ရှမ်းပြည်နယ်အတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ထူးခြားမိုးလေဝသဖြစ်စဉ်(လေဖိအားနည်းရပ်ဝန်းဖြစ်နေဆဲအချိန်အတွင်း၊ နိုင်ငံတစ်နိုင်ံလုံး မိုးရွာနိုင်ပြီးဒေသတချို့မှာ နေရာကွက်၍ မိုးများခြင်းဖြစ်လာနိုင်ပါသည်၊ ရှမ်းပြည်နယ်၏ မိုးလေဝသအခြေအနေသည် - ရှမ်းပြည်နယ်(မြောက်ပိုင်းမှာ မိုးအနည်းငယ်မှ အသင့်အတင့်)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့ပိုင်းတို့တွင် မိုးအသင့်အတင့်မှ မိုးများနိုင်မည့်အခြေအနေများ၊ ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အတွင်း ဖြစ်လာနိုင်ပါမည်။ - နောက် ၄ ရက်အတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်းမှ မြို့အချို့တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်ခွဲခန့်အထိ မိုးရွာသွန်းကာ မိုးများနိုင်သောကြောင့် MMWeather မှတင်ပေးထားသည့် ရှမ်းပြည်နယ်မြို့များအတွက် ၄ ရက် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်း weather widgets page - https://www.mmweather.org/divisional-cities-weather/shan-state မှာလည်းကြည့်ပေးကြပါရန် အကြံပြုပါသည်။ - ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများအတွင်း မိုးအသင့်အတင့်မှ မိုးများသည့်အခါ ရုတ်တရက် တောင်ကျချောင်းရေကျဆင်းပြီး ရေကြီးနိုင်ခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးများဖြစ်လာနိုင်သည့်အပြင် မတ်လ ၂၈ ရက်ငလျင်ကြီးလှုပ်စဉ်က ထိခိုက်ထားသည့်ဒေသများ၌ မြေသားပျော့အိပြီး မြေပြိုနိုင်ခြင်းကို သတိပြကြပါရန် အသိပေးထားလိုပါသည်။ - Weather source: U Win Naing - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ပူပြင်းသော ရာသီတွင် ငါးမွေးတောင်သူများသည် မိမိ၏ငါးမွေးကန်ကို နေ့စဉ်အောက်ပါအချက်များ ကြည့်ရှုစစ်ဆေးသင့်ပါသည်။ ပုံမှန်မဟုတ်သော လက္ခဏာများမှာ- -  ငါး၊ပုစွန်များ ကန်ဘောင်ရေစပ်တွင် တက်နေခြင်း -  နံနက်စောစောရေမျက်နှာပြင်အထက်တွင် မလှုပ်မရှားနေ၍ လက်ဖြင့် လွယ်ကူစွာဖမ်းနိုင်ခြင်း -  ငါး၊ ပုစွန် အသေများတွေ့ရှိခြင်း -  ရေညှိဖတ်များ ရေတွင် မျှောနေသည်ကိုတွေ့ရခြင်း -  ရေအရောင်ပြောင်းလဲခြင်း (စိမ်း ၊စိမ်းရင့် ၊နီ) - (ရေကြည်နှုန်း ၂၀စင်တီမီတာအောက် လျှော့နည်းနေခြင်း) -  နေ့အချိန်တွင် ငါး၊ ပုစွန်များ ရေမျက်နှာပြင်ပေါ်တွင် ထိတ်လန့်စွာ ကူးခတ်နေခြင်း -  ကန်ရေအပူချိန် ၃၂ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေခြင်း -  ကန်ရေမျက်နှာပြင်ပေါ်တွင် အမြုပ်များဖြစ်ပေါ်နေခြင်း - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးကောစင်တာနံပါတ် -09977910000 သို့ ဆက်သွယ်နို်ငပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
