cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငလျင်ကြောင့် စိုက်ပျိုးမြေရဲ့ အခြေအနေတရပ်ရပ်ပြောင်းလဲမှုကြုံရတဲ့အခါ

. Soil pH Measurement
ငလျင်ဒဏ်ကြောင့် လယ်မြေ၊ စိုက်ပျိုးမြေများ အက်ကွဲမှုဖြစ်ခဲ့တာမျိုးရှိနိုင်ပါတယ်။ ရှိတယ်လို့လည်း ပြောကြပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်သွားခဲ့ခြင်းကြောင့် သီးနှံစိုက်ပျိုးရန် မြေမှာ ဘယ်လိုအကျိုးဆက်တွေဖြစ်နိုင်သလဲဆိုရင် ----
  • ဒီလိုအခြေအနေမျိုးဖြစ်သွားခဲ့ခြင်းကြောင့် သီးနှံစိုက်ပျိုးရန် မြေမှာ ဘယ်လိုအကျိုးဆက်တွေဖြစ်နိုင်သလဲဆိုရင် မြေဆီလွှာပါ အပေါ်ဆုံးအလွှာ (မြေဆွေးလွှာ)၊ သူ့အောက်မှာ Top soil လို့ခေါ်တဲ့ အပေါ်ယံမြေလွှာ (သီးနှံအများစုရဲ့ အမြစ်ထိုးဆင်း၊ ကပ်တွယ်ရာအလွှာ ဖြစ်သလို ထည့်သွင်းလိုက်တဲ့ အာဟာရနဲ့ လက်ကျန်အာဟာရများ အများဆုံး စုပ်ယူရာအလွှာ၊ အပင်နဲ့ မြေသားဖွဲ့စည်းမှုအတွက် အထောက်အကူပြုတဲ့ အကျိုးပြုအဏုဇီဝသက်ရှိများ ခိုအောင်းရှင်သန်ပွါးများရာအလွှာ၊ စိုက်ပျိုးမြေရဲ့ သဲ၊ နုန်း၊ မြေစေး ပါဝင်ဖွဲ့စည်းမှုကို အဓိကဖော်ဆောင်ရာအလွှာ၊ စိုက်ပျိုးမြေရဲ့ ရေထိန်းနိုင်စွမ်းကို ထိန်းညှိပေးတဲ့အလွှာဖြစ်ပါတယ်)။ 

    ယေဘုယျအားဖြင့် မြေအမျိုးအစားအလိုက် top soil အလွှာသည် ၅-၂၀ စင်တိမီတာခန့်ရှိရင် သီးနှံစိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။ ဒီနောက်မှာ sub soil လို့ခေါ်တဲ့ အလွှာရှိပြီး ယေဘုယျအားဖြင့် ၂၀-၁၀၀ စင်တီမီတာခန့်ရှိနိုင်ပါတယ်။ top soil လောက် အာဟာရနဲ့ သစ်ဆွေးဓာတ်ပါဝင်မှုမများပါဘူး။ သိပ်သည်းကျစ်လစ်တဲ့ မြေသားဖွဲ့စည်းမှုပုံစံရှိပါတယ်။ Fe, Ca နဲ့ မြေစေးပါဝင်မှုများတဲ့အလွှာဖြစ်ပါတယ်။ 

    သီးနှံစိုက်ပျိုးမှုအတွက် sub soil ထက် top soil ရဲ့ အရည်အသွေးက ပိုပြီးအရေးပါပါတယ်။ သို့သော် ငလျင်ကြောင့် မြေသားအက်ကွဲပုံစံပြောင်းလဲမှုဖြစ်တဲ့အခါ top soil (အပေါ်ယံ အလွှာ) သည် sub soil နဲ့ ရောနှောဖိသိပ်ကျစ်လစ်သွားနိုင်ပြီး မြေရဲ့ ဖွဲ့စည်းပုံ၊ လေဝင်လေထွက်၊ ရေထိန်းနိုင်စွမ်းတို့ကို လျော့ကျ ပျက်ယွင်းစေနိုင်ပါတယ်။ top soil မှာရှိနေသင့်တဲ့ လက်ကျန်အာဟာရ (N, P,K နဲ့ အနည်းလိုအာဟာရ) တွေဟာ သီးနှံအမြစ်ထိုးဝင်ရာ၊ စားသုံးနိုင်ရာ အလွှာမှာ မရှိနေပဲ ကျစ်လစ်သိပ်သည်းနေတဲ့ sub soil နဲ့ ရောနှောသွားနိုင်ခြင်းကြောင့် ငလျင်အပြီးစိုက်ပျိုးရာသီမှာ မြေကိုစနစ်တကျပြင်ဆင်ခြင်းမရှိခဲ့ရင် သီးနှံမှာ အာဟာရ မမျှတ၊ ချို့တဲ့မှုတွေ ဖြစ်နိုင်ပါတယ် (နောက်ဆက်တွဲအဖြစ် မြေဆောင်ရောဂါကျခဲ့ရင် ခံနိုင်ရည်နည်းစေနိုင်ပါတယ်)။ 

