cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ရှမ်းပြည်နယ်အတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ကန်ရေဩဇာရှိနေခြင်းတွင် (ကန်ရေအရောင်အစိမ်းရောင်ဖြစ်နေခြင်း) သင့်တင့်သောအရောင်၊ အစိမ်းနုရောင် ဖြစ်နေပါက နေရောင်ခြည်သည် ကန်အတွင်းကျရောက်စဉ်တွင် အစိမ်းနုရောင်ရေအလွှာသည် အပူကာအဖြစ် ဟန့်တားထားသဖြင့် ကန်အတွင်း အပူချိန်မြင့်မားမှုကို လျှော့ကျစေပါသည်။
  • ဧပြီလ ၁၉ ရက်မှ ၂၅ ရက်နေ့အထိ တပတ်အတွင်း မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်- 

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မိုးအနည်းငယ် -၂၄ နာရီအတွင်းမှာ (မိုးရေချိန် ၅ မီလီမီတာခန့် = ၀.၁၉ လက်မခန့်)ရွာနိုင်ချေရှိပြီး၊ 

    ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ ဧပြီလ လကုန်ရက်များအတွင်းရောက်မှသာ မိုးအနည်းငယ်ရွာနိုင်ချေရှိပါတယ်။ 

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရှေ့ဘက်မှ လေပြင်းတနာရီ ၁၈ မိုင်ခန့်အထိ တိုက်နိုင်ပြီး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့ တောင်ဘက်မှ လေပြင်းတနာရီ မိုင် ၂၀ နှုန်းခန့်တိုက်နိုင်ချေရှိတာကလွဲရင် .. 

    ထူးခြားမိုးလေဝသအခြေအနေမျိုး မရှိပါ။ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ နေ့နဲ့ည အပူချိန်များအမြင့်ဆုံး ၃၇°C ခန့်အထိ မြင့်တက်လာနိုင်ပါတယ်။ 

     ရှမ်းပြည်နယ်အတွင်းမှမြို့များ၏ ၄ ရက်စာ မိုးလေဝသအခြေအနေများကြိုတင်ကြည့်ရန် - https://www.mmweather.org/divisional-cities-weather/shan-state 

    ===== 

    Weather source: U Win Naing 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ကန်ရေဩဇာရှိနေခြင်းတွင် (ကန်ရေအရောင်အစိမ်းရောင်ဖြစ်နေခြင်း) သင့်တင့်သောအရောင်၊ အစိမ်းနုရောင် ဖြစ်နေပါက နေရောင်ခြည်သည် ကန်အတွင်းကျရောက်စဉ်တွင် အစိမ်းနုရောင်ရေအလွှာသည် အပူကာအဖြစ် ဟန့်တားထားသဖြင့် ကန်အတွင်း အပူချိန်မြင့်မားမှုကို လျှော့ကျစေပါသည်။  

    ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာ လှုပ် ရှားခြင်း၊ အစာစားခြင်း၊ ရောဂါ ကျရောက်မှုနည်းပါးခြင်းနှင့် ငါးများအပေါ် ဖိစီးမှုနည်းခြင်းများ ဖြစ်ပေါ် စေပါသည်။    

    ထို့ကြောင့် ကန်ရေ ဩဇာဓာတ်ရရှိစေရန် ဆောင်ရွက်ထားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။ 

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင် မေးမြန်းနိုင်ပါသည်။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
3169