cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

စွန့်ပစ်မြေပဲခွံများအား သဘာဝမြသြဇာအဖြစ် အကျိုးရှိစွာအသုံးပြုနည်း

. Natural Fertilizer
မြေပဲအခွံများသည် အမျှင်ဓာတ် ကြွယ်ဝမှုကြောင့် မြေဆီလွှာကောင်းမွန်စေပြီး ကုန်ကျစရိတ်သက်သာစေနိုင်ရုံသာမက ပေါင်းပင် ပေါက်ရောက်မှုများကိုလည်း လျှော့ချပေးနိုင်ပါသည်။
  • မြေပဲတောင့်များကို အခွံချွတ်လိုက်သည့်အခါ ကျန်ရှိခဲ့သော မြေပဲအခွံများကို စွန့်ပစ်ခြင်းမပြု ဘဲစိုက်ခင်းများတွင် အကျိုးရှိရှိနဲ့ ​ပြန်လည်အသုံးပြုနိုင်ပါသည်။ မြေပဲအခွံများသည် အမျှင်ဓာတ် ကြွယ်ဝမှုကြောင့် မြေဆီလွှာကောင်းမွန်စေပြီး ကုန်ကျစရိတ်သက်သာစေနိုင်ရုံသာမက ပေါင်းပင် ပေါက်ရောက်မှုများကိုလည်း လျှော့ချပေးနိုင်ပါသည်။ ထို့အပြင် မြေပဲခွံများတွင် နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နဲ့ ပိုတက်စီယမ်ကဲ့သို့ မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များလည်း ပါ၀င်နေသော ကြောင့် မြေဆီသြဇာထက်သန်စေရုံသာမက အပင်ပိုင်းကြီးထွားဖွံ့ဖြိုးမှုအတွက် အကျိုး ပြုနိုင်ပါသည်။ 

    မြေပဲအခွံများသည် ပေါင်းပင်များအတွက် အတားအဆီးတစ်ခုအဖြစ် လုပ်ဆောင်ပေးပြီး မိမိ စိုက်ပျိုးထားတဲ့အပင်များနဲ့ သဘာဝအရင်းအမြစ်များအတွက် ပြိုင်ဆိုင်မှုကိုလည်း တားဆီးကာကွယ် ပေးနိုင်ပါသည်။ မြေပဲခွံများသည် မြေဆီလွှာအတွင်း အစိုဓာတ်ကိုလည်း ထိန်းသိမ်းနိုင်စွမ်းရှိပြီး မကြာခဏ ရေလိုအပ်မှုကို လျှော့ချပေးနိုင်ပါသည်။ ထို့ကြောင့် ပူပြင်းခြောက်သွေ့သော ရာသီဥတု ရှိသည့်ဒေသများတွင် အသုံးပြုပါက ပိုမိုအကျိုးရှိစေနိုင်ပါသည်။ 

     

    အသုံးပြုနည်း 

    မြေပဲခွံများကိုပေါင်းကာကွယ်ရန်နှင့် အစိုဓာတ်ထိန်းသိမ်းစေရန် မြေဖုံးပစ္စည်းအဖြစ် စိုက်ခင်းနဲ့ အလှစိုက်အပင်များတွင် အခွံလိုက်သော်လည်းကောင်း၊ ကြိတ်ချေ၍သော်လည်းကောင်း လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ ထို့အပြင် မြေဆွေးပြုလုပ်ရာတွင် ပိုမိုဆွေးမြေ့စေရန် မြေပဲခွံများကို ထည့်သွင်း အသုံးပြုနိုင်ပါသည်။ မြေဆွေးပြုလုပ်အသုံးပြုခြင်းသည် မြေဆီလွှာရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး မြေဆီလွှာအတွင်း သစ်ဆွေးဓာတ်များအား တိုးပွားစေကာ အကျိုးပြု အဏုဇီဝပိုးများ၏ ပွားများမှုကို အားပေးစေနိုင်ပါသည်။ မြေပဲခွံမှာပါရှိသော ကာဗွန်သည် မြေဆွေးကို ဖြိုခွဲရာမှာ ကူညီပေးနိုင်သော အဏုဇီဝသက်ရှိများအတွက် အဖိုးတန် စွမ်းအင်ရင်းမြစ်တစ်ခုအဖြစ် လုပ်ဆောင်ပေးခြင်း ဖြစ်ပါသည်။ 

