cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သင်္ကြန်ပိတောက်ပင်နှင့်ကျန်းမာရေး

. Health Articles
အမြစ်သည် တိုင်းရင်းဆေးဖက်ဝင်သည်။ ပိတောက်ပန်းက သလိပ်အားကြီးသော အနာ၊ ဝမ်းသွားသော အနာ၊ လေတိုက်၍ နှလုံးဆို့ တောင့်သော အနာ၊ ခပ်သိမ်းသောအဖျားနာတို့ကိုနိုင်၏ဟု မြန်မာ့ဆေးကျမ်းတွင် ဆိုထားသည်။
  • ပိတောက်ပန်းဟု မြင်လိုက်ရသည်နှင့် သိင်္ဂါရရသ ကိုခံစားရသည့်အတွက် တဒင်္ဂအတွင်းမှာပင် စိတ်ကြည်လင်မှုကို ဖြစ်ပေါ်စေပါ သည်။ 

    • လတ်ဆတ်သောပိတောက်ပွင့်၏ မွှေးမြမြရနံ့က စိတ်နှလုံးကို လန်းဆန်းမှုဖြစ်ပေါ်စေသည်။ 

    • ပိတောက်ပန်းနွမ်းသွားချိန် စိမ်းရွှေရွှေအနံ့က အသက်ရှူလမ်းကြောင်းကျန်းမာရေးကို အထောက်အပံ့ဖြစ်စေသည်။ 

    • ဦးရေပြားဗောက်ထခြင်း၊ ကိုယ်ရေပြားယားယံခြင်းတို့အတွက် ပိတောက်ရွက်ပြုတ်ရည်ဖြင့် ခေါင်းလျှော်၊ ရေချိုးပေးခြင်းဖြင့် ရောဂါများ သက်သာပျောက်ကင်းစေသည်။ 

    • အပင်ကထွက်သောအစေးကို ပါးစပ်အတွင်းဖြစ်သော ရောဂါများ ပျောက်ကင်းစေရန်အတွက်ရှေးလူကြီးများက အသုံးပြုကြသည်။ 

    • အမြစ်သည် တိုင်းရင်းဆေးဖက်ဝင်သည်။ ပိတောက်ပန်းက သလိပ်အားကြီးသော အနာ၊ ဝမ်းသွားသော အနာ၊ လေတိုက်၍ နှလုံးဆို့ တောင့်သော အနာ၊ ခပ်သိမ်းသောအဖျားနာတို့ကိုနိုင်၏ဟု မြန်မာ့ဆေးကျမ်းတွင် ဆိုထားသည်။ 

    ပိတောက်ပန်းသည် နှစ်သစ်၏ဂုဏ်ကို ဆောင်သည်။ မြန်မာနိုင်ငံ၏ ကျက်သရေကိုဆောင်သည့် ပြယုဂ်တစ်ခုဖြစ်သည်။ သို့သော် ယခုအခါ မြို့နယ်အများစုတွင် ပိတောက်ပင်နည်းပါးလာသည့်အတွက် လက်တစ်ကမ်းတွင် မရနိုင်၊ မမြင်နိုင်ဖြစ်ရသည်။ ဘိုးဘွားတို့ လက်ထက်က အိမ်ရှေ့ သို့မဟုတ် အိမ် ပတ်လည်တွင် ပိတောက်ပင်စိုက်ပျိုးထားကြသော်လည်း ခေတ်ကာလရွေ့လျား လာသည့် အလျောက်လျှပ်စစ်ဓာတ်တိုင် မီးကြိုးများမလွတ်ခြင်း၊ လမ်းချဲ့ခြင်း စသည်တို့ကြောင့်လည်းကောင်း၊ တခြားအကြောင်း အမျိုးမျိုးတို့ ကြောင့်လည်းကောင်း ပိတောက်ပင်များရှားပါးနေပြီဖြစ်သည်။ 

    နောင်လာမည့်မျိုးဆက်သစ်လူငယ်များအား မြန်မာ့ တော်ဝင်ပန်းရွှေဝါပိတောက်တို့ကို လက်ညှိုးထိုးမလွဲ မြင်စေချင်စမ်းလှပါသည်။ 

    အချုပ်အားဖြင့်ဆိုရသော် ပိတောက်ပင်မျိုးမသုဉ်း စေရေးအတွက် ရေရှည်တည်တံ့နိုင်စေရန်အလို့ငှာ ကျယ်ဝန်းသောပန်းခြံ၊ မြို့ရွာလမ်းဘေးတစ်လျှောက်၊ ဘုန်းကြီးကျောင်း၊ ဘုရားစေတီတစ်ဝိုက်၊ စာသင်ကျောင်း စသည့်နေရာများ၌ အရိပ်ရ ပိတောက်ပင် များကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြစေလိုကြောင်း အကြံပြုရေးသားလိုက်ရပါသည်။ ပေါက်ပေါက် 

    ကျန်းမာရေး 

    ------------------ 

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
15
comments
0
views
2332