“ အုန်းရည် “
- အုန်းရည်မှာ ပိုတက်ဆီယမ်၊ ဆိုဒီယမ် နှင့် မက်ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်ပြီး ချိုသော အရသာ ရှိပါတယ်။ - အုန်းရည် သောက်ခြင်းဖြင့် ရေဓာတ် ပြန်လည် ပြည့်ဝစေတယ်။ - အုန်းရည်မှာ ကယ်လိုရီ ပါဝင်မှု နည်းပြီး အဆီ နှင့် ကိုယ်လက်စထရောလည်း မပါဝင်ဘူး လို့ ဆိုပါတယ်။ - အုန်းရည် 8 Ounces (240 ml မှာ ကယ်လိုရီ 40-60 ပဲ ပါဝင်ပါတယ်။ - ဒါကြောင့် ကယ်လိုရီ နည်းတဲ့ အချိုရည်လို့ မှတ်ယူလို့ ရပါတယ်။ - အုန်းရည် 94% က ရေ ဖြစ်ပြီး အဆီလည်း မပါဝင်ပါ။ - ဒါကြောင့် အတော်လေး ကောင်းတဲ့ အားဖြည့် အချိုရည် ဖြစ်ပါတယ်။ - ရေဓာတ် ဖြည့်တင်းဖို့အတွက် ရေ က အကောင်းဆုံးဖြစ်ပါတယ်။ - ဒါပေမည့် အုန်းရည်မှာ ဆိုဒီယမ် ကြွယ်ဝစွာ ပါဝင်ပြီး လေ့ကျင့်ခန်း အကြာကြီး ပြုလုပ်ပြီးနောက် သောက်သုံးဖို့သင့်တော်ပါတယ်။ - အုန်းရည်မှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်ပြီး သွေး အတွင်းက ပိုလျှံနေတဲ့ ဆိုဒီယမ် တွေကို ဖယ်ထုတ်နိုင်ပါတယ်။ - ဒါကြောင့် အုန်းရည် သောက်ခြင်းဖြင့် သွေးတိုး ကျစေပါတယ်။ - ဒါပြင် ဆီးကျောက်တည်ခြင်း ကိုလည်း တားနိုင်တယ် ရေးပါတယ်။ - အုန်းရည်က ဘယ်အချိန် သောက်သောက် အဆင်ပြေတဲ့ စားစရာ တစ်ခု ဖြစ်ပါတယ်။ - အခြား ဖျော်ရည် တစ်ခုခုအတွင်း အုန်းရည် ထည့်ပြီး သောက်လို့ ရပါတယ်။ - အုန်းရည်ကို သကြား မထည့်ဘဲ သောက်သုံးခြင်းက ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ - လေ့ကျင့်ခန်း လုပ်ပြီး အုန်းရည် သောက်လျှင် ရေဓာတ် ပြန်လည် ပြည့်ဝစေပါတယ်။ - ဝမ်းသွားခြင်းကြောင့် ရေဓာတ် ဆုံးရှုံး ထားလျှင်လည်း အုန်းရည် သောက်လို့ ရပါတယ်။ - ဆီးချို ရောဂါသည်တွေလည်း အုန်းရည် သောက်လို့ရတယ်။ - ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျောက်ကပ် ဆေးရမည့် လူနာများ မသောက်သင့်ပါ။ - ခွဲစိတ်မှု မပြုလုပ်ခင် ၂ ပတ်လောက် ကြိုတင်ပြီး အုန်းရည် သောက်ခြင်း ရပ်နားထားဖို့ လိုပါမည်။ - - ဒေါက်တာ ဖြိုးမောင်မောင်။ - ---------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
