cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
မိုးရွာနိုင်မည့်နေ့များအနက် ၆၊ ၇၊ ၈ ရက်နေ့များတွင် မိုးအနည်းငယ်( ၂၄ နာရီတွင်း၊ ၂ မီလီမီတာမှ ၅ မီလီမီတာ - ၀.၀၈ လက်မမှ ၀.၂ လက်မခန့်)သာရွာနိုင်ပြီး ဧပြီ ၁၁ ရက်နေ့ ၀၉၀၀ နာရီ မှ ၁၅၀၀ နာရီအတွင်း မိုးအသင့်အတင့်(မိုးရေချိန် ၁၀ မီလီမီတာ - ၀.၄ လက်မခန့်)ရွာနိုင်ပါမည်။
  • ၂၀၂၅ ဧပြီလ ၆, ၇, ၈ နှင့် ၁၁ ရက်နေ့များတွင် မိုးထစ်ချုန်းရွာနိုင်ပြီ၊ ၅ ရက်၊ ၉ ရက် နှင့် ၁၀ ရက် များတွင် တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး မိုးအုံ့နိုင်ပါမည်။ မိုးရွာနိုင်မည့်နေ့များအနက် ၆၊ ၇၊ ၈ ရက်နေ့များတွင် မိုးအနည်းငယ်( ၂၄ နာရီတွင်း၊ ၂ မီလီမီတာမှ ၅ မီလီမီတာ - ၀.၀၈ လက်မမှ ၀.၂ လက်မခန့်)သာရွာနိုင်ပြီး ဧပြီ ၁၁ ရက်နေ့ ၀၉၀၀ နာရီ မှ ၁၅၀၀ နာရီအတွင်း မိုးအသင့်အတင့်(မိုးရေချိန် ၁၀ မီလီမီတာ - ၀.၄ လက်မခန့်)ရွာနိုင်ပါမည်။ အမြင့်ဆုံးအပူချိန် ၃၆°C - ၃၇°C အထိရှိနိုင်ပြီး ခံစားရသည့်အပူချိန် ၄၁ °C အထိ ရှိနိုင်ပါမည်။ အနောက်နှင့် အနောက်တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၅ မိုင် မှ ၁၅ မိုင်နှုန်းအထိ အများဆုံးရှိနိုင်ပါမည်။

    Weather Source: U Win Naing

    Photo – U Win Naing

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပေးချက်

    ·      လက်ရှိ ထန်းတပင်ဘက်မှ စပါးစိုက်တောင်သူများ စပါးအနှံမစုံခင် ဖြုတ်ပိုးကျနေတာ တွေ့ရတဲ့အတွက် ဖြုတ်ပိုးနဲ့ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။

    ·      ဓာတုဆေးအနေနဲ့ Buprofezin+Dinotefuran (သို့မဟုတ်) Fenobucarb+ Cyantraniliprole အဆင်ပြေရာကိုရေထုတ်ပြီးမှဖျန်းပေးပါ။

    ·      ရေကို စိုတစ်လှည့်၊ ခြောက်တစ်လှည့် ပြတ်တောင်းသွင်းပါ။

    ·      ပုလဲ (နိုက်ထရိုဂျင်မြေဩဇာ)ကိုထပ်မထည့်ဘဲ၊ မြေဩဇာအနေနဲ့ နောက်တစ်ကြိမ်ထပ်မံအသုံးပြုလိုပါက ပိုတက်ရှ် (K) ကိုအဓိကထည့်ပေးပါ။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

     ယခုအချိန်ကာလတွင် ငါးမွေးတောင်သူအချို့သည် ငါးဖမ်းခြင်း ဆောင်ရွက်ကြပါသည်။ အရောင်အသွေးမကောင်းခြင်း နှင့် ငါးအနည်းငယ် နာနေခြင်းတို့ကြောင့် သတ်မှတ်ဈေးမရရှိဘဲ ဈေးနည်း ရရှိပြီး ဝင်ငွေကျဆင်းတတ်ပါသည်။ ထို့ကြောင့် မိမိတို့ထုတ်ကုန်များ တန်ဖိုး မကျစေရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်-

    ၁။ကန်အတွင်းမှ ငါးဖမ်းဆီးရာတွင် ပိုက်အတွင်း ငါးများကြာရှည်စွာ နေရသဖြင့် ပွန်းပဲ့ခြင်း၊ သွေးထွက်ခြင်း နှင့် ရွံနွံများ ငါးကိုယ်အတွင်းရောက်ရှိနိုင်ပါ သည်။ ထို့နောက် ငါးဖမ်းဆီးချိန်ကို လူအားသုံးပြီး အမြန်ဆုံးဖမ်းဆီးနိုင်ရန် အကြံပြုအပ်ပါသည်။

    ၂။ဖမ်းဆီးရမိသော ငါးများကို သယ်ယူရာတွင် ပုံးနှင့် ခြင်းတောင်းအတွင်း ချောင်ချိစွာထားပြီး သယ်ယူပါ။

    ၄။ ဖမ်းမိသော ငါးများကို အရောင်းဌာနသို့ပို့ရန်အတွက် ရေခဲ မရိုက်မှီ ငါးများကို စင်ကြယ်စွာရေချို နှင့်ဆေးကြော ပေးပါ။ ထို့နောက် ရေစစ်ပြီး နေမပူစေရန် ဖုံးအုပ်ထားပါ။

    ၅။ ငါးများချိန်တွယ်ပြီး ငါးများမပုတ်မသိုးစေရန် ရေခဲရိုက်ရပါမည်။ သို့မှသာ ငါးများလတ်ဆတ်ပြီး အရည်အသွေးကောင်း မွန်ပါသည်။

    ---------------

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
11
comments
0
views
3818