အစားအသောက်အတွက် ပရိုတင်းဓာတ် ( အသားဓာတ်) ကို စဥ်းစားကြတဲ့ အခါ သီးနှံတွေက ဘယ်သောအခါမှ ပထမ ဦးစားပေး မတွေးကြပါဘူး။
  • ကျန်းမာရေးသတင်းပလက်ဖောင်းတစ်ခုဖြစ်တဲ့ WebMD ၏အဆိုအရ၊ မာလကာသီး၊ ထောပတ်သီး၊ ပိန္နဲသီး၊ ကီဝီ နဲ့ ဘယ်ရီသီး တို့ မှာ ပရိုတင်းဓာတ်ပါဝင်မှုမြင့်မားသော သစ်သီးဖြစ်တာကို ဖော်ပြပေးလိုက်ပါတယ်။ 

    မာလကာသီး  

    မာလကာသီး ၂၅၀ ဂရမ် တစ်လုံးလျှင် ပရိုတင်း ၄.၂ ဂရမ် ပါ၀င်သည်။ ပရိုတင်းဓာတ်များအပြင် မာလကာသီးသည် ဗီတာမင် C နှင့် အမျှင်ဓာတ်များပါ၀င်သည်။ Healthline ရဲ့ အဆိုအရ မာလကာသီး စားသုံးခြင်းဟာ နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် အစာချေဖျက်ရာမှာ အထောက်အကူဖြစ်စေပြီး ကိုယ်အလေးချိန်ကျစေကာ ကိုယ်ခံစွမ်းအားကို အားကောင်းစေပါတယ်။ 


  • article
  • ထောပတ်သီး 

     ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်ပါဝင်ခြင်းကြောင့် ထောပတ်သီးမှာ ပရိုတင်းဓာတ်လည်း မြင့်မားစွာပါဝင်ပြီး အစားအစာပြင်ဆင်မှုအလိုက် ၃ ဂရမ်မှ ၄.၆ ဂရမ်အထိ ပါဝင်မှု့ ပမာဏကွဲပြားပါသည်။ 

    ဒါ့အပြင် ထောပတ်သီးမှာ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်တို့လည်း ကြွယ်ဝတဲ့အတွက် ကျန်းမာရေး အကျိုးကျေးဇူး အနေနဲ့ အစာချေဖျက်ခြင်း၊ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များ ဖယ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်း ကို လျှော့ချပေးခြင်း နှင့် အရိုးဆုံးရှုံးမှုကို ကာကွယ်ပေးပါသည်။ 


  • article
  • ပိန္နဲသီး 

    ပိန္နဲသီးမှာ ပရိုတင်းဓာတ် ၂.၈ ဂရမ် ပါဝင်ပါတယ်။ ဗီတာမင် A၊ ဗီတာမင် C၊ riboflavin၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ ကြေးနီနှင့် မန်းဂနိစ်တို့ အပါအဝင် အမျှင်ဓာတ်နှင့် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များ ပါဝင်သည်။ ပိန္နဲသီးသည် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်း၊ ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း၊ အရေပြားပြဿနာများကို ကာကွယ်ပေးခြင်းနှင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုသည်။ 


  • article
  • ကီဝီသီး 

    ကီဝီသီးတွင် ပရိုတင်း ၂ ဂရမ် ပါဝင်ပြီး အရသာရှိသော အသီးအနှံများထက် ဗီတာမင် C၊ E၊ K၊ ဖောလိတ်အက်ဆစ်၊ ကြေးနီ၊ ပိုတက်စီယမ်နှင့် မဂ္ဂနီဆီယမ်တို့ကဲ့သို့ အာဟာရဓာတ်များ ကြွယ်ဝစွာ ပါရှိသည်။ ကီဝီသီးသည် နှလုံးနှင့် အစာခြေကျန်းမာရေးကို အထောက်အကူပြုပြီး အကောင်းဆုံးသော ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းရန် ကူညီပေးသည်။ 


  • article
  • ဘလက်ဘယ်ရီ 

    ဘလက်ဘယ်ရီသည် ၁၀၀ ဂရမ် လျှင် ပရိုတင်း ၂ ဂရမ်ကို ပေးစွမ်းသောကြောင့် ပရိုတင်းဓာတ် ကြွယ်ဝသော သရေစာ အနေနဲ့သော်လည်းကောင်း ဒိန်ချဉ် နှင့်သော်လည်း ကောင်းရောနှော စားသုံးခြင်းဖြင့် ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးကာ ကင်ဆာရောဂါနှင့် နှလုံးရောဂါ ကို ကာကွယ်ပေးသည်။ 

    ------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
13
comments
0
views
2906