cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ရှိ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း သုံးသပ်ချက်

. Market Analysis
ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ ယခင်လထက် အနည်းငယ်စျေးတက်လာတာတွေ့ရပါတယ်။ မတ်ပဲနှင့် ပဲစဥ်းငုံ စျေးနှုန်းကလက်ရှိမှာ တော့ အိန္ဒိယရဲ့ ဝယ်လိုအား အပေါ် လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။
  • ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ(အက်စ်ကျူ၊အာစီ)နဲ့ ပဲစဉ်းငုံနီ(အာစီ) တစ်တန်ဈေးနှုန်းများကို လေ့လာ သော် မတ်ပဲ(အက်စ်ကျူ၊ အာစီ)ဈေးနှုန်းမှာ ၃,၃၃၈,၆၂၅ိ/-ကျပ်၊ ပဲစဉ်းငုံနီ (အာစီ) ဈေးနှုန်းမှာ ၃,၀၀၈,၂၅၀ိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။   

    ယခင်လ (မတ်လ)နဲ့ ယခုလ (ဧပြီလ) နှိုင်းယှဉ်ချက်  

    ၂၀၂၅ ခုနှစ်၊ မတ်လနဲ့ ဧပြီလ (ပထမပတ်အထိ)ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ယခုလ မတ်ပဲ (အက်စ်ကျူ၊ အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများမှာ ယခင်လအောက်  ၁၇,၉၉၃/-ကျပ်တက်လာတာကို တွေ့ရပါတယ်။ ထို့အတူ ပဲစဉ်းငုံနီ(အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းလည်း ယခင်လ ထက် ၁၂၄၆၁/-ကျပ် တက်သွားပါတယ်။     

    ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း  

    ၂၀၂၅ ခုနှစ်၊ နှစ်စမှ လက်ရှိ ဧပြီလ ပထမပတ်အထိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများကို လေ့လာသော် မတ်ပဲ(အက်စ်ကျူ၊ အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလ တွင် ပျှမ်းမျှစျေးနှုန်းမှာ ၃,၃၈၅,၂၂၂ိ/ကျပ်၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ  ၃,၁၀၉,၅၄၂ိ/- ကျပ်၊ မတ်လတွင်   ၃၃၂၀၆၃၂ိ/-ကျပ်၊ ဧပြီလတွင် ၃,၃၃၈,၆၂၅ိ/-ကျပ် ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။  

      ပဲစဉ်းငုံနီ(အာစီ)ဈေးနှုန်းလေ့လာသော် တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီလ တွင် ပျှမ်းမျှစျေးနှုန်းမှာ ၂,၉၆၈,၂၂၂ိ/ကျပ်၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၂,၉၇၀,၅၂၆/- ကျပ်၊ မတ်လတွင် ၂,၉၉၅,၇၈၉ိ/-ကျပ်၊ ဧပြီလတွင် ၃,၀၀၈,၂၅၀    /-ကျပ် ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။    

    သုံးသပ်ခန့်မှန်းချက်  

    ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ ယခင်လထက် အနည်းငယ်စျေးတက်လာတာတွေ့ရပါတယ်။ မတ်ပဲနှင့် ပဲစဥ်းငုံ စျေးနှုန်းကလက်ရှိမှာ တော့ အိန္ဒိယရဲ့ ဝယ်လိုအား အပေါ် လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ 

    ထွက်တိုး  

    --------  

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။  

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download 


  • article
likes
3
comments
0
views
2721