cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရန်ကုန်တိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ငါးကန်များတွင် ကန်ရေအပူချိန်သည် ၃၀ မှ ၃၂ ဒီဂရီစင်တီဂရိတ် နှင့် အထက်ရှိနေတတ်ပါသည်။ ထိုအချိန်တွင် မိုးရွာသွန်းပါက ကန်ရေအပူချိန်သည် ချက်ချင်း ကျဆင်းပြီး ငါးများအတွက်ရှော့ဖြစ်သေ ဆုံးခြင်းများရှိတတ်ပါသည်။
  • ၂၀၂၅ ဧပြီလ ၁၄ ရက် မှ ၂၀ ရက်အထိ  

    ===== 

    ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းက မြို့နယ်တွေမှာ ဧပြီ ၂၀ ရက်အထိ နေသာချိန်ရှိပြီး မိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။ 

    တောင်ဘက်နဲ့အနောက်တောင်ဘက်ကဝင်လာတဲ့ မိုးတိမ်တောင်များရွေ့လျားရာလမ်းတစ်လျှောက် ခေတ္တခဏမျှ မိုးသည်းထန်နိုင်ပါတယ်။ 

    ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းပိုင်းတွေအတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ဘက်မှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း ဖြစ်လာရင်တော့ ကမ်းရိုးတန်းအနီးမှ စိုက်ပျိုးရေးတောင်သူများ လေ/မိုးများနိုင်တာကို သတိထားကြရမဲ့ အချိန်ဖြစ်ပါတယ်။ ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်လာရင် ကြိုတင်အသိပေးတင်ပြပေးသွားပါမယ်။ 

    ဒီတစ်ပတ်အတွင်းမှာ အနောက်ဘက်အရပ်မှ လေတိုက်နှုန်း တစ်နာရီ ၅ မိုင်မှ ၁၂ မိုင်ခန့်ရှိနိုင်ပြီး ပျမ်းမျှ အမြင့်ဆုံးအပူချိန် ၃၅°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၆°C ရှိနိုင်ပါမယ်။ 

    Weather source: U Win Naing 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    နွေရာသီကာလများတွင် အပူချိန်မြင့်တက်နေသဖြင့် ငါးကန်များတွင် ကန်ရေအပူချိန်သည် မြင့်တက် နေတတ်ပါသည်။ ငါးကန်များတွင် ကန်ရေအပူချိန်သည် ၃၀ မှ ၃၂ ဒီဂရီစင်တီဂရိတ် နှင့် အထက်ရှိနေတတ်ပါသည်။  

    ထိုအချိန်တွင် မိုးရွာသွန်းပါက ကန်ရေအပူချိန်သည် ချက်ချင်း ကျဆင်းပြီး ငါးများအတွက်ရှော့ဖြစ်သေ ဆုံးခြင်းများရှိတတ်ပါသည်။  

    ကန်ရေအနက် ၅ပေ ရှိပါက ကန်ရေအပူချိန်ပြောင်းလဲခြင်းသည် သက်သာသော လည်း ကန်ရေအနက် (၃)ပေနှင့်အောက်ရှိသောကန်များတွင် အပူချိန်ပြောင်းလဲခြင်း မြန်ဆန်ပြီး ငါးများရှော့ဖြစ်တတ်ပါသည်။  

    ထို့ကြောင့်ကန်ရေအနက်ကို အနည်းဆုံး (၅)ပေထားရှိရန်လိုအပ်ပါသည်။ 

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးကောစင်တာနံပါတ် -09977910000 သို့ ဆက်သွယ်နို်ငပါသည်။ 

    ---------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437  


  • article
likes
8
comments
0
views
3782