cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

" ဒန့်သလွန်" အရွက်/အသီး နှင့် အစေ့ခြောက်အစွမ်း (ဆေးမြီးတို)

. Health Articles
ဒန့်သလွန်အရွက်၊ ဒန့်သလွန်အသီးနှင့် ဒန့်သလွန်အစေ့တို့တွင် အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓါတ်များကြွယ်ဝစွာ ပါဝင်ပါ သည်။
  • ထို့အပြင် ဒန့်သလွန်အရွက်၊ ဒန့်သလွန်အသီးနှင့် ဒန့်သလွန်အစေ့တို့သည် ကျန်းမာရေးအတွက် လည်းများစွာ အထောက်အကူဖြစ်စေပါသည်။ 

    • ဒန့်သလွန်အရွက် ဟင်းချိုချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် အစာကြေစေရုံသာမက သွေးတိုး အမူးရောဂါကိုပါ သက်သာစေသည်။ 
    • ဒန့်သလွန်အရွက်အစိမ်းကို ထောင်း၍ အရည်ညှစ်(သတ္ထုရည်) အား ဆားအနည်းငယ်ခပ်၍ သောက် လျှင် ချောင်းဆိုး၊ ကိုယ်ပူ အဖျားရောဂါသက်သာစေသည်။ 
    • ဒန့်သလွန်ရွက်သတ္တုရည်ကိုမျက်စဉ်းခပ်ပေးလျှင်ခေါင်းကြီးကိုက်ရောဂါသက်သာစေသည်။ 
    • ဒန့်သလွန်သီးမီးဖုတ် အတွင်းမှအစေ့နှင့်အသားကိုခြစ်ယူပြီးကြက်ဥနှင့် ရောကြော်စားသော် သွေးဝမ်း၊ လိပ်ခေါင်းသွေးကျရောဂါသက်သာစေသည်။ 
    • ဒန့်သလွန်သီးအရင့်ကိုနေခြောက်လှန်းအစေ့ခြောက်ကိုဖန်ပုလင်းဖြင့်သိမ်းထားပါ။ 
    • သွေးတိုးလျှင်ဒန့်သလွန်စေ့ နှစ်စေ့(သို့)သုံးစေ့ဝါးစားပြီး ရေအဝသောက်ပါက နာရီဝက် အတွင်း သွေးတိုးကျပါစေသည်။ 
    • နှလုံးသွေးကြောကျဉ်းရောဂါရှိလျှင်အစေ့ခြောက်ကိုအမှုန့်ထောင်းပြီးပျားရည်နှင့်စိမ်၍နေ့စဉ်ဟင်းစားဇွန်းတစ်ဇွန်းခန့်စားပေးပါ။ 
    • ရင်ကြပ်၊ သွေးတိုး၊ နှလုံးမောရောဂါရှိလျှင် ဒန့်သလွန်သီး အစေ့ခြောက်အမှုန့်နှင့် ချင်းခြောက်မှုန့် ဆတူရောစပ်၍ရေနွေးနှင့်သောက်ပါ။ 

    *ဒန့်သလွန်အစေ့ခြောက်ကိုနေလှန်းပြီးသိမ်းထားလျှင်နှစ်များစွာကြာသည်အထိအာနိသင်မပျက်စီးပါ။* 

    ကြည်လွင်မြင့်(မုဒြာ)   

    ---------------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
15
comments
0
views
3075