cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မန္တလေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
မန္တလေးတောင်ဘက် ‌ကျောက်ဆည်/ကူမဲနှင့် မြောက် ဘက် စဉ့်ကူးနယ်များအပါအဝင် မန္တလေးမြို့နှင့်အနီးတဝိုက်တွင် ဧပြီ ၁၁ ရက် မှ ၁၉ - ၂၀ ရက်များအထိ မိုးဆက်ရွာနိုင်ပြီး မိုးအသင့်အတင့်မှမိုးများနိုင်ပါမည်။
  • မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် နေပြည်တော်တို့သည် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခဲ့သည့်ငလျင်ကြီး ၂ ကြိမ်(၇.၇) နှင့် (၆.၇)တို့ကို ခံစားခဲ့သည့် တိုင်းများဖြစ်ပါသည်။ 

    မန္တလေးတိုင်းအတွက် နောက်လာမည့် ၇ ရက် မိုးလေဝသအခြေအနေခန့်မှန်းပေးရာတွင် အောက်ပါတို့ကိုထည့်သွင်းစဉ်းစားပေးရန်လိုအပ်ပါမည်- 

    (၁) ငလျင်ဒဏ်ကြောင့်ထိခိုက်ထားပြီးသည့် အပေါ်ယံမြေထုလွှာအက်ကွဲပြီး(စိုက်ပျိုးမြေပျက်စီးခြင်း)၊ 

    (၂) မြေအောင်းရေတိုးခြင်း(Liquefaction)ကြောင့်မြေဆီလွှာအတွင်း ရေဓါတ်များနိုင်/ဆုတ်ယုတ်နိုင်ခြင်းနှင့် 

    (၃) ဘင်္ဂလားပင်လယ်အော်တွင် လတ်တလောဖြစ်ပေါ်လျှက်ရှိပြီး အထက်လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံအတွင်းသို့ဆက်လက်ဝင်ရောက်ကာ မိုးများနိုင်မည့် ကြိုတင်ခန့်မှန်းချက်များရှိနေခြင်း .. စသည်အခြေအနေများကြောင့် 

     မန္တလေးတောင်ဘက် ‌ကျောက်ဆည်/ကူမဲနှင့် မြောက် ဘက် စဉ့်ကူးနယ်များအပါအဝင် မန္တလေးမြို့နှင့်အနီးတဝိုက်တွင် ဧပြီ ၁၁ ရက် မှ ၁၉ - ၂၀ ရက်များအထိ မိုးဆက်ရွာနိုင်ပြီး မိုးအသင့်အတင့်မှမိုးများနိုင်ပါမည်။ မိုးများပြီးမြေအစိုဓါတ်များလာခြင်းကြောင့် မြေအိ/မြေကျွံခြင်းများဖြစ်ရန် ပိုမိုလွယ်ကူနိုင်သည်ကို သတိထားကြရပါမည်။ 

    Weather source: U Win Naing 

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် 

    • မန္တလေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်ပျိုးရာတွင် အထွက်တိုးစေရန်အတွက် ရွက်ဖျန်း အားဆေးများကို နှစ်ကြိမ်ပက်ဖျန်းပေးရန်လိုအပ်ပါသည်။ 
    • ပထမအကြိမ်အနေဖြင့် နှမ်းပင်(၂၀-၄၀)ရက် သားတွင် အမိုင်နိုအက်ဆစ်နှင့် နိုက်ထရိုဂျင်၊ ဖော့စဖောရက်များသော ရွက်ဖျန်းအားဆေးများ ပက်ဖျန်း ပေးခြင်းဖြင့် နှမ်းပင်စည်တောင့်တင်း တုတ်ခိုင်သန်မာ၍ အပင်ကြီးထွားမှုကောင်း၊ အပွင့်အားကောင်းပြီး ပိုးမွှားရောဂါဒဏ် ခံနိုင်စေပါသည် 
    • ဒုတိယအကြိမ်အနေဖြင့် နှမ်းပင်(၄၅-၅၀)ရက်သား ပန်းပွင့်စုံဖြိုင်ချိန် တွင် ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ ဘိုရွန်၊ မဂ္ဂနီဆီယမ်၊ နှင့် အခြားသော အနဲလိုအာဟာရဓာတ်များ ပါသော ရွက်ဖျန်းအားဆေးများ ပက်ဖျန်းပေးခြင်းအားဖြင့် ပန်းပွင့်များမကြွေကျဘဲ အညှာခိုင်ကာ ပန်းပွင့်တိုင်း သန္ဓေအောင်၍ အစေ့အဆံ ပြည့်ဝအောင်မြင်သော သီးရှဉ်းများများတင်စေပါသည်။  
    • ထို့အပြင် နှမ်းပင်များ ဟုန်ခြင်းမှကင်းဝေးစေပြီး အစေ့အစံ ကြီးထွားစေလိုပါက Mepiquat chloride ပါသော အပင်ဟော်မုန်းဆေးကို ပန်းမပွင့်မှီနှင့် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်တွင် ပက်ဖျန်းပေးနိုင်ပါသည်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ငါး/ပုစွန်ကန်များတွင် အောက်ပါအချက်များကို သတိပြုနိုင်ရန် အကြံပြုအပ်ပါသည်- 

    ၁။ အပူချိန်ရှော့(temperature shock) ဖြစ်ခြင်းကို ငါးများ ခံစားနိုင်ပါသည်။ ကန်ရေအနက်ကို ၅ ပေခွဲ၊ ၆ ပေထားရှိရန် လိုအပ်ပါသည်။ 

    ၂။ မိုးရွာနေစဉ်အတွင်း အစာကျွေးခြင်းကို ရှောင်ရှားပြီး နေပွင့်ချိန်သာ ကျွေးသင့်ပါသည်။ 

    ၃။ မိုးရွာပြီးနောက် ကန်ရေသြဇာကျဆင်းနိုင်ပါသဖြင့် မိမိကန်ကို စစ်ဆေးပေးရန် လိုအပ်ပါသည်။ 

    ၄။ ကန်ရေသြဇာကျဆင်းပါက ရေသြဇာပြန်တက်ရန် ဓာတ်မြေသြဇာ ပြန်ကျွေးရန်လိုအပ်ပါသည်။ 

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးကောစင်တာနံပါတ် -09977910000 သို့ ဆက်သွယ်နို်ငပါသည်။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
4266