cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်းအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ဧပြီလ ၁၀၊ ၁၁ နဲ့ ၁၂ ရက် ညနေပိုင်းတွေမှာ တစ်နာရီ ၁၀ မိုင်မှ မိုင် ၂၀ ခန့်အထိ တောင်ဘက်အရပ်မှ လေပြင်းကျနိုင်ကြောင်းတွေ့ရတာကြောင့် ဒီလို နွေရာသီ အချိန်အခါမဟုတ်မိုးရွာလာတဲ့အချိန် စိုက်ဆင်းလေပြင်းတိုက်နိုင်တာကို သတိထားကြရပါမယ်။
  • မုန်တိုင်းဖြစ်/မဖြစ်မသေချာသေးသည့် လေဖိအားနည်းရပ်ဝန်း 92B သည် ယနေ့(ဧပြီ ၈ ရက်)ညပိုင်းတွင် Deep Depression(မုန်တိုင်းငယ်)ဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားပါတယ်။ လေဖိအားနည်းရပ်ဝန်း 92B ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းသို့ ချဉ်းကပ်လာချိန် ပါလာသည့် မိုးတိမ်များက ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့ကို ဖြတ်ကျော်ပြီး မန္တလေးထိုင်းအထိဝင်ရောက်စဉ် - 

    ဧပြီ ၉ ရက်မှ စတင်၍ မကွေးတိုင်းအတွင်းမှာ နေရာစိပ်စိပ် မိုးရွာပြီး မိုးများနိုင်ကြောင်း(၂၄ နာရီအတွင်း ၁ လက်မ ခွဲကျော်)ရွာနိုင်ကြောင်းတွေ့ရပါတယ်။ 

    ဧပြီလ ၁၀၊ ၁၁ နဲ့ ၁၂ ရက် ညနေပိုင်းတွေမှာ တစ်နာရီ ၁၀ မိုင်မှ မိုင် ၂၀ ခန့်အထိ တောင်ဘက်အရပ်မှ လေပြင်းကျနိုင်ကြောင်းတွေ့ရတာကြောင့် ဒီလို နွေရာသီ အချိန်အခါမဟုတ်မိုးရွာလာတဲ့အချိန် စိုက်ဆင်းလေပြင်းတိုက်နိုင်တာကို သတိထားကြရပါမယ်။  

    စိုက်ဆင်းလေပြင်းဆိုတာ ဘယ်လိုဖြစ်လာသလဲ? 

    https://www.mmweather.org/special-weather-situation/downburst 

    ပူပြင်းခြောက်သွေ့တဲ့အချိန် တိမ်တောင်ကြီးတွေဖြစ်လာတဲ့အခါ ပူပြင်းတဲ့ လေတွေဟာ တိမ်တောင်ကြီးများအတွင်းမှ အထက်အမြင့်ကို ရွေ့လျားတိုက်ခတ်ပါတယ်။ အဲ့ဒီအထက်ပင့်လေစီးကြောင်းနဲ့အတူပါလာတဲ့ ရေခိုးရေငွေ့တွေက မိုးစက်တွေနဲ့ ရေခဲစက်(မိုးသီးတွေ)အဖြစ်ပြောင်းလဲပါတယ်။ အမြင့်တစ်နေရာရောက်တဲ့အခါ ကမ္ဘာ့ဆွဲအားနဲ့ မိုးတိမ်တောင်ကြီးရဲ့ အနောက်ဘက်နဲ့ဘေးဘက်ကဝင်လာတဲ့ လေအေးများကြောင့်မိုးရေစက်တွေအဖြစ်ပြောင်းပြီး မြေပြင်ကို ပြန်ကျလာပါတယ်။ မိုးစက်တွေမြေပြင်ပြန်ကျချိန်မှာ အောက်ဘက်ကိုကျဆင်းမှုနှုန်း (Downward speed)မြင့်တက်ပြီး ပတ်ဝန်းကျင်လေထုကိုပါပွတ်တိုက်ဆွဲခေါ်သွားတာကြောင့် မြေပြင်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ကျဆင်းတိုက်ခတ်မဲ့ စိုက်ဆင်းလေပြင်းဖြစ်လာတာပါဘဲ။ 

    -- 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    https://updates.mmweather.org/ 

