cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရန်ကုန်၊ ဘုရင့်နောင် စျေးကွက်ရှိကြက်သွန်နီစျေးကွက် သုံးသပ်ချက်

. Plant Nutrition
မြန်မာ့ကြက်သွန်နီကို ထိုက်သင့်သည့်ဈေးပေး၍ တရုတ်နိုင်ငံမှ ၀ယ်ယူလိုနေကြောင်း ကုန်သည်အချို့က‌ ပြောနေကြတာကိုသိရှိရပါတယ်။
  • ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၉၅၆/-ကျပ်အထိလည်းကောင်း၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁၉၅၆/-ကျပ်လည်းကောင်း၊ ဆိပ်ဖြူလတ်သန့် စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၈၁၇ိ/-ကျပ်အထိလည်းကောင်း၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၂၅၆/-ကျပ်အထိလည်းကောင်း၊ အသီးသီးဈေးပေါက်နေပါတယ်။


    ၂၀၂၅ ခုနှစ်၊ မတ်လနှင့် ဧပြီလ နှိုင်းယှဉ်ခြင်း


    ၂၀၂၅ ခုနှစ်၊ ဧပြီလ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းကို ယခင်လ ( မတ်လ) ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်သော် အမျိုးအစားအားလုံးနီးပါး အနည်ငယ်စျေး ကျလာတာတွေ့ရပါတယ်။ ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၈၁ိ/-ကျပ်၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁၁၁ိ/-ကျပ်၊ ဆိပ်ဖြူလတ်သန့် စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၇၉ိ/-ကျပ်၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၈၃ိ/-ကျပ် နီးပါး ကျဆင်းလာတာကို တွေ့ရပါတယ်။


    ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း


    ၂၀၂၅ ခုနှစ် မတ်လ အထိ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) ၏ ဇန်နဝါရီလ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၇၂/-ကျပ်၊ ဖေဖော်ဝါရီ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၀၅/-ကျပ်နှင့် မတ်လတွင် ၂၀၃၆/- ကျပ်၊ ဧပြီလ ဒုတိယ အပတ်ထိ ပျှမ်းမျှတစ်ပိဿာစျေးနှုန်းမှာ ၁၉၅၆/ကျပ် ဖြင့် သီးသီးဈေး ပေါက်နေပါတယ်။


    ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၉၀၆/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၈၈/- ကျပ်၊ မတ်လတွင် ၂၀၆၆/-ကျပ်၊ ဧပြီလ ဒုတိယ အပတ်ထိ ပျှမ်းမျှတစ်ပိဿာစျေးနှုန်းမှာ ၁၉၅၆/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။


    ဆိပ်ဖြူလတ်သန့် ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၆၇၂ိ/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၀၂ိ/- ကျပ်၊ မတ်လတွင် ၁၉၉၆/-ကျပ်၊ ဧပြီလ ဒုတိယ အပတ်ထိ ပျှမ်းမျှတစ်ပိဿာစျေးနှုန်းမှာ ၁၈၁၇ိ/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။


    ဆိပ်ဖြူလတ်ချော ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၈၂၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၁၉၁၂/- ကျပ်၊ မတ်လတွင် ၁၄၃၉/-ကျပ်၊ ဧပြီလ ဒုတိယ အပတ်ထိ ပျှမ်းမျှတစ်ပိဿာစျေးနှုန်းမှာ ၁၂၅၆/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။


    ဈေးကွက် သုံးသပ် ခန့်မှန်းချက်


    စားဖိုဆောင်သီးနှံ ကြက်သွန်နီ၏ တပိဿာ စျေးနှုန်းများကို သုံးသပ်ကြည့်ပါက စျေး ပထမလေးလပတ် အတွင်း စျေးက တဖြေးဖြေး နဲ့ အကျ ဘက်ကို ဦးတည်လာတာတွေ့ရပါတယ်။

    အာဆီယံနိုင်ငံအချို့တွင် အိန္ဒိယကြက်သွန်နှင့် ဈေးကွက်ယှဉ်ပြိုင်နေရ‌သော မြန်မာ့ကြက်သွန်နီကို ထိုက်သင့်သည့်ဈေးပေး၍ တရုတ်နိုင်ငံမှ ၀ယ်ယူလိုနေကြောင်း ကုန်သည်အချို့က‌ ပြောနေကြတာကိုသိရှိရပါတယ်။

    တရုတ်နိုင်ငံမှ ၀ယ်လိုအားတစ်ခုတိုးလာလျှင် လက်ရှိပြည်တွင်းဈေးကွက်တွင်ကြုံနေရသည့် ဈေးကျဆင်းမှုကို သက်သာစေမည်ဟု သုံးသပ်ပြောဆိုနေကြပါတယ်။


    ထွက်တိုး

    ---------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
5
comments
0
views
2921