ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- နောက်၄၈ နာရီအတွင်းအနောက်မြောက်ဘက်နဲ့ ၄၈ နာရီကျော်ရင် မြောက်အရှေ့မြောက်ဘက်ချိုးကွေ့ပြီးတဖြည်းဖြည်း အားလျော့သွားနိုင်မယ်လို့ အိန္ဒိယမိုးလေဝသဌာနကတော့ ခန့်မှန်းထားပေမဲ့၊ 92B ဆက်လက်ရွေ့လျှားနိုင်မဲ့ လမ်းကြောင်းညာဘက်ခြမ်းက ဧရာဝတီတိုင်း အနောက်ဘက်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတွေမှာ ဧပြီ ၁၁ မှ ၁၃ ရက်အတွင်း ၄၈ နာရီအတွင်း ၃၀ မီလီမီတာကျော်ကျော်(မိုးအသင့်အတင့်)ရွာနိုင်မဲ့ အခြေအနေရှိနေပါတယ်။ ဧပြီလ ၁၁ ရက် နဲ့ ၁၂ ရက်ကျော်သွားရင်တော့ မိုးရွာတဲ့အားလျော့သွားပြီး အနည်းငယ်သာဆက်ရွာနေနိုင်ပါမယ်။ အဲ့ဒီရက်အတွင်း လေတိုက်နှုန်း တနာရီ မိုင် ၂၀အထိတိုက်နိုင်ပါမယ်။ ဧရာဝတီတိုင်းရဲ့ ဧပြီလအတွင်း မိုးရွာနိုင်မဲ့ အခြေအနေက နှစ်စဉ်ရွာသွန်းမြဲအထက် ၁၀ မီလီမီတာခန့်အထိ မိုးပိုမိုရွာသွန်းနိုင်ကြောင်း Seasonal forecast လဲ ရှိနေပါတယ်။ ဧပြီ လအတွင်း မိုးရွာနိုင်တဲ့ရက်ပေါင်း ၉ ရက်ခန့်၊ တိမ်အနည်းငယ်ဖုံးအုပ်နိုင်တဲ့ရက် ၂၀ ရက်ခန့်ရှိနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်အရ တင်ပြလိုက်ပါတယ်။ - Weather source: U Win Naing - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ငါး/ပုစွန်ကန်များတွင် အောက်ပါအချက်များကို သတိပြုနိုင်ရန် အကြံပြုအပ်ပါသည်- - ၁။ အပူချိန်ရှော့(temperature shock) ဖြစ်ခြင်းကို ငါးများ ခံစားနိုင်ပါသည်။ ကန်ရေအနက်ကို ၅ ပေခွဲ၊ ၆ ပေထားရှိရန် လိုအပ်ပါသည်။ - ၂။ မိုးရွာနေစဉ်အတွင်း အစာကျွေးခြင်းကို ရှောင်ရှားပြီး နေပွင့်ချိန်သာ ကျွေးသင့်ပါသည်။ - ၃။ မိုးရွာပြီးနောက် ကန်ရေသြဇာကျဆင်းနိုင်ပါသဖြင့် မိမိကန်ကို စစ်ဆေးပေးရန် လိုအပ်ပါသည်။ - ၄။ ကန်ရေသြဇာကျဆင်းပါက ရေသြဇာပြန်တက်ရန် ဓာတ်မြေသြဇာ ပြန်ကျွေးရန်လိုအပ်ပါသည်။ - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးကောစင်တာနံပါတ် -09977910000 သို့ ဆက်သွယ်နို်ငပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
