ပူပြင်းသောရာသီတွင် ငါးမွေးကန်များ သတိပြုရမည့် အချက်များနှင့် ဆောင်ရွက်သင့်သော အချက်များ
- ရာသီဉတုပြောင်းလဲခြင်းတို့ကြောင့် တစ်နှစ်ထက်တစ်နှစ် နွေရာသီတွင် အပူချိန်မြင့်မားလာသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် မတ်လနှင့် ဧပြီလများတွင် ပြင်ပအပူချိန်သည် ၃၇ မှ ၄၀ ဒီဂရီစင်တီဂရိတ် အတွင်းရှိနေသဖြင့် ငါးမွေးကန်၏ရေအပူချိန်သည်လည်း ၃၂ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နိုင်ပါသည်။ ငါးမွေးကန်၏ရေအနက် ရေကြည်နှုန်း နှင့် ရေဩဇာရှိနေခြင်းတို့အပေါ် ကန်ရေအပူချိန်သည် အနည်း အများကို ဖြစ်ပေါ်စေပါသည်။ ကန်ရေထဲတွင် အနယ် အနှစ်များ အမှုန်များ ရှိနေပါက အဆိုပါ အနယ် အနှစ် များနှင့် အမှုန်များသည် ကန်ရေ၏အပူချိန်ကို မြင့်မားစေနိုင်ပါသည်။ ထို့ကြောင့် ငါးမွေးကန်အတွင်း ရေထည့် သွင်းချိန်တွင် အနယ်အနှစ်များ မပါဝင်စေရန် ဂရုပြုသင့်ပါကြောင်း အကြံပြုအပ်ပါသည်။ - ကန်ရေဩဇာရှိနေခြင်းတွင် (ကန်ရေအရောင်အစိမ်းရောင်ဖြစ်နေခြင်း) သင့်တင့်သောအရောင်၊ အစိမ်းနုရောင် ဖြစ်နေပါက နေရောင်ခြည်သည် ကန်အတွင်းကျရောက်စဉ်တွင် အစိမ်းနုရောင်ရေအလွှာသည် အပူကာအဖြစ် ဟန့်တားထားသဖြင့် ကန်အတွင်း အပူချိန်မြင့်မားမှုကို လျှော့ကျစေပါသည်။ ထို့ကြောင့် ကန်ရေ ဩဇာဓာတ်ရရှိစေရန် ဆောင်ရွက်ထားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။ - ပူပြင်းသော ရာသီတွင် ငါးမွေးတောင်သူများသည် မိမိ၏ငါးမွေးကန်ကို နေ့စဉ်အောက်ပါအချက်များ ကြည့်ရှုစစ်ဆေးသင့်ပါသည်။ ပုံမှန်မဟုတ်သော လက္ခဏာများမှာ- -  ငါး၊ပုစွန်များ ကန်ဘောင်ရေစပ်တွင် တက်နေခြင်း -  နံနက်စောစောရေမျက်နှာပြင်အထက်တွင် မလှုပ်မရှားနေ၍ လက်ဖြင့် လွယ်ကူစွာဖမ်းနိုင်ခြင်း -  ငါး၊ ပုစွန် အသေများတွေ့ရှိခြင်း -  ရေညှိဖတ်များ ရေတွင် မျှောနေသည်ကိုတွေ့ရခြင်း -  ရေအရောင်ပြောင်းလဲခြင်း (စိမ်း ၊စိမ်းရင့် ၊နီ) - (ရေကြည်နှုန်း ၂၀စင်တီမီတာအောက် လျှော့နည်းနေခြင်း) -  နေ့အချိန်တွင် ငါး၊ ပုစွန်များ ရေမျက်နှာပြင်ပေါ်တွင် ထိတ်လန့်စွာ ကူးခတ်နေခြင်း -  ကန်ရေအပူချိန် ၃၂ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေခြင်း -  ကန်ရေမျက်နှာပြင်ပေါ်တွင် အမြုပ်များဖြစ်ပေါ်နေခြင်း - အထက်ပါလက္ခဏာများတွေ့ပါကအောက်ပါအတိုင်း ချက်ချင်းဆောင်ရွက်ပါ -  အစာကြွေးခြင်းကိုချက်ချင်း ရပ်ဆိုင်းပါ -  အဆွေးအမြေ့များကို ရှင်းလင်းပါ -  သဘာဝအညစ်အကြေးများကို ဖယ်ရှားပါ -  ရေသစ်လဲလှယ်ပေးခြင်း ပြုလုပ်ပါ -  ရေလှည့် ရေပန်းများပြုလုပ်ပေးပါ။ - ဦးဆန်းအောင် - ------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သော အကြံအဉာဏ် ရယူရန် - ထွက်တိုးဆော့ဝဲလ် Download ရယူလိုက်ပါ - https://bit.ly/htwettoev2 - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 https://htwettoe.com/organization/4 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
