cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဂဏန်းမွေးမြူခြင်းအကြောင်း

. Fish Articles
mud crabs တွေကို နေရာမရွေးတာရယ်၊ အသားအတွက်ရယ် အမွေးများကြပါတယ်။ blue crabs ကတော့ သူရဲ့ ချိုတဲ့အရသာရယ်၊ အနံ့ရယ်ကြောင့် အကြိုက်များကြပီး နောက်ဆုံးတစ်ခုကတော့ ဂဏန်းပျော့ ဖြစ်ပါတယ်။ ဂဏန်းပျော့ကို အရေခွံလဲချိန် အခွံပျော့တုန်း စားလို့ရအောင် မွေးမြူခြင်းဖြစ်ပါတယ်။
  • ဒီတစ်ပတ်မှာတော့ ဂဏန်းမွေးမြူခြင်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ဂဏန်းနဲ့ စပ်လျဉ်းပြီး အသိများတာကတော့ mud crabs၊ blue crabs နဲ့ soft-shell crabs တွေဖြစ်ပါ တယ်။ mud crabs တွေကို နေရာမရွေးတာရယ်၊ အသားအတွက်ရယ် အမွေးများကြပါတယ်။ blue crabs ကတော့ သူရဲ့ ချိုတဲ့အရသာရယ်၊ အနံ့ရယ်ကြောင့် အကြိုက်များကြပီး နောက်ဆုံးတစ်ခုကတော့ ဂဏန်းပျော့ ဖြစ်ပါတယ်။ ဂဏန်းပျော့ကို အရေခွံလဲချိန် အခွံပျော့တုန်း စားလို့ရအောင် မွေးမြူခြင်းဖြစ်ပါတယ်။  

    ဂဏန်း မွေးမြူရာမှာ အောက်ပါ အားသာချက်တွေရှိပါတယ်- 

    • အစာမှ အသားပြောင်းနှုန်းမြင့်မားတဲ့အတွက် အကျိုးအမြတ်များခြင်း 
    • ကြီးထွားနှုန်းမြန်ခြင်း၊ 
    • နေရာစုံတွင် မွေးမြူနိုင်ခြင်း 
    • ငါး/ပုဇွန်မွေးမြူရေးလုပ်ငန်းများနှင့်တွဲ၍ ဆောင်ရွက်နိုင်ခြင်း၊ 

    ဈေးကွက်ဝယ်လိုအားနှင့် အကျိုးအမြတ် 

    ဂဏန်းဝယ်လိုအားနဲ့စပ်လျဉ်းပြီးတော့ ဒေသတွင်းရော၊ နိုင်ငံတကာအထိပါ ဝယ်လိုအားက တက် နေပါတယ်။ ဂဏန်းအရှင်ဝယ်လိုအားတင်မက ဂဏန်းနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေလည်း တက်လာပါတယ်။ ဂဏန်းအသား၊ ဂဏန်းကိတ်မုန့်နဲ့ စွတ်ပြွတ်တွေအထိဖြစ်လာပါတယ်။  

    မိရိုးဖလာမွေးမြူခြင်းနှင့် စင်နဲ့မွေးမြူခြင်း 

    ဂဏန်းမွေးမြူရာမှာ ဖိရိုးဖလာ သမရိုးကျ မွေးမြူတာရယ်။ ဒေါင်လိုက်စင်နဲ့ မွေးမြူတာရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီနှစ်မျိုုးထဲမှာတော့ စင်နဲ့မွေးတာက ပိုပြီး ခေတ်မှီပါတယ်။  

    မိရိုးဖလာမွေးမြူရာတွင် ကန်တွေထဲ သို့မဟုတ် ရေတိုင်ကီတွေထဲကို ထည့်ပြီးမွေးတဲ့အတွက် ရိုးရှင်း ပါတယ်။ ကုန်ကျစရိတ်သက်သာပြီး ထိန်းချုပ်စရာလည်းမလိုတဲ့အတွက် မွေးမြူရတာလွယ်ကူ ပါတယ်။ ဒါပေမယ့်လည်း ရေအရင်းအမြစ်ရှိတဲ့နေရာတွေမှာ မွေးမြူနိုင်ခြင်း၊ မြေနေရာကျယ်ကျယ်ပြန့်ပြန့် လိုအပ် ခြင်း၊ သဘာဝသားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်ရှိခြင်း၊ စတဲ့ အားနည်းချက်တွေရှိပါတယ်။ 

