ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ပဲခူးတိုင်း(အရှေ့) - ဧပြီ ၆ ရက်နေ့တွင် မိုးထစ်ချုန်းရွာနိုင်သော်လည်း မိုးမများနိုင်၊ အဆိုပါရင် ညနေ ၃ နာရီနောက်ပိုင်းတွင် မိုးရေချိန်အများဆုံး ၀.၃ မီလီမီတာ(၀.၀၁၁ လက်မခန့်)သာ ရွာနိုင်ပြီး၊ တောင်-အရှေ့တောင်ဘက်အရပ်မှ လေတိုက်နှုန်းတနာရီ ၃ မိုင်မှ ၁၁ မိုင်ခန့်ရှိနိုင်သည်။ ဧပြီလ ၅ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ နှင့် ၁၁ ရက်များတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး အမြင့်ဆုံးအပူချိန် ၃၈°C - ခံစားရသည့်အပူချိန် ၄၀°C အထိ ရှိနိုင်ပါမည်။ တပတ်အတွင်း ပျမ်းမျှလေတိုက်နှုန်း တောင်-အရှေ့တောင်အရပ်မှ တနာရီ ၇ မိုင်ခန့်ရှိနိုင်ပါမည်။ - ပဲခူးတိုင်း(အနောက်) - ဧပြီ ၁၁ ရက်နေ့တွင် နံနက် ၆ နာရီ မှ ၁၂ နာရီအတွင်း မိုးအသင့်အတင့်ထစ်ချုန်းရွာနိုင်ပါမည်၊ မိုးရေချိန်အများဆုံး ၂၀ မီလီမီတာ(၀.၈ လက်မခန့်) ရွာနိုင်ပြီး၊ အနောက်ဘက်အရပ်မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၁၉ မိုင်ခန့်အထိတိုက်နိုင်ပါမည်။ ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ရာသီဥတုသာယာပြီး၊ ၇ ရက်နေ့တွင် တိမ်ဖုံးအုပ်နိုင်ချေ အများဆုံးဖြစ်နိုင်သည်။ ဧပြီ ၁၀ ရက်နေ့တွင် အမြင့်ဆုံးအပူချိန် ၄၀°C အထိ ရှိနိုင်ပါမည်။ တပတ်အတွင်း လေတိုက်ခတ်သည့်အခြေအနေ တောင်-အနောက်တောင်နှင့် အနောက်မြောက်အရပ်မှ ပျမ်းမျှ တနာရီ ၇ မိုင်ခန့်ရှိနိုင်ပါမည်။ - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နွေစပါးနှင့် ပဲတောင့်ရှည်စိုက်တောင်သူများထံသို့…. - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် ဖုံးတုံးလုံးတုံးအဆင့်ရောက်ပြီဖြစ်သောစိုက်ခင်းများအနေဖြင့် ရွက်ဖျန်းအားဆေးအသုံးပြုလိုပါက ပိုတက်စီယမ် (K)+ နိုက်ထရိုဂျင် (N) အဓိကပါဝင်သော ရွက်ဖျန်းအားဆေးမျိုးကို အဓိကရွေးချယ်နိုင်ပါတယ်။ - ပဲတောင့်ရှည်စစိုက်နေသောတောင်သူများအနေဖြင့် အပင်ငယ်စဥ်ကတည်းက ပေါင်းကိုသေချာနှိမ်နင်းပါ။ - ပေါင်းနှိမ်စဉ် ပဲပင်၏အမြစ်များ မထိခိုက်စေရန်သတိပြုပါ။ - ပဲတောင့်ရှည်က ခြောက်သွေ့သောရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော်လည်း ရက်ရှည်ခြောက်သွေ့နေပါက ရေပေးသွင်းရန် လိုအပ်ပါတယ်။ - နောက်ရက်များတွင်မိုးရွာနိုင်ချေရှိတာကြောင့် ရေဝပ်တဲ့မြေ၊ မြေစေးတွေမှာ ရေနုတ်မြောင်း ပြုလုပ်ထားပါ။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - မန္တလေးတိုင်းတွင် အပူချိန်မြင့်သော ကာလဖြစ်သဖြင့် - ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကိုထိန်းထားခြင်း အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။ - ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကို အမြဲတမ်း 5ppmအထက်မှာ ထိန်းထားရပါမယ်။ အဲ့ဒါမှ ရောဂါဖြစ်စေသောဘက်တီးရီးယား (Pathogenic Bacteria) ပေါက်ပွားမှုနည်းပါမည်။ ငါးများအတွက် လိုအပ်သောအောက်စီဂျင်ပမာဏရမှသာ ငါးများတွင် ဖိစီးမှု (Stress)မရှိပဲ ကိုယ်ခံအား (Immunity)ကောင်းပြီး ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ - (3ppm) ရှိလျှင် ငါးများအသက်ရှူနိုင်သော ပျော်ဝင်အောက်စီဂျင်ရှိသော်လည်း ကန်ရေအရည်အသွေးနှင့် ရာသီဥတု အပူချိန်ကြောင့် ပျော်ဝင်အောက်စီဂျင် (DO) သည် (3ppm)အောက်ကျရောက်ပြီး ငါးများအတွက် အသက်ရှူ မဝဖြစ်စေပြီး သေဆုံးတတ်ပါသည်။ - ကန်ရေ၏ အတိမ်အနက်သည် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်ပြန့်နှံ့စေခြင်းကို ဖြစ်စေပါသည်။ အပူပိုင်း ဇုံ တွင် မွေးမြူသော ငါးများအတွက် ကန်ရေအနက်သည် (၅)ပေမှ (၆)ပေခွဲ ထားရှိရပါမည်။ ပုစွန်ကန်များအတွက် ကန်ရေအနက်သည် (၄)ပေ မှ (၆)ပေအထိထားရှိရပါမည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