    ထို့အပြင် အဏုဇီဝကြွယ်ဝသော မြေဆွေးအသုံးပြုခြင်းသည် အပင်ကိုကျန်းမာသန်စွမ်းစေပြီး အပင်ရောဂါများနဲ့ ပိုးမွှားများကို တိုက်ဖျက်ရာတွင်လည်း ကူညီပေးနိုင်သည့်အတွက် ရေရှည် တည်တံ့သော စိုက်ပျိုးရေးကို အားပေးလုပ်ဆောင်နိုင်ပါသည်။ မြေဆွေးပြုလုပ်ရာတွင် ခြေမွထားသော ​မြေပဲခွံများကို ရေထဲတွင် အနည်းဆုံး ၁၂ နာရီကြာအောင် စိမ်၍ အခြားသောသစ်ရွက်ဆွေး၊ ကောက်ရိုး၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်း၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံအကြွင်း အကျန်များဖြင့်ရောစပ်ပြီး ဆွေးမြေ့ စေကာအသုံးပြုနိုင်ပါသည်။ မြေပဲခွံများသည် အစိုဓာတ်များသော မြေဆွေးပုံများကို ဟန်ချက်ညီညီ ဆွေးမြေ့စေရန်လည်း လုပ်ဆောင်ပေးနိုင်ပါသည်။ ထို့အပြင် ၎င်းတို့ရဲ့ ကာဗွန်ပါဝင်မှုသည် မြေဆွေး အဏုဇီဝသက်ရှိများအတွက် အကျိုးရှိစေပြီး မြေဆွေးပုံ၏ အရည်အသွေးကိုလည်း မြှင့်တင် ပေးနိုင်ပါသည်။ မြေဆွေးပုံတစ်ခုတွင် အော်ဂဲနစ်ပစ္စည်းများကို ထိထိရောက်ရောက် ဖြိုခွဲရန်အတွက် ကျန်းမာသော အဏုဇီဝပိုးများမရှိမဖြစ်လိုအပ်သောကြောင့် စွန့်ပစ်မြေပဲခွံများကို အကျိုးရှိစွာ အသုံးပြုနိုင်ပါသည်။ ထို့အပြင် စွန့်ပစ်မြေပဲခွံများကို (၇-၁၀) ရက်ကြာရေတွင်စိမ်၍ မြေပဲခွံပျော်ရည် မြေသြဇာအဖြစ် စိုက်ခင်းများတွင် လောင်း၍လည်းအသုံးပြုနိုင်ပါသည်။ နောက်တစ်နည်း အနေဖြင့် စွန့်ပစ်မြေပဲခွံများကိုမီးရှို့၍ ရရှိလာသော မြေပဲခွံပြာများကို အပင်များအခြေတွင်မြေသြဇာအဖြစ် ထည့် ပေးခြင်း ဖြင့်လည်းအသုံးပြုနိုင်ပါသည်။ မြေပဲခွံပြာများသည် မြေဆီလွှာကိုကောင်းမွန်ရုံသာမက အပင်အတွက်လိုအပ်သော ပိုတက်စီယမ်ဓာတ်ကိုလည်းဖြည့်ဆည်းပေးနိုင်ပါသည်။  

    မြေပဲအခွံ အသုံးပြုရာတွင်သတိပြုရန် -  

    • ဆားနဲ့လှော်ထားသော မြေပဲခွံများကို အသုံးမပြုရ။ 
    • ရောဂါကျရောက်ခဲ့သောအပင်မှ မြေပဲခွံများကို အသုံးမပြုရ။ 

    ------------- 

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
  • article
  • article
  • article
likes
10
comments
0
views
2844