cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
အင်းဆက်တွေဟာ ပရိုတင်းကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ဒါတွေထဲမှ ယင်မဲဟာ ယနေ့ခေတ်မှာ နာမည် ကြီးလာတဲ့အတွက် ယင်မဲနဲ့ပတ်သက်တဲ့အကြောင်းလေး ရေးသားလိုက်ပါတယ် ခင်ဗျာ။
  • ဧရာဝတီတိုင်း ဧပြီလ ၁၇ ရက် မှ ၂၃ ရက် အထိ ၇ ရက် မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက် 

    အနောက်ဘက်နှင့် အနောက်တောင်ဘက် ပင်လယ်ပြင်မှ တိုက်ခတ်လာသေည့် လေစီးကြောင်းနှုင့်အတူရွေ့လျားဝင်ရောက်လာသည့် မိုးတိမ်များကြောင့် ဧပြီ ၂၁ ရက်နေ့အထိ ဧရာဝတီတိုင်းအတွင်း မိုးထစ်ချုန်းရွာနိုင်မည့်အခြေအနေများဖြစ်ပေါ်နေနိုင်ပါမည်။ 

    မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့်နီးသော မြို့နယ်များတွင် မိုးရွာနှုန်းပိုနိုင်ပြီး ဧရာဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်း(အပန်းဖြကမ်းခြေများဘက်)တွင် ယခုတစ်ပတ်အတွင်း မိုးလျော့နည်းရွာနိုင်ကြောင်းကြိုတင်ခန့်မှန်းချက်များတွင်တွေ့ရပါသည်။ 

    ဧရာဝတီတိုင်း၏ မြောက်ဘက်အစွန်းဒေသများတွင် ၂၂ ရက်နေ့နောက်ပိုင်း နေ့အပူချိန်များ ၄၀°C အထက်အထိ မြင့်တက်လာနိုင်ပါမည်။  

    ဧရာဝတီတိုင်းအတွက် ၄ ရက်စာ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်များကြည့်ရန်: https://www.mmweather.org/divisional-cities-weather/ayarwaddy-div 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    အစားထိုးအစာများတွင် အင်းဆက် များမှရရှိသော အစားအစာများသည် တစ်ခုအပါအဝင်ဖြစ်လာပါတယ်။  

    အင်းဆက်တွေဟာ ပရိုတင်းကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ဒါတွေထဲမှ ယင်မဲဟာ ယနေ့ခေတ်မှာ နာမည် ကြီးလာတဲ့အတွက် ယင်မဲနဲ့ပတ်သက်တဲ့အကြောင်းလေး ရေးသားလိုက်ပါတယ် ခင်ဗျာ။   

    - ယင်မဲကောင်တွေဟာ သဘာဝအလျောက်နေထိုင်နိုင်ပြီး ပရိုတင်း ၄၂ ရာခိုင်နှုန်းနဲ့ အဆီ ၅.၈ ရာခိုင်နှုန်းပါဝင်ပြီး ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်း ရနိုင်ပါတယ်။   

    - တိရစ္ဆာန်အစားအစာလိုအပ်ချက်ကို လျှော့ချနိုင်ခြင်း။  

    - စက်ရုံထွက်အမှုန့်များကို မှီခိုရန်မလိုခြင်း။  

    - အော်ဂဲနစ်အလေအလွင့်များ အသုံးပြု မွေးမြူနိုင်ခြင်း။  

    - တီကောင်အုပ်စုထက် အော်ဂဲနစ်အလေအလွင့်များကို ဆွေးမြေ့မှုမြန်စေခြင်း။   

    - တိရစ္ဆာန်များ၏ အစာစားချင်စိတ်ကို မြှင့်တင်ပေးခြင်း။   

    - အော်ဂဲနစ်စိုက်ပျိုးရေး ရေရှည်တည်တံ့စေခြင်း။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
12
comments
0
views
4093