cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

သင်္ကြန်အကြိုကာလ ငါးဒိုင်များတွင် ငါးအဝင်နည်းပြီး စျေးနှုန်းမြင့်တက်မှုများကြောင့် ရောင်းချသူများအခက်တွေ့

. All News
နှစ်စဉ် သင်္ကြန်ကာလရောက်ပြီဆိုပါက ငါးဒိုင်များတွင် ငါးများအဝင်နည်းပြီး စျေးနှုန်းမြင့်တက်လာခြင်း ကြောင့် လက်ကားဖြင့်ဝယ်ယူ၍ ရပ်ကွက်စျေးများတွင် ပြန်လည်ရောင်းချသည့် ငါးရောင်းချသူများအနေဖြင့် အခက်အခဲ များ ဖြစ်ပေါ်နေကြရခြင်းဖြစ်ပါတယ်။
  • 🟥 ရန်ကုန်၊ ဧပြီ ၀၇

    သင်္ကြန်အကြိုကာလ ငါးဒိုင်များတွင် ငါးအဝင်နည်းပြီး စျေးနှုန်းမြင့်တက်မှုများကြောင့် ရောင်းချသူများ အနေဖြင့် အခက် အခဲများ ဖြစ်ပေါ်နေကြောင်း ငါးရောင်းချသူများထံမှ သိရပါတယ်။

    နှစ်စဉ် သင်္ကြန်ကာလရောက်ပြီဆိုပါက ငါးဒိုင်များတွင် ငါးများအဝင်နည်းပြီး စျေးနှုန်းမြင့်တက်လာခြင်း ကြောင့် လက်ကားဖြင့်ဝယ်ယူ၍ ရပ်ကွက်စျေးများတွင် ပြန်လည်ရောင်းချသည့် ငါးရောင်းချသူများအနေဖြင့် အခက်အခဲ များ ဖြစ်ပေါ်နေကြရခြင်းဖြစ်ပါတယ်။

    “ သင်္ကြန်အကြိုကာလလေးမှာ ငါးဒိုင်တွေမှာက အဝင်နည်း လို့လားမသိဘူး ၊ ငါးရှားသွားတယ် ၊ ရှိတဲ့ ငါးတွေကျတော့လည်း စျေးတွေက မြင့်နေတယ် ၊ ဝယ်ပြီး ဘယ်လိုပြန် ရောင်းမလဲ ၊ သင်္ကြန်မကျခင်ကတည်းက ငါးစျေးတွေက ခေါင်ခိုက်နေတာ ငါးတွေက အရင်ရက်တွေလို ပေါပေါများများမ တွေ့ရဘူး ၊ ရှိတဲ့ငါးကျတော့ လည်း စျေးကြီးနေတယ်”ဟု မရမ်းကုန်းမြို့နယ်ရှိ ရပ်ကွက်စျေးတွင် ငါးရောင်းနေသူတစ်ဦးက ပြောပါတယ်။

    အခြေခံစားသောက်ကုန်များသည် နှစ်စဉ်နှစ်တိုင်း မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလအရောက်တွင် စျေးနှုန်းများ မြင့်တက်လေ့ရှိသလို ယခုနှစ်သင်္ကြန်ကာလတွင်လည်း စျေးမြင့်တက်လာကြောင်း သိရပါတယ်။

    “အိမ်မှာ ငါးစားချင်လို့ဆိုပြီး စျေးထဲသွားဝယ်တာ ၊ ငါးမြစ်ခြင်း ခုတ်သား တစ်သောင်း ဖို့ ဝယ်လိုက်တာ ဘယ်လောက်မှလည်းမရဘူး ၊ အနေတော် တုံးလိုက်တော့ ငါးတုံး ၊ ခြောက်တုံးလောက်ပဲရတယ် ၊ ပြီးခဲ့တဲ့ရက်က တစ်ရက်ဝယ်လိုက်သေးတယ် ၊ အဲဒီတုန်းက ကိုးတုံး ၊ ဆယ်တုံးလောက်ရတယ် ”ဟု ရန်ကုန်မြိုကနေ အိမ်ရှင်မတစ်ဦးက ပြောသည် ။

    နှစ်စဉ် သင်္ကြန်ကာလရောက်ပြီဆိုပါက အခြေခံစားသောက်ကုန်မှစ၍ ကုန်ပစ္စည်းစျေးနှုန်းများမှာ မြင့် တက်လေ့ရှိ သော်လည်း ယခုနှစ်တွင်မူ စျေးတက်သည်သာမက စားသောက်ကုန်ပစ္စည်းအချို့ ဝယ်မရဖြစ် နေကြောင်း သိရပါတယ်။

    နေလင်း

    #OpinionLeadersMedia မှ ကူးယူဖော်ပြပါသည်။

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
6
comments
0
views
1798