ပဲခူးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ပဲခူးတိုင်း ဧပြီ ၂၂ ရက် မှ ၂၅ ရက်အထိ ၇ ရက် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းခြင်း - ပဲခူးတိုင်း၏ မိုးလေဝသအခြေအနေဖြစ်ပေါ်ပုံ အကျဉ်း - ပဲခူးတိုင်းမှာ ပဲခူးရိုးမရဲ့အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး ပဲခူး-အရှေ့/ပဲခူး-အနောက်လို့ ခွဲခြားခေါ်ကြပါတယ်။ - အနောက်ဘက်ဘင်္ဂလားပင်လယ်အော်နဲ့ တောင်ဘက် ကပ္ပလီပင်လယ်(မုတ္တမကွေ့)ဘက်မှ ဝင်လာတဲ့ မိုးလေဝသအခြေအနေတွေက မိုးကြို/မိုးဦးနဲ့ မိုးလယ်ကာလတွေအထိရှိတတ်ပြီး၊ - တောင်တရုတ်ပင်လယ်နဲ့ထိုင်းပင်လယ်ကွေ့ဘက်ကဝင်လာတတ်တဲ့ မိုးလေဝသအခြေအနေတွေက မိုးနှောင်းနဲ့ မိုးလွန်ကာလတွေမှာ ရှိတတ်ပါတယ်။ - 7 Days forecast - အခု ဧပြီ ၁၅ ရက်မှ ၂၂ ရက်အထိ ၇ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်မှာ - ပဲခူးတိုင်းအနောက်ပိုင်းက ၁၉-၂၀ ရက်လောက်အထိ ထစ်ချုန်းနိုင်တဲ့ အခြေအနေတွေဖြစ်ပေါ်ပြီး၊ မိုးရွာနိုင်ချေကတော့ ရွာတယ်ဆိုရုံအတော်နည်းနည်းပါဘဲ။ ပဲခူးတိုင်းအရှေ့ခြမ်းမှာလဲ မိုးရွာနိုင်မဲ့ အခြေအနေက ၁၉-၂၀ ရက်တေတွအထိသာရှိနိုင်ပါမယ်။ ပဲခူးအရှေ့ခြမ်းက အနောက်ခြမ်းထက်တော့ မိုးရေချိန် နည်းနည်းပိုနိုင်ပါတယ်။ ပဲခူးတိုင်းမှာ သတိထားသင့်တာတခုက နံနက် ၁၁ နာရီက နေ့လည် ၁ နာရီလောက်အထိ အချိန်အတွင်းမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း အမြင့်ဆုံး level အထိမြင့်တက်နေတာပါဘဲ။ ယေဘူယျအားဖြင့် ပဲခူးတိုင်းဒေသအားလုံးမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းပြီး အရှေ့ဘက်ခြမ်းမှာ ဒေသအလိုက်မိုးများတာတော့ ဖြစ်နိုင်ပါမယ်။ - ပဲခူးတိုင်းအတွင်းက မိမိနေထိုင်လုပ်ကိုင်ရာဒေသနဲ့ နီးစပ်တဲ့ မြို့များ၏ ၄ ရက်စာမိုးလေဝသအခြေအနေကြိုတင်ကြည့်နိုင်ရန် Weather Widget တွေလဲ တင်ပေးထားပါတယ် - https://www.mmweather.org/divisional-cities-weather/bago-div -  - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြောင်းစိုက်တောင်သူများထံသို့ - သီးနှံကာကွယ်ရေးဆိုင်ရာ အကြံပြုချက် - ပြောင်းသီးနှံအတွက် မြေဩဇာအနေနဲ့ စိုက်ပြီး ၁၅-၂၀ ရက်တွင် NPK အချိုးညီသောမြေဩဇာ+ ဆာလဖာ (S) ပါဝင်သောမြေဩဇာ ၅၀ ကီလိုထည့်ပေးပါ။
- ၃၀ ရက်သားဘောင်လုံးချိန်တွင် NPK အချိုးညီမြေဩဇာကိုပဲ နောက်ထပ် ၅၀ ကီလိုထည့်ပေးပါ။
- ဖူးစားပြောင်းဆိုရင် တစ်ပင်ကို ၁ ဖူးတည်းသာယူသင့်ပါတယ်။ ထိပ်ဆုံးက အဖူးကိုယူပါ။
- ထိပ်ဆုံးအဖူးက ဝတ်မှုန်ကောင်းကောင်းကူးထားတဲ့ အကြီးဆုံးအဖူးဖြစ်ပါတယ်။
 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ရုတ်တရက် မိုးရွာသွန်းသော အချိန်တွင် ကန် ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း ၊ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြရပါမည။် မိုးရွာပြီး နောက်တစ်နေ့တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကို ပြန်လည် တိုင်းတာပြီး ကျဆင်းနေပါက တစ်ဧက လျှင် ထုံး (၁၅)ပိဿာ ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။ - ကန်ရေဩဇာဓါတ်လည်း ကျဆင်းပျောက်ဆုံးခြင်းများလည်း ကြုံတွေ့ရပါမည်။ ထို့ကြောင့် မိုးရွာသွန်း ပြီးနောက် ရေကြည်နှုန်း (၁၈)လက်မကျော်နေပါက ပုလဲနှင့်တီစူပါ မြေဩဇာများပြန်လည်ထည့်သွင်းပေးပါရန် အကြံပြုတင်ပြအပ်ပါသည်။ - ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
 
 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
