cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

သိသာထင်ရှားသော အားကောင်းသည့်လေဖိအားနည်းရပ်ဝန်း UPDATE

. Weather News
ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ မြောက်ဦး နဲ့ မင်းပြားဒေသတွေမှာလဲ ဧပြီလ ၁၁ ရက် ည ၁၀ နာရီမှ နောက် ၂၄ နာရီအတွင်း မိုးများနိုင်ပါမယ်၊ ရွာသွန်းနိုင်တဲ့ မိုးရေချိန် ၃၇ မီလီမီတာ(၁.၄၆ လက်မ)အထိ ရွာနိုင်ပါမယ်။
  • ဧပြီလ ၉ ရက် နေ့လည် ၁ နာရီ ခွဲ

    ====

    ဧပြီလ ၁၁ ရက် ညပိုင်းမှာ အခုဖြစ်ပေါ်နေတဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း-အနောက်အလယ်ပိုင်းက အားကောင်းသော/သိသာထင်ရှားသော လေဖိအားနည်းရပ်ဝန်း(Well-marked Low Pressure Area)သည် ...

    အိန္ဒိယနိုင်ငံ မိုးလေဝသဌာန(IMD)မှ ဒီနေ့ ဧပြီ ၉ ရက်နေ့မှာ ထွက်လာတဲ့ ထုတ်ပြန်ချက်အရ ပြောင်းလဲမှုမရှိပဲ မနေ့က ထုတ်ပြန်ချက်အတိုင်းရှိနေဆဲဖြစ်ပါတယ်။

    IMD ထုတ်ပြန်ချက်အရ -

    - ဒီနေ့ မနက် ၉ နာရီမှ နောက် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှတဆင့် မြောက်-အနောက်မြောက်ကို ဆက်ရွေ့မယ်၊ နောက် ၂၄ နာရီအတွင်းမှာတော့ မြောက်-အရှေ့မြောက်ဘက်ကို ချိုးကွေ့ပြီးတာနဲ့ နောက်တရက်အတွင်းမှာ တဖြည်းဖြည်းအားလျော့သွားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

    - MJO Phase status including equatorial waves, Wind shear, Multi-models(ECMWF, NCEP, GFS, IMD-GFS မော်ဒယ်များ)ရဲ့ ခန့်မှန်းချက်အပါအဝင် Technical details တွေကိုတော့ ဒီမှာ ရှင်းမပြတော့ပါ၊ သိချင်ရင် ဖတ်နိုင်အောင် ပုံ တွဲပေးထားပါမယ်။

    - အိန္ဒိယမိုးလေဝသဌာနပြီးတော့ ECMWF model ကြိုတင်ခန့်မှန်းအရ ဧပြီလ ၁၁ ရက ည ၁၀ နာရီ ခန့်မှာ Well-marked LPA သည် စစ်တွေအနောက်ဘက် ၁၃၀ မိုင်ခန့်အထိရောက်လာနိုင်တာကြောင့် အဲ့ဒီ လေဖိအားနည်းရပ်ဝန်းရဲ့ ညာဘက် က မြန်မာနိုင်ငံမှာ နေရာအနှံ့ မိုးရွာနိုင်၊ နေရာကွက်ပြီး မိုးများနိုင်မဲ့ အခြေအ‌နေတွေ တွေ့ရပါတယ်။

    - ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ဧရာဝတီတိုင်း-အနောက်ဘက် ကမ်းရိုးတန်းဒေသတွေမှာ လေ/မိုးပြင်းထန်နိုင်ပါတယ်။

    - မြန်မာနိုင်ငံအလယ်ပိုင်းက ငလျင်ဒဏ်သင့်ဒေသတွေမှာတော့ ဧပြီလ ၁၁ ရက် ည ၁၀ နာရီမှ နောက် ၂၄ နာရီအတွင်း မိုးများနိုင်ပါမယ်၊ ရွာသွန်းနိုင်တဲ့မိုးရေချိန် ၂၄ နာရီအတွင်း ၆၀ မီလီမီတာ(၂.၃၆ လက်မ)အထိ ရွာနိုင်ပါမယ်။

    - ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ မြောက်ဦး နဲ့ မင်းပြားဒေသတွေမှာလဲ ဧပြီလ ၁၁ ရက် ည ၁၀ နာရီမှ နောက် ၂၄ နာရီအတွင်း မိုးများနိုင်ပါမယ်၊ ရွာသွန်းနိုင်တဲ့ မိုးရေချိန် ၃၇ မီလီမီတာ(၁.၄၆ လက်မ)အထိ ရွာနိုင်ပါမယ်။

    - ကျန်ပြည်နယ်/တိုင်းဒေသတွေမှာတော့ မိုးအနည်းငယ်မှအသင့်အတင့်သာရွာနိုင်ကြောင်းခန့်မှန်းရပေမဲ့ ရွေ့လျားဝင်ရောက်လာတဲ့ မိုးတိမ်များလမ်းကြောင်းနဲ့ ထပ်တူကျတိုက်ဆိုင်ရင်တော့ နေရာကွက်ပြီး မိုးများနိုင်၊ လေပြင်းကျနိုင်မဲ့ အခြေအနေတွေဖြစ်ပေါ်နိုင်ပါတယ်။

    အထူးအသိပေးချင်တာ(Special warning)တခုကတော့ ငလျင်ဒဏ်သင့်ဒေသတွေမှာ နေထိုင်သော ပြည်သူများနဲ့ -ကူညီကယ်ဆယ်ရေးအလုပ် လုပ်နေကြတဲ့ အဖွဲ့တွေအတွက်ပါဘဲ။

    - ရေဘေး/လေဘေး/မီးဘေး နဲ့ ငလျင်ဘေး မတူပါဘူး၊

    -ရေဘေး/လေဘေး/မီးဘေး ဆိုတာတွက မုန်တိုင်း၊ ရေကြီးတာနဲ့ မီးလောင်ပြီးသွားရင် ကယ်ဆယ်ရေးတွေကို မြေကြီးပေါ်မှာ ခြေနှစ်ချောင်း ရဲရဲဝံဝံ့ ရပ်တည်ပြီး အလုပ်လုပ်နိုင်ပါတယ်၊

    - ငလျင်ဘေးကတော့ မြေကြီးထဲက မမြင်နိုင်တဲ့ ပြောင်းလဲမှုတွေရယ်၊ ဖယ်ရှားရှင်းလင်းခြင်းမပြုရသေးတဲ့ အဆောက်အဦတွေရယ် တကယ်ကို ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်သွားနိုင်ပါတယ်။

    ခြေလှမ်းတိုင်းမှာ "SAFETY FIRST" ပါ

    Source: U Win Naing

    --------------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
7
comments
0
views
5403