    စိုက်ပျိုးမြေရဲ့ ရေထိန်းအားလျော့နိုင် သလို ရေစိမ့်ဝင်နိုင်စွမ်းကျတာလည်းဖြစ်နိုင်ပါတယ် ( sub soil ပိုမိုကျစ်လစ်သွားခြင်းကြောင့်) မိုးများ၊ ရေကြီးမှုသာကြုံခဲ့ရရင် သီးနှံရေနစ်မြုပ်မှု၊ စိုက်ပျိုးမြေ ရေလွှမ်းမိုးမှု ကြာရှည်နိုင်ပြီး သီးနှံဆုံးရှုံးမှု ဖြစ်စေနိုင်ပါတယ်။ 

    ဒါ့အပြင် ငလျင်ကြောင့် မြေမျက်နှာပြင် အနိမ့်အမြင့်ပြောင်းလဲခြင်း၊ အပေါ်ယံမြေဆီလွှာ ရွေ့လျားသွားနိုင်ခြင်းစတဲ့ တိုက်စားမှုတွေလည်း ရှိတတ်ပါတယ်။ သီးနှံ ဖြစ်ထွန်းမှု မညီညာတာ၊ အာဟာရ ရရှိမှုမညီမျှတာ စတာတွေ ဖြစ်နိုင်ပါတယ်။ 

    ဒီအချက်တွေသည် ငလျင်ကြောင့် စိုက်ပျိုးမြေရဲ့ အခြေအနေတရပ်ရပ်ပြောင်းလဲမှုကြုံရတဲ့အခါ ယေဘုယျဖြစ်လာနိုင်တဲ့အခြေအနေတွေဖြစ်ပါတယ်။ 

    ငလျင်ဒဏ်ကြောင့် မြေဆီလွှာအက်ကွဲမှု၊ ပြောင်းလဲမှုရှိ/မရှိကို လေ့လာပြီး လာမယ့်မိုးရာသီမှာ သီးနှံမစိုက်ပျိုးမီ 

    မြေမျက်နှာပြင် ညီညာအောင် ပြုပြင်ပါ။ 

    ရေနေရေထိုင် ညီညာရန်၊ သီးနှံ ရှင်သန်မှုညီညာရန်ဖြစ်ပါတယ်။ 

    မြေကို အထက်အောက် သေချာနှံ့စပ်အောင်ထွန်ယက်ပြုပြင်ပြီးမှ စိုက်ပျိုးပါ။ 

    မြေဆွေး၊ နွားချေး စတဲ့ သဘာဝသွင်းအားစုတွေကို ငလျင်ဒဏ် ထိထားတဲ့မြေမှာ မဖြစ်မနေထည့်သွင်းပြုပြင်ပါ။ 

    ဖြစ်နိုင်ရင် စိုက်ပျိုးမြေ(ကွင်း) မှာ မြေကျင်းတူးကြည့်ပါ။ အပေါ်ယံမြေလွှာရဲ့အထူ (top soil)၊ ဒုတိယအလွှာရဲ့ အထူနဲ့ မြေသားကျစ်လစ်မာကြောမှုအနေအထား စတာတွေကို လေ့လာပြီး ထယ်အနက် မည်မျှ ထိုးသင့်တယ်၊ sub soil (ဒုတိယအလွှာ) ထူနေပြီး top soil (အပေါ်ယံအလွှာ) ပါးလွန်းနေပါက ဒုတိယအလွှာကို မြေသားခွဲပေးနိုင်တဲ့အထိ ထွန်ယက်ဖို့လိုပါမယ်။ ပြီးရင် သဘာဝမြေဩဇာ သွင်းအားစုထည့်ပြီး ရောနှောပြုပြင်ဖို့လိုပါတယ်။ 

    အကယ်၍ မိုးရေချိန်များစွာရွာသွန်းခဲ့ရင် ငလျင်ဒဏ်ကြောင့် မြေသားထိခိုက်ထားတဲ့စိုက်ပျိုးမြေရဲ့ ရေထိန်းနိုင်စွမ်းနဲ့ ရေစိမ့်ဝင်နိုင်စွမ်းကို မဖြစ်မနေလေ့လာပြီး ပြုပြင်ပေးဖို့လိုပါတယ်။ 

    မြေဆီလွှာလေ့လာမှုအပိုင်းသည် ကျမရဲ့ အထူးပြုဘာသာရပ်မဟုတ်သော်လည်း ငလျင်ဒဏ်ကို ကြုံတွေ့ရပြီးနောက် ဖြစ်နိုင်ခြေနှင့် ပြင်ဆင်ထားသင့်သည့်အပိုင်းကို ယေဘုယျအားဖြင့် ဆွေးနွေးခြင်းဖြစ်ပါတယ်။ 

    ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။ 

    Source: Dr. DaDa 

    Ph. D Entomology 

    --------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
11
comments
1
views
1610