cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

နွေ ထယ်ရေး၊ မိုးကြိုထယ်ရေးခံခြင်း

. Soil Management
မိုးနည်းရေရှားသော အညာနှင့် မြေလတ်ယာစိုက်တောင်သူများသည် သီးနှံတစ်မျိုးရိတ်သိမ်းပြီးသောအခါ ယာမြေကွက်ကို ထယ်ထိုး၊ထယ်ရေးခံထား လေ့ မရှိကြပါ။ ရှိလျှင်လည်း နည်းပါးကြပါသည်။
  • ထယ်ရေးခံထားခြင်း၏ ကောင်းကျိုးကို အညာဒေသနှင့် မြေလတ်ဒေသမှ တောင်သူ လယ်သမားများ သိကြပါသည်။ အထူးသဖြင့် လယ်သမားများထက် ယာသမားများက ပို၍သိကြသည်။ လယ်မြေထက် ယာမြေက ပို၍အကျိုးပြုသည်ကို ထယ်ရေးခံပြုလုပ်ကြသည့် နှမ်းစိုက်သူများ၊ မြေပဲစိုက်ပျိုးသူများ ပို၍ သိကြပါ သည်။ သို့သော် မိုးနည်းရေရှားသော အညာနှင့် မြေလတ်ယာစိုက်တောင်သူများသည် သီးနှံတစ်မျိုးရိတ်သိမ်းပြီးသောအခါ ယာမြေကွက်ကို ထယ်ထိုး၊ထယ်ရေးခံထား လေ့ မရှိကြပါ။ ရှိလျှင်လည်း နည်းပါးကြပါသည်။ 

    ဆောင်းကုန်သည်နှင့် နေအပူရှိန်ပြင်းလာပြီး မြေတွင်းရှိ အစိုဓာတ်မှာလည်း ခမ်းခြောက်လာသည်။ မြေမျက်နှာပြင်သည် တင်း၍မာကြောလာသည်။  

    မြေပဲပင်နှင့် နှမ်းပင်စိုက်ကြသည့် မြေအများစုသည် ယာမြေ ဖြစ်၍ ကန်သင်း မရှိကြ။ နွေကာလလေပြင်းတိုင်ခတ်၍ လေကျလျှင်လွင့်ပါသောမြေမျိုး ဖြစ်သည်။ ထို့ပြင် မြေမညီသောကုန်းစောင်းတောင်ကြောများက အများစုရှိကြသည်။မိုးဦးကျ၍ ပထမဆုံးရွာသွန်းလိုက်သော မိုးရေသည် ထယ်ရေးခံမထားရှိပါက ကျစ်လျစ်မာကျော၊ ပြောင်ချောနေ သည့် မြေကြီးထဲသို့ ရွာသောမိုးရေ စိမ့်မဝင် နိုင်ဘဲ လျောကျပါသွား၍ စီးဆင်းသွားသည်။  

     ပထမဆုံးမိုးရေကို မြေထဲမရောက်သဖြင့် နှမ်းနှင့် မြေပဲကိုလည်း နည်းနည်းဖွဲဖွဲ ရွာသောမိုးဖြင့် မစိုက်လိုက်နိုင်ဖြစ် ရသည်မှာ ထယ်ရေးမခံခြင်းကြောင့်ဖြစ်သည်။ အညာဒေသ၊ မြေလတ်ဒေသ၊ မိုးရွာမှ မိုးရေရရှိပြီး လက်ဦးအောင်သီးနှံ စိုက်ပျိုးကြရသည့်ဒေသတွင် ပထမဆုံးရွာသောမိုးရေ လက်လွတ်ခံလိုက်ရ၍ နောက်တစ်မိုးလာရန် မျှော်ကြရတော့မည်။  

     ထို့ကြောင့် ထယ်ရေးခံပါ။ နွေထယ်ရေး၊ မိုးကြိုထယ် ရေးခံခြင်းဖြင့် မိုးသီးနှံ စောစော စိုက် နိုင်ပါ မည်။ (တစ်ခုတော့သတိပြုရမည်မှာ မိုးလေဝသသတင်း နားစွင့်၍ မိုးဆက်မဆက် သတိရှိပါ။ စိုက်ပြီး မိုးပြတ်သွားပါကလည်း မျိုးဆုံး၊ လုပ်အားဆုံးဖြစ်ကြရသေးသည်။)  

     သဲဆန်သောမြေတွင် မတ်လမှစ၍ ထယ်ထိုးပြီး နွေထယ်ခံထားသင့်သည်။ မြေစေး(မြေစီး)များတွင် မေလ၊ ဧပြီလ၊ စက်ထယ်ရေးဖြင့် (ထွန်စက်)နွေထယ်ရေးခံသင့်သည်။ ထယ်ထိုးပြီးလျှင် ထွန်နှစ်စပ်မွှေ၍ မျိုးစေ့မှ ဖုံးနှပ်ထား  

    ခြင်းဖြင့် မိုးကျသည်နှင့် စိုက်နိုင်သည်။  

     နှမ်းနှင့်မြေပဲသည် မျိုးစေ့မှအပင်ပေါက်ရန် အစိုဓာတ်နည်းနည်းသာ လိုအပ်သည်။ အကယ်၍ စိုက်ပျိုးရန် မလုံလောက်သောမိုး ဖြစ်ပါကလည်း ထွန်ဖြင့် နှစ်စပ်ခန့်ထယ်မွှေ၍ ကြမ်းတုံးရိုက် ဖုံးနှပ်ပေးသင့် သည်။ ပေါင်းပင်များ သေစေလျော့နည်းစေသည်။ အချိုသောဒေသများတွင် မိုးဦးကျသည်နှင့် စိုက်ပျိုးနိုင်ရန် မိုးနှောင်းထယ်ရေးခံထားကြသည်။ ဤသို့ဖြင့် မိုးနှောင်းထယ်ရေး၊ ဆောင်းထယ်ရေး၊ မိုးပြိုထယ်ရေး၊ နွေထယ်ရေးတို့ ခံထားခြင်းသည် မိုးသီးနှံစိုက်ပျိုးရေးအတွက် အဆင်ပြေစေသည်။ မိုးနည်းဒေသ မိုးသီးနှံ စိုက်ကြရသည်မှာ တက်သုတ်ရိုက် စိုက်ကြရသည်။  

     စိုက်ပျိုးရာတွင် ထယ်ရေးထက်မှ၊ အပင်မြစ်များ၊ မြေထဲသို့ဆင်းနိုင်မည်။ အောက်လွှာမြေမာကျောနှင့် ထိလျှင် အမြစ်သည် ကွေးကောက်သွားမည်။ မြေစေးပါက ထွန်ရေးလည်း ညက်ညက်ပြုလုပ်ရသည်။ ထွန်ရေးမညက်ဘဲ ခဲကြီးနှင့်အစိုဓာတ် အဆုပ်မြန်သည်။ အစိုမထိန်းနိုင်။ မြေမှုန့် ညက်နေမှ မြေထဲရှိအစိုဓာတ်ကို မပျံ့လွင့်အောင် ထိန်းထားနိုင်သဖြင့် မြေလည်းနက်ရသည်။ မြေလည်းညက်ရသည်။ ထယ်ရေးလည်း ကြိုတင်ခံသင့်ပါသည်။  

    ကိုရဲ (စိုက်ပျိုးရေး) 

    ---------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။  

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350  

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
15
comments
0
views
3519