cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

“အညာ၏ပြရုဂ်ဖြစ်သော မန်ကျည်းရွက်များနုချိန်”

. Health Articles
အရွက်နုလေးများကို ဖွယ်ဖွယ်ရာရာ စီမံ၍ ချက်ပြုတ်စားသောက်ရာတွင် မြေပဲဖြင့်သုပ်စားခြင်း၊ ချဉ်ဟင်းချက်စားခြင်း၊ မန်ကျည်းချဉ် သိပ်ခြင်းများဖြင့် စားသောက်ကြပါသည်။
  • မန်ကျည်းပင်သည် အမြဲစိမ်းလန်းသောအပင်ဖြစ်၍ မြန်မာနိုင်ငံနေရာအနှံအပြားတွင် စိုက်ပျိုး ထားပါသည်။ မြန်မာနိုင်ငံအထက်ပိုင်းတွင် မန်ကျည်းပင်ကို အကြီးအကျယ်စိုက်ပျိုးထားကြရာ ထို ဒေသများတွင် အများဆုံးတွေ့ရပါသည်။ လယ်ကွင်းများ၊ ဥယျာဉ်ခြံမြေများ၊ ကျွဲ၊ နွားစားကျက်များတွင် မန်ကျည်းပင်ပေါက်ကလေးများကို နေရာအနှံ့အပြား မြင်တွေ့ရခြင်းအားဖြင့် အပင်ပေါက်လွယ်သော သစ်ပင်ဖြစ်ကြောင်းသိရှိရပါသည်။ မန်ကျည်းပင်မှရရှိသောမန်ကျည်း အရွက်၊ အပွင့်၊ အသီးနှင့် အပင်၏ပင်စည်ကစ၍ လူသားတို့ကျန်းမာရေးအတွက် များစွာအကျိုးပြုကြောင်း လေ့လာတွေ့ရှိ ရပါသည်။

    မန်ကျည်းပင်မှရရှိသောအရွက်များကို ချက်ပြုတ်စားသောက်ရသည့်အပြင် ဟင်းချက် သံဒယ် အိုးများ သံချေးမတက်စေရန်နှင့် သံချေးစော်မနံစေရန်အတွက် မန်ကျည်းရွက်အကြမ်းများကို ဒယ်အိုး ထဲသို့ထည့်၍ပြုတ်ပြီး တစ်ညတာထားပြီးမှ အသုံးပြုရပါသည်။ အရွက်နုလေးများကို ဖွယ်ဖွယ်ရာရာ စီမံ၍ ချက်ပြုတ်စားသောက်ရာတွင် မြေပဲဖြင့်သုပ်စားခြင်း၊ ချဉ်ဟင်းချက်စားခြင်း၊ မန်ကျည်းချဉ် သိပ်ခြင်းများဖြင့် စားသောက်ကြပါသည်။

    မြင်ရုံဖြင့်စားချင်စရာကောင်းလှသော မန်ကျည်းရွက်နုနုသုပ် တစ်ပွဲသည် ထမင်းမြိန်စေသလို ချဉ်ဖြုန်းဖြုန်းနဲ့ အရသာလဲရှိလှပါသည်။ မိမိအိမ်ဘေးခြံစည်းရိုးတလျောက်စိုက်ထားပြီး ချဉ်ရည်ဟင်း ချက်ခါနီး၊ မန်ကျည်းရွက်သုပ်ခါနီးမှာ အလွယ်တကူအရသာရှိရှိခူးစားကြတာလဲ မြန်မာ့ဓလေ့ တစ်မျိုးပင်ဖြစ်သည်။ အညာဒေသများတွင် မန်ကျည်းရွက်လေးများကိုအချဉ်သိပ်ကာ လက်ဖက်နှင့် ရော၍သုပ်စားတတ်သော ဓလေ့လဲရှိပါသေးသည်။ မန်ကျည်းရွက်နုလေးများစားသုံးခြင်းဖြင့် ရရှိနိုင် သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။

    ငှက်ဖျားရောဂါများအား သက်သာစေသည်။

    ဗီတာမင်စီ ချို့တဲ့မှုကြောင့်ဖြစ်တတ်သည့် ရောဂါများအား ပျောက်ကင်းစေသည်။

    မိခင်လောင်းများ နို့ထွက်ဖို့အတွက် အထောက်အကူပေးသည်။

    အမျိုးသမီးများရာသီလာခါနီးကိုက်ခဲခြင်းအား သက်သာစေသည်။

    ခံတွင်းကျန်းမာရေးနှင့် သွားကိုက်ခြင်းအား သက်သာစေသည်။

    အသားဝါရောဂါနှင့် ဆီးချိုရောဂါများအားပျောက်ကင်းစေသည်။

    ဒဏ်ရာ၊ အနာများအား ကျက်လွယ်သည်။

    မျိုးပွားအင်ဂါ ရောဂါပိုး၀င်ရောက်ခြင်းအား တားဆီးပေးသည်။

    အယောင်ကျစေသော အစွမ်းသတ္တိရှိသည်။

    (Your Fitster မှ ကိုးကားသည်)

    --------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
11
comments
0
views
2807