cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာ့ကြက်သွန်ကို ထိုက်သင့်သည့်ဈေးပေး‌၍ တရုတ်၀ယ်မည်

. Market News
တရုတ်နိုင်ငံမှ ၀ယ်လိုအားတစ်ခုတိုးလာလျှင် လက်ရှိပြည်တွင်းဈေးကွက်တွင်ကြုံနေရသည့် ဈေးကျဆင်းမှုကို သက်သာစေမည်ဟုလည်းပြောပါတယ်။
  • အာဆီယံနိုင်ငံအချို့တွင် အိန္ဒိယကြက်သွန်နှင့် ဈေးကွက်ယှဉ်ပြိုင်နေရ‌သော မြန်မာ့ကြက်သွန်နီကို ထိုက်သင့်သည့်ဈေးပေး၍ တရုတ်နိုင်ငံမှ ၀ယ်ယူလိုနေကြောင်း ကုန်သည်အချို့က‌ ပြောပါတယ်။

    တရုတ်နိုင်ငံတွင်းအရောက် အခွံကျွတ်ခြင်း၊ ပျက်ဆီးခြင်းမရှိသော အရည်အသွေးအာမခံ‌ပေးထားသည့် ကြက်သွန်နီများကို လက်ရှိဈေးကွက်ပေါက်ဈေးထက် ဈေးပိုပေးပြီး၀ယ်ယူရန် ကမ်းလှမ်းလာတယ်လို့ ၎င်းတို့ကဆိုပါတယ်။ တရုတ်နိုင်ငံမှ ၀ယ်လိုအားတစ်ခုတိုးလာလျှင် လက်ရှိပြည်တွင်းဈေးကွက်တွင်ကြုံနေရသည့် ဈေးကျဆင်းမှုကို သက်သာစေမည်ဟုလည်းပြောပါတယ်။

    လက်ရှိမြန်မာ့ကြက်သွန်နီဈေးက ပြည်တွင်းမှာသာမက ပြည်ပဈေးကွက်မှာလည်း ဈေးကျဆင်းနေပါတယ်။ မန္တလေး၊ စစ်ကိုင်း၊ မကွေး စသောတိုင်းဒေသကြီးသုံးခုတွင် အဓိက စိုက်ပျိုးသည့်ကြက်သွန်နီ၏ တစ်နှစ် စိုက်ပျိုးထုတ်လုပ်မှုက ပြည်တွင်းစားသုံးမှုပမာဏဖူလုံရုံသာမက တန်ချိန်များစွာပိုလျှံနေသဖြင့် ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့ရောင်းချနေပါတယ်။

    ယခုနှစ်တွင် အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နိုင်ငံတို့ကို တင်ပို့ရောင်းချခဲ့ပါတယ်။ လက်ရှိ၎င်းဈေးကွက်များတွင် အိန္ဒိယ၊ ပါကစ္စတန် ကြက်သွန်နှင့် ဈေးယှဉ်ပြိုင် ရောင်းနေရခြင်းကြောင့် ဈေးနှုန်းများ လျော့ကျလာပါတယ်။

    မြန်မာ့ကြက်သွန်နီ ပြည်ပဈေးက အမျိုးအစားအလိုက် FOB တစ်တန်လျှင် အမေရိကန်ဒေါ်လာ၂၄၀မှ ၃၇၀အကြားဈေးဖွင့်ပါတယ်။ ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေးက အမျိုးအစားအလိုက် တစ်ပိသာ လျှင် ၁၁၀၀ကျပ်မှ ၂၄၀၀ကျပ် အကြားဈေးဖွင့်ပါတယ်။

    ပြည်တွင်းမှာသာမက ပြည်ပမှာပါ ကြက်သွန်ဈေးကျနေချိန် ယခုရက်ပိုင်းမြန်မာနိုင်ငံ အလယ်ပိုင်း‌‌ဒေသများတွင် ရွာသွန်းခဲ့သော အချိန်အခါမဲ့မိုးကြောင့် စိုက်ပျိုးထားသော ကြက်သွန်စိုက်ခင်းများ ထိခိုက်ပျက်ဆီးမှုရှိနိုင်ပြီး ရရှိလာသည့် ကြက်သွန်နီများ၏ အရည်အသွေးပိုင်းတွင်ထိခိုက်နိုင်သဖြင့် ဈေးကွက်အတွင်း ဈေးရရှိရန် မလွယ်ကူနိုင်ဘူးလို့ ကုန်သည်အချို့က ပြောပါတယ်။

    PT ( AMIA)

    --------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
2
comments
0
views
1520