မန္တလေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ဧပြီလ ၁၈ ရက် မှ ၂၄ ရက်အထိ မန္တလေးတိုင်းအတွင်း၊ မိုးလေဝသအခြေအနေခန့်မှန်းချက် - - မိုးရွာနိုင်မည့်အခြေအနေ - မန္တလေးတိုင်း၊ မန္တလေးမြို့ရဲ့ မြောက်ဘက်နဲ့ အနောက်ဘက် မိုးကုတ်၊ ပြင်ဦးလွင်ခရိုင်တွေဘက်မှာတော့ ၂၄ ရက်နေ့အထိ မိုးတိမ်တွေဖြစ်ထွန်းပြီး မိုးပါးပါးရွာနိုင်ပါတယ်၊ နေရာကွက်ပြီးတော့လဲ မိုးအသင့်အတင့်ရွာနိုင်ပါတယ်။ မန္တလေးမြို့အပါအဝင် မြို့တောင်ဘက်နဲ့ အရှေ့ဘက်က ပုဂံညောင်ဦးနယ်ဘက်မှာတော့ မိုးရွာသွန်းနိုင်မဲ့ အခြေအနေမရှိသလောက်ဖြစ်နေပါမယ်။ - အမြင့်ဆုံးနှင့်အနိမ့်ဆုံးအပူချိန်များ - ပြင်ဦးလွင်၊ မိုးကုတ်ဒေသတွေဘက်မှာမိုးပါးပါးစွေပြီးရွာနေနိုင်တာကြောင့် နေ့အပူချိန်သည် ၂၅°C ဝန်းကျင်နဲ့ ညအပူချိန်အနိမ့်ဆုံး ၁၉°Cအထိ ကျဆင်းပြီး အေးနေနိုင်ပါတယ်၊ မိုးနည်းရေရပ်ဝန်းထဲက သဲတော+ဝမ်းတွင်း၊ ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ မလှိုင် စတဲ့ဒေသတွေမှာတော့ နေ့အပူချိန်တွေ ၄၀°Cဝန်းကျင်အထိမြင့်နေနိုင်ပါမယ်။ - လေတိုက်နှုန်း - များသောအားဖြင့် တောင်ဘက်နဲ့ အနောက်ဘက်အရပ်မှ တနာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်အထိ လေတိုက်နှုန်းရှိနေပါမယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး/ပုစွန် ကန်ပြင်ဆင်ခြင်းအတွက် အကြံပြုချက် - ဧပြီလနှင့်မေလတို့သည် ကန်အောက်ခြေနေလှန်းရန် အကောင်းဆုံး သောအချိန်ဖြစ်ပါသည်။ - ကန်အောက်ခြေပတ်ကြားကွဲအောင် နေလှန်းပြီးပါက၊ တစ်ဧကလျှင် ထုံး ၂၄၈ ပိဿာ ခန့်နေရာအနှံ့ပက်ပေးရန် လိုအပ်ပါသည်။ - ထုံးပက်ပြီးပါက ကန်အောက်ခြေမြေသားကို ထယ်ခွဲပေးပါက ပိုမို ကောင်းမွန်ပါသည်။ ထုံးသည် မြေသားအောက်သို့ ရောက်ရှိစေခြင်း ဖြစ်ပါသည်။ - ကန်အနှံ့ ထုံးပက်ပြီးပါက (၇)ရက်ခန့်နေလှန်းပေးပါ။ ထုံးနှင့်မြေသား သမစေလိုခြင်းဖြစ်ပါသည်။ ထုံး ထည့်ပြီး (၇)ရက်အကြာတွင် ကန်အတွင်းရေသွင်းနိုင်ပါသည်။ ရေသွင်းရာတွင် ရေစစ်ကို အသုံးပြုပြီး ရေသွင်းပါ။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
