cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မုန်တိုင်း၊ မိုးကျပြီး ငါးကန်တွေမှာ ဘာတွေလုပ်မလဲ?

. Fish Articles
ကျွန်တော်တို့ ငါး/ပုဇွန်တောင်သူ ဦးကြီးများအနေနဲ့ ယခုလို မိုးကြီး ရေကြီး အချိန်ကာလမှာ မိမိရဲ့ ငါးကန်/ပုဇွန်ကန်မှာ ဆောင်ရွက်သင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ-
  • ၁။ ကန်ရေကို အကျိုးပြုဘက်တီးရီးယား သန့်စင်ပေးခြင်း 

    မိမိရဲ့ ငါးကန်ထဲကို အပြင်ကရေတွေဝင်လာပြီးတဲ့နောက်မှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးရေတွေ ကျန်ခဲ့နိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင်ပမာဏကို ထိခိုက်စေပါတယ်။ ဒါအပြင် ရေထဲမှာ စွန့်ပစ်ပစ္စည်းတွေ ပါလာနိုင်ပါတယ်။ တဆက်တည်းမှာဘဲ မိုးကြီးတဲ့အတွက် ကန်ရေ အပူချိန်အလွန်အမင်းကျဆင်းသွားပြီး အောက်ဆီဂျင်ကျစေပါတယ်။ ပြီးတော့ ကန်ရေပေါ် ရေညှိကဲ့သို့သော ပေါက်ရောက်ပင်တွေကို ပေါက်စေပါတယ်။ ဒါကြောင့် အဲ့လိုအချိန်အခါမျိုးကို ကန်ရေကို အကျိုးပြု ဘက်တီးရီးယား ၇ ရက်ခြား သို့မဟုတ် ၁၀ ရက်ခြား ထည့်ပေးခြင်းဖြင့် ကန်ရေသန့်စင်ပေးနိုင်ပါတယ်။ အကျိုးပြု ဘက်တီးရီးယားများက ကန်ထဲမှာရှိတဲ့ အစာပိုတွေကို စားသုံးခြင်း၊ အော်ဂဲနစ် စွန့်ပစ်ပစ္စည်းများကို ခြေဖျက် ပေးခြင်းတွေ လုပ်ဆောင်ပေးပါတယ်။ 

    ၂။ အမှိုက်သရိုက်များဖယ်ရှားပေးခြင်း 

    မုန်တိုင်း၊ မိုးကျပြီးနောက်မှာ သစ်ရက်များ၊ အပင်များ ကန်ထဲကို ကျရောက်တက်ပါတယ်။ ဒါတွေကို ဖယ်ရှားပေးဖို့လိုပါတယ်။ ဒါတွေက ကန်ထဲကို နစ်မြှပ်သွားပြီး ကန်အောက်ခြေကို သွားပြီးစုပုံကာ ပျော်ဝင် အောက်ဆီဂျင်ကို လျော့ပါးစေပါတယ်။ တစ်ချိန်တည်းမှာဘဲ ရေညှိပေါက်ဖွားမှုကို အားပေးပါတယ်။ 

    ၃။ တပ်ဆင်ထားတဲ့ စက်ပစ္စည်းများကို စစ်ဆေးပေးခြင်း 

    မိုးကြီး၊ မုန်တိုင်းကျပြီးရင်တော့ ကန်အတွင်းတပ်ဆင်ထားတဲ့ ရေစစ်စနစ်များ၊ ရေလှည့်ဒလတ်တွေ ထိခိုက်မှုရှိ/မရှိစစ်ဆေးပြီး ပြန်လည်ပြင်ဆင်ခြင်းတွေ ဆောင်ရွက်သင့်ပါတယ်။ 

    ၄။ ကြိုတင်ပြင်ဆင်ခြင်း 

    (က) ပိုက်မိုးခြင်း 

    ကန်ထဲကို အမှိုက်သရိုက်များ၊ သစ်ရွက်၊ သစ်ကိုင်းများ မကျအောင် တနိုင်တပိုင် ငါးမွေး မြူများအနေနဲ့ ကန်အပေါ်မှာ အမိုး သို့မဟုတ် ပိုက်ကွက် မိုးပေးနိုင်ပါတယ်။ မိုးကြီး၊ မုန်တိုင်း နဲ့ ပါလာတဲ့ အရာတွေ၊ ယင်းကြောင့် ကျိုးပဲ့ကျလာတဲ့အရာတွေ ကန်ထဲမကျအောင် တားဆီး ပေးပါတယ်။ 

    (ခ) အပင်ခုတ်ပေးခြင်း 

    မိုးကြီး၊ မုန်တိုင်း မလာခင် ကန်ပတ်ပတ်လည်ရှိ အပင်ကြီးတွေရဲ့ ကိုင်းတွေကို ကြိုတင် ခုတ်ပေးထားဖို့လိုပါတယ်။ ဒါမှသာ ကန်ထဲကို ကျိုးပဲ့မကျမှာဖြစ်ပါတယ်။ 

    (ဂ) စီးရေတွေ ဝင်မလာအောင် တားဆီးခြင်း 

    မိုးရေမှာ နိုင်ထရိုဂျင်ဓါတ်တွေပါလာနိုင်တာမို့ ကန်အတွင်း ရေဩဇာကို လိုတာထက် ပိုတက် တာတွေဖြစ်စေပါတယ်။  ဒီလို အလွယ်တကူဝင်မရအောင် ကန်ဘောင်မှာ မြက် သိုမဟုတ် အခြားအကွယ်ကွယ် အပင်ငယ်လေးတွေကို စိုက်ပျိုးထားသင့်ပါတယ်။ 

    (ဃ) အကျိုးပြုဘက်တီးရီးယားဖြင့် လစဉ်ရေသန့်ပေးခြင်း 

    အကျိုးပြုဘက်တီးရီးယားလေးတွေကို ကန်ထဲကို ထည့်ပေးခြင်းဖြင့် ကန်ထဲမှာ ရှိတဲ့ အစာပို တွေကို ဖယ်ရှားရာရောက်ပါကြောင်း ရေးသားဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။   

    Source: https://healthyponds.com/pond-maintenance-what-to-do-after-a-storm/ 

    ------------- 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
4
comments
0
views
2997