‘’သင်္ကြန်ပိတ်ရက်အတွင်း ထုံးရည်စိမ်စရာမလို နေပူလှန်းစရာမလိုပဲ ခရမ်းချဉ်သီးယိုလုပ်စားရအောင်’’
သင်္ကြန်ပိတ်ရက်မှာ စတုဒီတာပဲကျွေးကျွေး၊ မိသားစုအပျော်ပဲလုပ်စားစား ထုံးရည်စိမ်စရာမလို နေပူလှန်းစရာမလိုပဲ အလွယ်တကူ ခရမ်းချဉ်သီးယိုပြုလုပ်နည်းလေးမျှဝေပေးပါရစေ။ အရသာ ကတော့ အချိုအရသာလေးနဲ့ အချဉ်ဓာတ်လေး မသိမသာပါနေပြီး ခရမ်းချဉ်သီးအရသာလေးကိုမှ ခရမ်းချဉ်သီးအနံ့ပျောက်သွားပြီး စားလိုက်ရင် ချိုချိုမွှေးမွှေးလေးနဲ့ တော်တော်စားကောင်းပါတယ်။ အသားလေးက အရမ်းမာနေတာမျိုးလည်းမဟုတ် အရမ်းပျော့တာမျိုးလည်းမဟုတ်ပဲ မပျော့မမာ အနေအထားလေးနဲ့ ဝါးလိုက်ရင် စည်းစည်းပိုင်ပိုင်လေးနဲ့ မသိရင် စပျစ်သီးခြောက်လေး ဝါးနေရသလို ပုံစံမျိုးပါပဲ။
လိုအပ်သောပစ္စည်းများ
ခရမ်းချဥ်သီး _ ၁ပိဿာ
သကြား _ ၂၅ ကျပ်သား မှ ၄၅ ကျပ်သား
ဆား - ၁.၆ ဂရမ်
သံပုရာသီး - ၁ ခြမ်း
ထောပတ် - ၂ ဇွန်း
ပြောင်းကော် - ၁၀၀ ဂရမ်
ပြုလုပ်ပုံ
- ခရမ်းချဉ်သီးယို ပြုလုပ်ရန် အတွက် နီရဲသော ခရမ်းချဉ်သီး အကြီးများကို ရွေးချယ် သုံးပေးပါ။
- ခရမ်းချဥ်သီး ၁လုံး ကို ဒေါင်လိုက်ထောင်ကိုင်ပြီး ၄ပိုင်း ခွဲ၍ ဓါးဖြင့် ခပ်ဖွဖွလေးအရာပေးပါ။
- ပွက်ပွက်ဆူနေသော ရေတွင် ၇-၈ မိနစ်ကြာပြုတ်ပေး၍ ရေအေးတွင်စိမ်ပါ။
- အေးသွားပါက အခွံခွါထုတ်၍ အလယ်မှထပ်ခြမ်း ခြမ်းပေးကာအစေ့များထုတ်ပေးပါ။
- ခရမ်းချဥ်သီး အညှာနေရာမှ ထိတ်ကိုဖယ်ထုတ်ပါ။
- ပြုတ်ထားသောခရမ်းချဥ်သီးများအား အိုးထဲထည့်ပါ။
- ဆားနှင့်သကြားကိုထည့်၍ရေခမ်းသည်ထိမွှေပေးပါ။ (မိနစ် ၂၀ နီးပါး)
- ခရမ်းချဥ်သီးနံ့ပျောက်ပြီး အရောင်လှစေရန် ရေခမ်းပါက ထောပတ် ၁ ဇွန်းထည့်မွှေပါ။
- ကောင်းမွန်သောရနံ့ ရရှိစေရန် သံပုရာသီး တခြမ်းအားအရည်ညှစ်ထည့်ပေးပါ။
- ပြောင်းကော်ကိုရေအနည်းငယ်ဖြင့်ဖျော်၍ ထည့်ပြီးရေခမ်းသည်ထိဆက်ထိုးပါ။(၁၅ မိနစ်နီးပါး)
- ရေခမ်းပါကမီးလျှော့၍ ထောပတ် ၁ ဇွန်းထည့်ပြီးမာကျစ်လာသည်ထိဆက်မွှေပေးပါ။
- အအေးခံ၍ ပုံသွင်းအခြောက်ခံကာ သုံးဆောင်နိုင်ပါသည်။
Phyuhomecooking Page မှကိုးကားသည်။
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


NewsFeed
Communities
Explore
Inbox
Me
Market Price