cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အိန္ဒိယမိုးလေဝသဌာန(IMD)ရဲ့ ဧပြီ ၇ ရက် ထုတ်ပြန်ချက်မှာ

. Weather News
မနေ့က အထက်လေပွေလှိုင်း - UACC သည် ဒီနေ့ မနက် ၉ နာရီခွဲ IMD က တိုင်းထွာချက်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာကြောင်း၊
  • - မနေ့က အထက်လေပွေလှိုင်း - UACC သည် ဒီနေ့ မနက် ၉ နာရီခွဲ IMD က တိုင်းထွာချက်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာကြောင်း၊

    - နောက် ၄၈ နာရီအတွင်း(ဧပြီလ ၈ ရက်အထိ)မြောက်-အနောက်မြောက်ဘက်(ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း)ကို ဆက်လက်ရွေ့လျားမှာဖြစ်ကြောင်း၊

    -ကြိုတင်ခန့်မှန်းရေးမော်ဒယ်အများစုက ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာဖြစ်ပေါ်နေပြီး လက်ဝဲရစ်လေစီးကြောင်းအားကောင်းခြင်းကို လျော့ကျစေတဲ့ Windshear ကြောင့် အခုထက်ပိုပြီး အားကောင်းလာနိုင်မဲ့အခြေအနေမရှိဘူးလို့ ခန့်မှန်းထားပါတယ်။

    - IMD ထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်းက အားပိုကောင်းမလာနိုင်သော်လည်း မြောက်ဘက်ကိုဆက်လက်ရွေ့လျားမဲ့ လမ်းကြောင်းရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ မြန်မာနိုင်ငံမှာ မိုးများနိုင်၊ လေပြင်းတိုက်နိုင်မဲ့ အခြေအနေများဖြစ်ပေါ်နိုင်ကြောင်း ကြိုတင်ခန့်မှန်းရေး model များရဲ့ ၉ ရက်နေ့ ည ၁၁ နာရီမှ ၁၂ ရက် ည ၁၁ နာရီအထိ ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။

    - စိုက်ဆင်းလေပြင်း တိုက်ခတ်နိုင်ချေကို သတိထားရပါမယ်၊ စိုက်ဆင်းလေပြင်းတိုတာ ဘာလဲ? https://www.mmweather.org/special-weather.../downburst

    - မိုးများနိုင်မည့် အခြေအနေက - ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ တွေမှာဖြစ်ပြီး ..

    - ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တွေမှာတော့ မိုးအနည်းငယ်မှ အသင့်အတင့်သာ ရှိနိုင်ကြောင်း ခန့်မှန်းထားတာတွေ့ရပါတယ်။

    (ဧပြီ ၇ ရက်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်)

    Weather Source: U Win Naing

    မူရင်းလင့်သွားရန် -

    https://www.facebook.com/share/p/1BkQCNGGes/


  • article
likes
18
comments
3
views
6183