cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
မနက် ၁၁ နာရီ မှ နေ့လည် ၁ နာရီအချိန်အတွင်းမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်တက်နေနိုင်တာကိုလဲ တွေ့နေရတာကြောင့် နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ အလုပ်လုပ်ကိုင်ကြသူများ သတိထားကြဘို့တော့ မှာချင်ပါတယ်။
  • ဧပြီလ ၁၆ ရက် မှ ၂၂ ရက်အထိ မကွေးတိုင်းရဲ့ မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေအရ -  

    မိုးရွာနိုင်မဲ့အခြေအနေလျော့နည်းပြီး နေ့အပူချိန်များမြင့်တက်လာနိုင် 

    ဒီနေ့ဧပြီ ၁၆ ရက်နေ့မှာ မိုးကြိုကာလအတွင်းကိုတော့ စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။ 

    မကွေးတိုင်းအတွင်း မိုးရွာနိုင်ချေ မိုးရွာနိုင်မဲ့ ရာခိုင်နှုန်း အတော်နည်းပြီး ၂၁-၂၂ ရက်တွေမှာ အပူချိန်တွေ ၄၀°C အထက်အထိ ပြန်လည်မြင့်တက်လာနိုင်ကြောင်းတွေ့ရပါတယ်။ 

    အဲ့ဒီနေ့တွေမှာ ခံစားရတဲ့ အပူချိန် ၄၃°Cအထိ မြင့်နေနိုင်ပါတယ်။ 

    မနက် ၁၁ နာရီ မှ နေ့လည် ၁ နာရီအချိန်အတွင်းမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်တက်နေနိုင်တာကိုလဲ တွေ့နေရတာကြောင့် နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ အလုပ်လုပ်ကိုင်ကြသူများ သတိထားကြဘို့တော့ မှာချင်ပါတယ်။ 

    မကွေးတိုင်းဒေသကြီးနှမ်းစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေးအကြံပေးချက်

    ယခုရက်ပိုင်းအတွင်း ရွာသွန်းခဲ့သောမိုးရေကြောင့် မကွေးတိုင်းရှိ နှမ်းစိုက်တောင်သူများ အထူး သတိပြုရမည့် နှမ်းရောဂါမှာ နှမ်းရိုးမဲရောဂါဖြစ်သည်။ နှမ်းရိုးမဲရောဂါသည် ရေဝပ်သော နှမ်းခင်းများတွင် ကျရောက်တတ်ပါသည်။ နှမ်းပင်၏ ပင်ခြေပိုင်း၌ အညိုရောင် အနာကွက်ငယ် စတင်ဖြစ်ပေါ်သည်။ ရောဂါပြင်းထန်ပါက ရောဂါရအပိုင်းရှိ တစ်ရှုးသားများ ညိုမဲလာပြီး အချိုု့မှာ အနာချိုင့်ဖြစ်လာသည်။ အခေါက်များလည်း ဖွာလန်၍လာသည်။ ယင်းတစ်ရှုးသားပေါ်တွင် ခပ်မဲမဲအဖုလေးများ ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် နှမ်းပင်ခြေရင်းတွင် လုံးဝမဲနက်ပြီး အပင်ပေါ်ပိုင်းလည်း အဝါရောင်ပြောင်းကာ ညှိုးစပြုလာသည်။ နောက်ဆုံး တပင်လုံးမဲခြောက်၍ သေသွားသည်။ ရောဂါရနှမ်းရိုးကို ထက်ခြမ်းခွဲကြည့်ပါက မှိုမျှင်စုများတွေ့နိုင်သည်။

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ-

    ၁. ရောဂါကျအပင်အစိတ်အပိုင်းများအားမီးရှို့ဖျက်စီးပါ။

    ၂. ရေသွင်းပြီး၊ မိုးရွာသွန်းပြီးချိန်တွင် အပင်ခြေ ရေမဝပ်စေရန် ဂရုစိုက်ပါ။

    ၃. ရေ အလွယ်တကူထုတ်နိုင်ရန် ရေနုတ်မြောင်းများကို စိုက်ချိန်မှစ၍ ထယ်ကြောင်းပေး၍ ပြုလုပ်ထားပါ။

    ၄. ပုလဲ မြေဩဇာ များများကျွေးမှုကို ရှောင်ပါ။ ပိုတက်ရှ် မြေဩဇာကို အချိုးကျ သုံးစွဲပါ။

    ၅. ဓာတုဆေးများအနေဖြင့် Propamocarb hydrochloride၊ Trifloxystrobin + Tebuconazole နှင့် Cymoxanil + Mancozeb ကဲ့သို့သောမှိုသတ်ဆေးများအသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    - အခုအချိန်ဟာ ရာသီဥတုပူပြင်းတဲ့အချိန်ကို ရောက်လာပြီဖြစ်ပါတယ်။ ငါးရောဂါအဖြစ်များပြီး အသေအပျောက်များတဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။ 

    - ငါးတွေ အောက်ဆီဂျင်ပြတ်လပ်မှုကို ခံစားရနိုင်တဲ့အနေအထားလည်းဖြစ်ပါတယ်။ 

    - အပူချိန်ကြောင့် ငါးကန်အောက်ခြေမှ ပစ္စည်းတွေ ပုပ်သိုးတာ၊ အစာကြွင်း၊ အစာကျန်တွေ ပုပ်သိုးတာတွေ ပိုဖြစ်ပြီး ငါးတွေကို ဆိုးကျိုးလည်း ဖြစ်စေနိုင်ပါတယ်။ 

    - ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ထားခြင်းဖြင့် မိမိတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ အနေအထားတွေ လုပ်ထားရမှာဖြစ်ပါတယ်။ 

    - ငါးကန်အပူချိန်ကို အမြဲတိုင်းတာပြီး ၃၅°Cထက် မပိုစေအောင် လုပ်ဆောင် ပေးရပါလိမ့်မယ်။ 

    - ရေကိုလည်း တစ်လတစ်ကြိမ်ခန့် လဲလှယ်ပေးခြင်းဖြင့် အောက်စီဂျင် ပြတ်လပ်မှုနဲ့ ငါးတွေရောဂါဖြစ်ပွါး ခြင်းများကို ကာကွယ်ပေးပါလိမ့်မယ်။ 

    - အစာတွေကိုလည်း ချင့်ချိန်ပြီး ကျွေးရမယ့် ကာလဖြစ်ပါတယ်။ 

    - ငါးကန်အောက်ခြေမှာရှိတဲ့ ပစ္စည်းတွေနဲ့ အစာကြွင်းအစာကျန်တွေ ပုပ်သိုးတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးကြရမှာဖြစ်ပါတယ်။ 

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ 

    ---------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
  • article
  • article
  • article
likes
6
comments
0
views
5160