cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

သင်္ကြန်စာ မုန့်လုံးရေပေါ်လေးလုပ်စားကြမယ်

. Value Added Products
မြန်မာလူမျိုးများသည် အတာသင်္ကြန်ချိန်ခါတွင် ကုသိုလ်ရရှိစေရန် စတုဒီတာများ လုပ်၍ ကျွေးလေ့ ရှိတတ်ကြပါသည်။ အတာသင်္ကြန်ဟုဆိုလိုက်ပါက မုန်လုံးရေပေါ်စားလိုက်ရမှသာ ပြီးပြည့်စုံ သွားသည်ဟု ခံစားရသည်အထိ မုန်လုံးရေပေါ်ကိုနှစ်သက်ကြသည်။
  • အလုပ်အများဆုံးနှင် လူကြိုက်အများဆုံးမုန့်ကိုပြောပါဆိုလျှင် မုန်လုံးရေပေါ်ပဲဖြစ်သည်။ အတာသင်္ကြန်ဟုဆိုလိုက်ပါက မုန်လုံးရေပေါ်စားလိုက်ရမှသာ ပြီးပြည့်စုံ သွားသည်ဟု ခံစားရသည်အထိ မုန်လုံးရေပေါ်ကိုနှစ်သက်ကြသည်။ သို့ဖြစ်ပါ၍ မြန်မာ့ရိုးရာ အတာ သင်္ကြန်ချိန်ခါမှာ စတုဒီသာကျွေးလေ့ရှိသော မုန်လုံးရေပေါ်လုပ်နည်းလေးအား မျှဝေပေးလိုက် ပါသည်။ 

    မုန်လုံးရေပေါ်လုပ်နည်း 

    • ကောက်ညှင်းမှုန့် ၃ ဆ ဆန်မှုန့် ၁ ဆ (၃း၁) ကို ရေနွေးနဲ့ (၂)ဆရောပြီး သမအောင်နယ်ပါ မိမိနယ်ချင်တဲ့ ပမာဏအထိ ရောက်အောင်နယ်ပါ။ 
    • မုန့်လုံးတွေကိုနယ်ပြီး ရေဆူပွက်နေတဲ့ အိုးထဲကိုဖြည်းဖြည်းချင်း မကပ်အောင် ထည့်ပါ။ 
    • မုန့်လုံးများပွက်ပွက်မဆူခင် ရေနွေးအိုးထဲကို ထုံးရေကြည် (၂)ဇွန်းလောက်ထည့်ပေးပါ။ 
    • ထုံးရေကြည်ထည့်ပေးခြင်းအားဖြင့် မုန့်လုံးတွေကို တစ်ခုနဲ့တစ်ခု မကပ်စေပဲ တင်းတင်းလေး ဖြစ်စေပါသည်။ 
    •  မုန့်လုံးများ ရေပေါ် ပေါ်လာတဲ့အခါ ဆယ်ယူလို့ရပြီဖြစ်ပါသည်။  
    • ဆယ်ပြီးရင်တော့ ပန်းကန်ထဲ မထည့်ခင် အိုးတစ်အိုး ယူပြီး ရေခဲတုံးလေးတွေကို အိုးထဲထည့်ထားပေးပါ။  
    •  မုန့်လုံးလေးတွေကို ရေခဲအိုးထဲထည့်ပြီး ဇကာနဲ့ပြန်စစ်ယူပါ။ 
    • ရေခဲနဲ့ စိမ်ပေးခြင်းဟာ မုန့်လုံးတွေကို မကပ်စေဘဲတင်းတင်းလေး ဖြစ်စေပါသည်။ 

    မုန့်လုံးရေပေါ်မှာဆိုအုန်းသီး‌က မပါမဖြစ်သောကြောင့် မိမိ နှစ်သက်သလောက် အုန်းသီးခြစ်ပြီး အသင့်ထားထားလို့ရပါသည်။ အကုန်အပြီးအစီး ပြည့်စုံပါက ပန်းကန်ထဲ မုန့်လုံး တွေကိုထည့် အုန်းသီးဖြူးပြီး မိမိစိတ်ကြိုက်စားသုံးနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ မုန့်လုပ်ရေပေါ်မုန့်လေး ရရှိပြီး ဖြစ်ပါသည်။ 

    ------------------ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။  

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350  

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
10
comments
0
views
3519