    နှမ်းစိုက်ပျိုးသူများအတွက် အကြံပြုချက် 

    နှမ်းစိုက်ပြီး အသက်ရက် (၂၅ -၃၀) ပွင့်ဖူးဝင်ချိန် (ကြက်ချေးစုချိန်)တွင် ပူပြင်းရာသီဥတုကြောင့် ဖြုတ်ပိုးများ ကျရောက်လေ့ရှိတတ်ပါသည်။ ဖြုတ်ပိုးသည် အပင်ကိုအားနည်းစေရုံသာမက နှမ်းဖို ရောဂါကိုပါ ကျရောက်စေသဖြင့် ပွင့်ဖူးဝင်ချိန်တွင် ဖြုတ်ပိုးကို မဖြစ်မနေ ကာကွယ်နှိမ်နင်းရန် အထူး လိုအပ်ပါသည်။ နှမ်းဖိုရောဂါကျရောက်ပါက အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန်ကိုင်းများစွာထွက်ခြင်း၊ အပွင့်အင်္ဂါအစိတ်အပိုင်းများ အစိမ်းရောင်ဖြစ်ခြင်းတို့ကို တွေ့ရှိနိုင် ပါသည်။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- 

    ၁. အပင်ရည်စုပ်စားသောပိုးဖြစ်သောကြောင့် နိုက်ထရိုဂျင် မြေသြဇာများအလွန်အကျွံ ထည့်မှုကို ရှောင်ကြဥ်ပါ။ 

    ၂. Acetameprid, Thiamethoxam နှင့် Cartap ကဲ့သို့သော ထိသေ၊စားသေ၊ ပင်လုံးပြန့်ပိုးသတ်ဆေးများ အသုံးပြုရမည်။ 

    ၃. သီးလှည့်စိုက်ပျိုးပေးရန် လိုအပ်ပါသည်။ 

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် 

    #နေပူချိန်တွင် ရုတ်တရက် မိုးရွာလိုက်ပါက ကန်အတွင်းရေအပူချိန်သည် အပေါ်ယံ ရေလွှာသည် ချက်ချင်း အပူချိန်ကျပြီး ငါးများအပူချိန်ရှော့ဖြစ်တတ်ပါသည်။   

    ငါးမွေးမြူရေးလုပ်ငန်းတွင် ငါးကန်တစ်ခု၏အပူချိန်သည် ၂၅ ဒီဂရီ စင်တီဒရိတ်မှ ၃၂ ဒီဂရီ စင်တီဂ ရိတ်အတွင်းရှိရမည်ဖြစ်ပါသည်။ ငါးကန်ရေ၏အပူချိန်တိုင်းတာရာတွင် ရေအပူချိန်တိုင်း သာမိုမီတာဖြင့် တိုင်းတာနိုင်ပါသည်။ 

    ငါးမွေးမြူရေးပညာတွင် ငါးများအစာစားနှုန်းသည် အပူချိန်ပေါ်တွင် မူတည်ပြီး စားသောက်ကြကြောင်း တွေ့ရှိရပါသည်။ 

    မနက်ပိုင်းတွင် ကန်ရေ၏အပူချိန်သည် သတ်မှတ်ချက်အတွင်း ရှိသော်လည်း ကန်ရေ၏အပူချိန် သည် သိသိသာသာမရရှိသေးသဖြင့် ငါးများအစာစားနှုန်း နည်းပါးပါသည်။ ညနေပိုင်းတွင် ကန်တစ်ခုလုံးကိုအပူချိန် သိသိသာသာ ရရှိထားသဖြင့် ငါးများအစာစားနှုန်း ကောင်းမွန်ကြောင်းတွေ့ရှိရပါသည်။ 

    ဗီယက်နမ်ငါးပညာရှင်များ အကြံပြုချက်အရ အစာကျွေးရာတွင် မနက်ပိုင်းတွင် ၄၀ ရာခိုင်နှုန်းနှင့် ညနေပိုင်းတွင် ၆၀ ရာခိုင်နှုန်း ကျွေးပါရန် အကြံပြုချက်သည် ကန်ရေ၏အရေးကြီးပုံကို ဖော်ပြခဲ့ပါသည်။ အပူချိန်ကောင်းလျှင် အစာစားနှုန်း ကောင်းသည်ဟု အဆိုပြုထားပါသည်။ သို့သော် ကန်ရေအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်ထက် မကျော်လွန်စေရန် သတိထားရပါမည်။ 

    --------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
8
comments
0
views
5531