"မတ်ပဲ၊ ပဲစင်းငုံ ၊ မတ်ပဲ စျေးတွေ တက်လာပေမယ့် စပါးစျေးကွက်ကျနေဆဲ "
- တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်(၃၁. ၃. ၂၀၂၅ မှ ၄.၄. ၂၀၂၅) - မတ်ပဲ - မတ်ပဲကတော့ တစ်တန်ကို သိန်း ၃၀ ကျော်ပတ်လည်မှာပဲရှိနေပြီး အရင်အပတ်နဲ့ ယှဥ်ရင် တော့ စျေးနှုန်းတက်လာတဲ့အခြေအနေတွေ့ရပါတယ်။ မတ်ပဲကလက်ရှိမှာ အိန္ဒိယရဲ့ ဝယ်လိုအား အပေါ် လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ဒါ့အပြင် ငလျင်အခြေအနေကြောင့် ပဲထွက်ရာ အဓိက ဒေသတွေမှာ အရောင်းအဝယ်အေး ဈေးနေတာလည်း ဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၀၂၀၀၀ ကျပ်၊အင်္ဂါနေ့မှာ ၃၀၁၆၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၀၈၀၀၀ ကျပ်၊ကြာသ ပတေးနေ့ မှာ ၃၀၁၂၀၀၀ ၊ သောကြာနေ့မှာ ၃၀၂၀၀၀၀ ကျပ်ရှိပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံကလည်း ဧပြီလအစ ပထမပတ်မှာ တစ်တန်ကို သိန်း ၃၀ ကျော်အထိ စျေးတန်းပြန်တက်လာတာ တွေ့ရပါတယ်။ ပဲစင်းငုံကလည်း အိန္ဒိယဝယ်လိုအားပေါ်လိုက်ပြီး စျေး အတက်အကျရှိတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၉၉၆၀၀၀ကျပ် ၊ အင်္ဂါနေ့က ပဲစင်းငုံနီ တစ်တန်ကို ၃၀၇၀၀၀ ကျပ် ၊ ဗုဒ္ဓဟူးနေ့က ၃၀၀၀၀၀၀ ၊ကြာသပတေးမှာ ၂၉၉၀၀၀၀ သောကြာအထိ ၃၀၀၅၀၀၀ ကျပ်ရှိပါတယ်။ - ပဲတီစိမ်း - ပဲတီစိမ်းက ဒီတစ်ပတ်မှာလည်း စျေးကွက်ဆက်တိုက် မြင့်တက်လာပြီး အရောင်းအဝယ် လည်းသွက် နေ တယ်လို့သိရပါတယ်။ ပဲတီစိမ်းကို တရုတ်ကဝယ်လိုအားရှိတာကြောင့် ဈေးကွက်ကောင်းပြီး ရောင်းလိုအား များနေတာဖြစ်ပါတယ်။ ဥရောပစျေးကွက်ကလည်း ဝယ်ယူမှုရှိနေပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၈၃၀ ကျပ်ရှိ ပြီး ပဲတီစိမ်း အညာက ၅၅၀၀ ကျပ်မှ ၅၅၂၀ ကျပ်၊ပဲတီစိမ်း ဝါးခယ်မကတော့ ၅၆၆၅ မှ ၅၆၈၅ ကျပ်ရှိပါတယ်။ ပဲတီစိမ်းမျိုးစုံ စျေးတက်လာတာဖြစ်ပြီး တစ်ပိဿာကို ၁၅၀ မှ ၂၅၀ ကျပ်အထိစျေးနှုန်း ထပ်မံ မြင့်လာတာဖြစ်ပါတယ်။ - စပါး - စပါးစျေးကတော့ လက်ရှိအထိစျေးနှုန်းတွေ ကျဆင်းနေဆဲ ဖြစ်နေပါတယ်။ စျေးကျဆင်းတဲ့အပြင် ဝယ်ယူသူလည်း မရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ်။ နွေစပါးစျေးကွက်အပြင် ပြီးခဲ့တဲ့ မိုးရာသီ စပါးစျေးကွက်အပါနှစ်ခုလုံး စျေးတန်းကျပြီး အဝယ်မရှိသလောက်ဖြစ်နေပါတယ်။ - လက်ရှိဖြစ်ပေါ်နေတဲ့ စပါးစျေးနှုန်းတွေက နွေစပါးဆိုရင် အညာသားစပါးစက်ကျကို အနိမ့်ဆုံး ၁၃ သိန်းကျပ်နဲ့နေလှန်းစပါးအခြောက်က ၁၄ သိန်း ၅၀၀၀၀ ကျပ်ရှိပြီး ရက် ၉၀ စပါးဆိုရင် စက်ကျကို ၁၂ သိန်း ၅၀၀၀၀ ကျပ် နဲ့စပါးနေလှန်းအခြောက်က ၁၅ သိန်းကျပ်ရှိတယ်လို့သိရပါတယ်။ - GW 11 စပါး၊ ဆာဖိုးသာ ၊ ဗီယက်နမ် နဲ့ နယူးဧရာစပါးအသစ်တွေကတော့ စပါး ၁၀၀ ကိုမှ ၁၉ သိန်း ၅၀၀၀၀ ကျပ်အထိ စျေးကျဆင်းနေတာဖြစ်တယ်လို့သိရပါတယ်။စပါးစျေးနှုန်းဟာ နေရာဒေသအလိုက် စျေးနှုန်း အပြောင်းအလဲ ကွာခြားမှုရှိနိုင်တယ်လို့သိရပါတယ်။ - (AMIA) 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
