မန္တလေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် နေပြည်တော်တို့သည် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခဲ့သည့်ငလျင်ကြီး ၂ ကြိမ်(၇.၇) နှင့် (၆.၇)တို့ကို ခံစားခဲ့သည့် တိုင်းများဖြစ်ပါသည်။ - မန္တလေးတိုင်းအတွက် နောက်လာမည့် ၇ ရက် မိုးလေဝသအခြေအနေခန့်မှန်းပေးရာတွင် အောက်ပါတို့ကိုထည့်သွင်းစဉ်းစားပေးရန်လိုအပ်ပါမည်- - (၁) ငလျင်ဒဏ်ကြောင့်ထိခိုက်ထားပြီးသည့် အပေါ်ယံမြေထုလွှာအက်ကွဲပြီး(စိုက်ပျိုးမြေပျက်စီးခြင်း)၊ - (၂) မြေအောင်းရေတိုးခြင်း(Liquefaction)ကြောင့်မြေဆီလွှာအတွင်း ရေဓါတ်များနိုင်/ဆုတ်ယုတ်နိုင်ခြင်းနှင့် - (၃) ဘင်္ဂလားပင်လယ်အော်တွင် လတ်တလောဖြစ်ပေါ်လျှက်ရှိပြီး အထက်လေပွေလှိုင်းအဖြစ် မြန်မာနိုင်ငံအတွင်းသို့ဆက်လက်ဝင်ရောက်ကာ မိုးများနိုင်မည့် ကြိုတင်ခန့်မှန်းချက်များရှိနေခြင်း .. စသည်အခြေအနေများကြောင့် - မန္တလေးတောင်ဘက် ကျောက်ဆည်/ကူမဲနှင့် မြောက် ဘက် စဉ့်ကူးနယ်များအပါအဝင် မန္တလေးမြို့နှင့်အနီးတဝိုက်တွင် ဧပြီ ၁၁ ရက် မှ ၁၉ - ၂၀ ရက်များအထိ မိုးဆက်ရွာနိုင်ပြီး မိုးအသင့်အတင့်မှမိုးများနိုင်ပါမည်။ မိုးများပြီးမြေအစိုဓါတ်များလာခြင်းကြောင့် မြေအိ/မြေကျွံခြင်းများဖြစ်ရန် ပိုမိုလွယ်ကူနိုင်သည်ကို သတိထားကြရပါမည်။ - Weather source: U Win Naing - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - မန္တလေးတိုင်းဒေသကြီးအတွင်း နှမ်းပင်များမှာ ယခုအချိန်မှာ ယင်ဖြူပိုး ကျရောက် တတ်ပါတယ်။ ယင်ဖြူကျနေပြီဆိုရင်တော့ နှမ်းရွက်တွေ အဝါရောင်ပြောင်းပြီး အရွက်ပုံစံမမှန်တာတွေ အရွက်နူတွန့်တွေ တွေ့ရတ်တ်ပါတယ်။
- ယင်ဖြူပိုး ကျရောက်မှုကို အမြဲကွင်းဆင်းစစ်ဆေးနေပါ။
- အပင်ပုပြီးဝါနေတာမျိုးတွေ့ရပါက တစ်ခါတည်းနုတ်ပြီးရှင်းပစ်ပေးပါ။
- အသုံးနိုင်တဲ့ဆေး တွေကတော့ Spinosad, Spirotetramat, Pyriproxyfen, Fipronil+ Bifenthrin, Pymetrozine+ Nintepyram ဖျန်းပေးနိုင်ပါတယ်။
- ပိုးသတ်ဆေး အမျိုးအစားများကို တလှည့်စီ လှည့်၍အသုံးပြုပါ။
- နိုက်ထရိုဂျင်ရွက်ဖျန်းမြေဩဇာ အလွန်အကျွံမသုံးပါနဲ့။
- အပူချိန်မြင့်ပြီး စိုထိုင်းဆနည်းတဲ့အခြေအနေက ယင်ဖြူပွားများဖို့ကိုအားပေးတဲ့အတွက် စိုက်ခင်းစိုထိုင်းဆကိုချိန်ညှိပေးပါ
 - ငါး/ပုစွန် ကန်များအတွက် အကြံပြုချက် - အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ငါး/ပုစွန်ကန်များတွင် အောက်ပါအချက်များကို သတိပြုနိုင်ရန် အကြံပြုအပ်ပါသည်- - ၁။ အပူချိန်ရှော့(temperature shock) ဖြစ်ခြင်းကို ငါးများ ခံစားနိုင်ပါသည်။ ကန်ရေအနက်ကို ၅ ပေခွဲ၊ ၆ ပေထားရှိရန် လိုအပ်ပါသည်။ - ၂။ မိုးရွာနေစဉ်အတွင်း အစာကျွေးခြင်းကို ရှောင်ရှားပြီး နေပွင့်ချိန်သာ ကျွေးသင့်ပါသည်။ - ၃။ မိုးရွာပြီးနောက် ကန်ရေသြဇာကျဆင်းနိုင်ပါသဖြင့် မိမိကန်ကို စစ်ဆေးပေးရန် လိုအပ်ပါသည်။ - ၄။ ကန်ရေသြဇာကျဆင်းပါက ရေသြဇာပြန်တက်ရန် ဓာတ်မြေသြဇာ ပြန်ကျွေးရန်လိုအပ်ပါသည်။ - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးကောစင်တာနံပါတ် -09977910000 သို့ ဆက်သွယ်နို်ငပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
