cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

စိုက်ပျိုးတောင်သူများအတွက် မိုးဦးကာလခန့်မှန်းသုံးသပ်ချက်

. Weather News
တစ်နည်းပြောရရင် မိုးဦးနဲ့ မိုးကြိုကာလတွေအတွင်းမှာ မိုးများနိုင်မယ်လို့ ခန့်မှန်းတာဖြစ်ပါတယ်။ ဧပြီလ ၁၆ ရက် မိုးကြိုကာလအတွင်း ဝင်လာပြီးရင်တော့ မွန်းလွဲ/ညနေပိုင်းတွေမှာ မိုးအနည်းငယ်နေရာကွက်ပြီး ရွာနိုင်ပါမယ်။
  • article
  • ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းက မြို့နယ်တွေမှာ ဧပြီ ၂၀ ရက်အထိ နေသာချိန်ရှိပြီး မိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။ တောင်ဘက်နဲ့အနောက်တောင်ဘက်ကဝင်လာတဲ့ မိုးတိမ်တောင်များရွေ့လျားရာလမ်းတစ်လျှောက် ခေတ္တခဏမျှ မိုးသည်းထန်နိုင်ပါတယ်။ 

    ဧပြီလကုန်ပိုင်းနဲ့ မေလဆန်းပိုင်းတွေအတွင်း ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ဘက်မှာ လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း ဖြစ်လာရင်တော့ ကမ်းရိုးတန်းအနီးမှ စိုက်ပျိုးရေးတောင်သူများ လေ/မိုးများနိုင်တာကို သတိထားကြရမဲ့ အချိန်ဖြစ်ပါတယ်။ ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်လာရင် ကြိုတင်အသိပေးတင်ပြပေးသွားပါမယ်။ 

    ဒီတစ်ပတ်အတွင်းမှာ အနောက်ဘက်အရပ်မှ လေတိုက်နှုန်း တစ်နာရီ ၅ မိုင်မှ ၁၂ မိုင်ခန့်ရှိနိုင်ပြီး ပျမ်းမျှ အမြင့်ဆုံးအပူချိန် ၃၅°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၆°C ရှိနိုင်ပါမယ်။ 

     

    Seasonal Forecast 

    ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအတွက် Meteoblue မှ သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များမှ မိုးကြိုနဲ့ မိုးဦးကာလ(ဧပြီ ၁၄ ရက် မှ ဇွန်လကုန်အထိ)မိုးရွာနိုင်ချေခန့်မှန်းချက်များကိူ အခုလိုခန့်မှန်းထားပါတယ်။ 

    ရန်ကုန်တိုင်းအတွက် ဧပြီလ၊ မေလ နဲ့ ဇွန်လအတွင်း မိုးရွာသွန်းနိုင်မဲ့ အခြေအနေများသည် နှစ်စဉ်ပုံမှန်ရွာသွန်းမြဲအထက် ၂၀ မီလီမီတာ(၀.၈ လက်မ ခန့်) ပိုမိုရွာသွန်းနိုင်ပါမယ်။ တစ်နည်းပြောရရင် မိုးဦးနဲ့ မိုးကြိုကာလတွေအတွင်းမှာ မိုးများနိုင်မယ်လို့ ခန့်မှန်းတာဖြစ်ပါတယ်။ ဧပြီလ ၁၆ ရက် မိုးကြိုကာလအတွင်း ဝင်လာပြီးရင်တော့ မွန်းလွဲ/ညနေပိုင်းတွေမှာ မိုးအနည်းငယ်နေရာကွက်ပြီး ရွာနိုင်ပါမယ်။ 

    အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်သည့်အခြေအနေ 

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း အယ်လ်နီညို-အစွန်းရောက်ရာသီဥတုဖြစ်ခဲ့တဲ့နှစ်မှာ အနောက်တောင်မုတ်သုံလေသည် ပုံမှန်ဝင်ရောက်ရမဲ့ ရက်အတွင်း မေလ ၁၉ ရက် မှ ၂၂ ရက်အတွင်းမှာ ဝင်ရောက်ခဲ့ပါတယ်။ ဒီနှစ်မှာလဲ အနောက်တောင်မုတ်သုံလေဝင်ရောက်မှုသည် ပုံမှန်ခန့်သာဖြစ်နိုင်ကြောင်း ခန့်မှန်းရပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ---------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


likes
15
comments
1
views
4142