cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မန္တလေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
မန္တလေးမြို့ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက် မိုးကုတ်၊ ပြင်ဦးလွင်ခရိုင်တွေဘက်မှာတော့ ၂၄ ရက်နေ့အထိ မိုးတိမ်တွေဖြစ်ထွန်းပြီး မိုးပါးပါးရွာနိုင်ပါတယ်၊ နေရာကွက်ပြီးတော့လဲ မိုးအသင့်အတင့်ရွာနိုင်ပါတယ်။
  • ဧပြီလ ၁၈ ရက် မှ ၂၄ ရက်အထိ မန္တလေးတိုင်းအတွင်း၊ မိုးလေဝသအခြေအနေခန့်မှန်းချက် - 

    မိုးရွာနိုင်မည့်အခြေအနေ - မန္တလေးတိုင်း၊ မန္တလေးမြို့ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက် မိုးကုတ်၊ ပြင်ဦးလွင်ခရိုင်တွေဘက်မှာတော့ ၂၄ ရက်နေ့အထိ မိုးတိမ်တွေဖြစ်ထွန်းပြီး မိုးပါးပါးရွာနိုင်ပါတယ်၊ နေရာကွက်ပြီးတော့လဲ မိုးအသင့်အတင့်ရွာနိုင်ပါတယ်။ မန္တလေးမြို့အပါအဝင် မြို့တောင်ဘက်နဲ့ အရှေ့ဘက်က ပုဂံညောင်ဦးနယ်ဘက်မှာတော့ မိုးရွာသွန်းနိုင်မဲ့ အခြေအနေမရှိသလောက်ဖြစ်နေပါမယ်။  

    အမြင့်ဆုံးနှင့်အနိမ့်ဆုံးအပူချိန်များ - ပြင်ဦးလွင်၊ မိုးကုတ်ဒေသတွေဘက်မှာမိုးပါးပါးစွေပြီးရွာနေနိုင်တာကြောင့် နေ့အပူချိန်သည် ၂၅°C ဝန်းကျင်နဲ့ ညအပူချိန်အနိမ့်ဆုံး ၁၉°Cအထိ ကျဆင်းပြီး အေးနေနိုင်ပါတယ်၊ မိုးနည်းရေရပ်ဝန်းထဲက သဲတော+ဝမ်းတွင်း၊ ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ မလှိုင် စတဲ့ဒေသတွေမှာတော့ နေ့အပူချိန်တွေ ၄၀°Cဝန်းကျင်အထိမြင့်နေနိုင်ပါမယ်။  

    လေတိုက်နှုန်း - များသောအားဖြင့် တောင်ဘက်နဲ့ အနောက်ဘက်အရပ်မှ တနာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်အထိ လေတိုက်နှုန်းရှိနေပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မန္တလေးတိုင်းဒေသကြီးအတွင်း ပဲတီစိမ်းစိုက်ပျိုးတောင်သူများအတွက်စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း ယခုရက်ပိုင်းအတွင်း အပူချိန်မြင့်မားလာချိန်တွင် ရွာသွန်းခဲ့သော မိုးရေများကြောင့် ပူနွေးစိုစွတ်လာသော အခြေအနေများတွင် ပဲတီစိမ်းစိုက်ပျိုးသော တောင်သူများအနေဖြင့် စုပ်စားပိုးများကျရောက်မှု (ပျ နှင့် ယင်ဖြူ)အား အထူးသတိပြုရပါမည်။ 

    ပျ(ဖျက်ဆီးမှုလက္ခဏာ) 

    အရွက်အောက် မျက်နှာပြင်မှနေ၍ ပင်ရည်ကို စုပ်ယူစားသောက်သဖြင့် အရွက်များ တွန့်ကုပ်ပြီး အချိုရည်ထုတ်သဖြင့် အပင်တွင်စေးကပ်ကပ် ဖြစ်နေတတ်ပြီး ပုရွတ်ဆိတ်များရှိနေတတ်သည်။ အမည်းရောင် ကျပ်ခိုးမှို ထပ်ဆင့်ကျလျှင်၊ အရွက်မည်းသွားသည်။ အရွက်အောက်မျက်နှာပြင်ရှိ ပျပိုးများကို ဆေးနှင့် ထိတွေ့အောင် နှံ့စပ်စွာ ဆေးဖျန်းပေးပါ။ 

    ယင်ဖြူ(ဖျက်ဆီးမှုလက္ခဏာ) 

    အပင်ငယ်စဉ်မှစ၍ ကျရောက်သည်။ သစ်ရည်ကို စုပ်ယူဖျက်ဆီးသဖြင့်အရွက်များ တွန့်သွားသည်။ ယင်ဖြူကျရောက်ပါက ခရမ်းချဉ်တွင်ဗိုင်းရပ်စ်ရောဂါများကို ဖြစ်ပွားစေသည်။ ယင်ဖြူ စတင်ကျရောက်သည်ကို တွေ့သည်နှင့် ဆေးဖျန်းပါ။ 

    ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ 

    ၁. စိုက်ခင်းအတွင်းနဲ့ ကန်သင်းပေါ်ရှိ ပေါင်းပင်များအားရှင်းလင်းပါ။ 

    ၂. စုပ်စားပိုးများကူးစက်မှု ဟန့်တားရန် ပဲခင်းအတွင်း ပြောင်း၊ နေကြာ သီးနှံတမျိုးမျိုးကို တန်းကြဲ စနစ်ဖြင့် သီးညှပ်စိုက်ပါ။ 

    ၃. ရောဂါရစိုက်ခင်းမှ အပင်အကြွင်းအကျန်များကို မီးရှို့ဖျက်ဆီးပါ။ 

    ၄. ဓာတုဆေးများအနေဖြင့် Imidacloprid ၊ Thiamethoxam၊ Dimethoate၊ Pymetrozine နှင့် Nitnepyram ကဲ့သို့ဆေးများအားသုံး၍ ကာကွယ်နှိမ်နင်းနိုင်သည်။ 

    ငါး/ပုစွန် ကန်ပြင်ဆင်ခြင်းအတွက် အကြံပြုချက်   

    ဧပြီလနှင့်မေလတို့သည် ကန်အောက်ခြေနေလှန်းရန် အကောင်းဆုံး သောအချိန်ဖြစ်ပါသည်။  

    ကန်အောက်ခြေပတ်ကြားကွဲအောင် နေလှန်းပြီးပါက၊ တစ်ဧကလျှင် ထုံး ၂၄၈ ပိဿာ ခန့်နေရာအနှံ့ပက်ပေးရန် လိုအပ်ပါသည်။  

    ထုံးပက်ပြီးပါက ကန်အောက်ခြေမြေသားကို ထယ်ခွဲပေးပါက ပိုမို ကောင်းမွန်ပါသည်။ ထုံးသည် မြေသားအောက်သို့ ရောက်ရှိစေခြင်း ဖြစ်ပါသည်။ 

    ကန်အနှံ့ ထုံးပက်ပြီးပါက (၇)ရက်ခန့်နေလှန်းပေးပါ။ ထုံးနှင့်မြေသား သမစေလိုခြင်းဖြစ်ပါသည်။ ထုံး ထည့်ပြီး (၇)ရက်အကြာတွင် ကန်အတွင်းရေသွင်းနိုင်ပါသည်။ ရေသွင်းရာတွင် ရေစစ်ကို အသုံးပြုပြီး ရေသွင်းပါ။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
  • article
likes
2
comments
0
views
5085