ပုစွန်ချဉ်ပြုလုပ်နည်း
ပထမလတ်ဆတ်သော ပုစွန်ကိုရေဖြင့်ဆေးပါ။ ထို့နောက်ပုစွန်အား ခေါင်းနှင့်အခွံကိုခွာပါ။ ပုစွန်အသားကိုသာ ရယူပါ။ ပုစွန်ချဉ်ပြုလုပ်ရန်အတွက် ပုစွန်အသားတစ်ပိသာလျှင် ထမင်းအေး (၃၀)ကျပ်သား၊ ဆား (၇)ကျပ်သား အချိုးအစား မှန်ကန်စွာ ချိန်တွယ်ပါ။ ထို့နောက် ပုစွန်အသားနှင့် ထမင်းကို သီးခြားကြိတ်ပါ။ ကြိတ်ပြီးသား ပုစွန်အသား၊ ထမင်းနှင့် ဆားတို့ကို ရောစပ်ပြီး ထပ်မံကြိတ်ပါ။ ထွက်ရှိလာသော ပစ္စည်းများကို အလေးချိန် ဆတူမျှပြီး (ဥပမာ ၂၀ကျပ်သား၊ ၂၅ကျပ်သား) ခွဲခြားပြီး ငှက်ပျောဖက်ဖြင့် ဖြစ်စေ၊ ဓနိဖက်ဖြင့်ဖြစ်စေ ထုပ်ပြီး အလေးဖြင့်ဖိထားပေးပါ။ (၃)ရက်ကြလျှင် ပုစွန်ချဉ် ဖြစ်လာပါသည်။ ပုစွန်ချဉ်၏ အရောင်သည် ပန်းရောင်ဖြစ်ပြီး ကြာရှည်စွာ ထားလိုလျှင် အအေးခံပြီး ထားနိုင်ပါသည်။
Post-harvest Fishery On-Job Training, Trainee Manual, NAG မှကူးယူဖော်ပြထားပါသည်။
----------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


NewsFeed
Communities
Explore
Inbox
Me
Market Price