    ဒေါင်လိုက်စင်နဲ့မွေးမြူရာမှာ ကွန်တိန်နာတွေကို ဒေါင်လိုက်ထပ်ပြီး မွေးမြူကြပါတယ်။ အပူချိန်ကို ထိန်းချုပ်ပြီး လုပ်ကိုင်ရတဲ့အတွက် အကုန်အကျများပါတယ်။ အပူချိန်နဲ့ စိုထိုင်းဆကို ထိန်းချုပ်ရပေး ရတာ တွေလည်းရှိပါတယ်။ ကျွမ်းကျင်လုပ်သားတွေလည်းလိုအပ်ပါတယ်။ ဒါပေမယ့် ရောဂါနဲ့ ငါးနဲ့ တိရစ္ဆာန် တွေရန်က ကာကွယ်ပေးနိုင်ပြီး အရင်းအမြစ်တွေကိုလည်း ထိထိရောက်ရောက် အသုံးချနိုင်ပါတယ်။ 

    မိရိုးဖလာမွေးမြူရာမှာလိုအပ်တဲ့ ပစ္စည်းများ 

    ၁။ မွေးမြူမယ့် ကန် သို့မဟုတ် တိုင်ကီ 

    ၂။ ရေလှည့်ပေးတဲ့စနစ် 

    ၃။ ရေစစ်နဲ့ ကုသနည်းစနစ် 

    ၄။ ရေအရည်အသွေးတိုင်းကိရိယာများ 

    ၅။ အစာကျွေးကိရိယာများ 

    ၆။ ဂဏန်းဖမ်းပိုက်/အခြား 

    ၇။ ရေစုပ်စက် 

    ၈။ အပူချိန်ထိန်းညှိပေးနိုင်မယ့်စနစ် 

    ၉။ အရိပ်လုပ်ပေးခြင်း 

    ၁၀။ ဥဖောက်ပေးမယ့် ပစ္စည်းများ 

    ၁၁။ အကာအကွယ်ပစ္စည်းများ 

    ၁၂။ တိုင်းထွာနိုင်မယ့်ပစ္စည်းများ 

    ၁၃။ ရေညှိမွေးမြူမယ့်ပစ္စည်းများ 

    ၁၄။ လျှပ်စစ်ရနိုင်မယ့် အရံအစီအစဉ်ထားရှိခြင်း 

    ၁၅။ သန့်ရှင်းရေးပစ္စည်းများ 

    ၁၆။ သယ်ယူပို့ဆောင်ရေး 

    ၁၇။ ရေလှောင်ကန်များ 

    ဒေါင်လိုက်စင်နဲ့ မွေးမြူရာမှာလိုအပ်တဲ့ ပစ္စည်းများ 

    ၁။ ရေလှည့်စနစ် 

    ၂။ အပူချိန်နဲ့ စိုထိုင်းဆထိန်းချုပ်ခြင်း 

    ၃။ အလိုအလျောက်အစာကျွေးတဲ့စနစ် 

    ၄။ စောင့်ကြည့်အကဲ့ဖြတ်၊ ထိန်းချုပ်နည်းစနစ် 

    ၅။ အလေအလွင့်စီမံခန့်ခွဲစနစ် 

    ၆။ ဇီဝလုံခြုံရေးဆိုင်ရာ ထည့်သွင်းစနစ်များ 

     

    https://www.startupmachinery.com/crab-farming/#:~:text=Crab%20farming%2C%20also%20known%20as%20crab%20aquaculture%2C%20is,your%20crabs%2C%20and%20harvesting%20and%20selling%20your%20product

    ------------- 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
6
comments
0
views
3126