ရန်ကုန်တိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ဧပြီ ၂၁ ရက် မှ ၂၇ ရက်အထိ ရန်ကုန်တိုင်းအတွင်းဖြစ်နိုင်မည့် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက် - မိုးကြိုကာလအတွင်းဝင်ရောက်လာသော်လည်း ပင်လယ်ပြင်မှာထူးခြားမိုးလေဝသအခြေအနေများမရှိသောကြောင့် မိုးရွာနိုင်မည့်အခြေအနေမရှိပါ။ - ဒီတစ်ပတ်အတွင်းမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တော်တော်များများမှာ တိမ်အနည်းငယ်ဖြစ်ထွန်းပြီး နေသာချိန်များပါမယ်။ - အနောက်-အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၅ မိုင်မှ ၁၅ မိုင်ခန့်အထိ ရှိနေနိုင်ပါတယ်။ - နေ့အပူချိန်များနည်းနည်းချင်းတိုးလာနိုင်ပါတယ်။ - ဒီတစ်ပတ်အတွင်း ရန်ကုန်တိုင်းမြောက်ပိုင်းဒေသတွေရဲ့ မြေအောက်အနက် ၁၀၀ စင်တီမီတာမှ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆ(Soil Moisture) ၂၂% ရှိနေပြီး တောင်ပိုင်းဒေသေတွေမှာ ၄၇% ရှိနေပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငရုတ်စိုက်တောင်သူများထံသို့ - သီးနှံကာကွယ်ရေးဆိုင်ရာအကြံပြုချက် - ငရုတ်တွင်ကျရောက်သော မှဲ့ပြောက်စွန်းရောဂါနှင့်ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးလိုက်ပါတယ်။
- မှဲ့ပြောက်စွန်းရောဂါသည် မျိုးစေ့ဆောင်ရောဂါဖြစ်လို့ ထိုရောဂါကျသောစိုက်ခင်းက မျိုးကိုပြန်မစိုက်ပါနဲ့။
- မှဲ့ပြောက်စွန်းဖြစ်စေသော မှိုရောဂါသည် ပူနွေးတဲ့ရာသီဥတုနဲ့ စိုက်ခင်းစိုထိုင်းဆများတာကိုနှစ်သက်ပါတယ်။
- ဒါကြောင့် ထိုရောဂါကျရောက်ပါက စိုက်ခင်းစိုထိုင်းဆကို သေချာချိန်ညှိပြီး ပေါင်းမြက်များကိုသေချာရှင်းပေးပါ။
- နိုက်ထရိုဂျင် (N) ရွက်ဖျန်းမြေဩဇာကိုအလွန်အကျွံမသုံးပါနဲ့။
- ဓာတုဆေးအနေနဲ့ Azoxystrobin, Pyraclostrobin, Tebuconazole လိုဆေး Ai မျိုးအဆင်ပြေရာကိုအသုံးပြုနိုင်ပါတယ်။
 - ငါး/ပုစွန် ကန်ပြင်ဆင်ခြင်းအတွက် အကြံပြုချက် - ဧပြီလနှင့်မေလတို့သည် ကန်အောက်ခြေနေလှန်းရန် အကောင်းဆုံး သောအချိန်ဖြစ်ပါသည်။ - ကန်အောက်ခြေပတ်ကြားကွဲအောင် နေလှန်းပြီးပါက၊ တစ်ဧကလျှင် ထုံး ၂၄၈ ပိဿာ ခန့်နေရာအနှံ့ပက်ပေးရန် လိုအပ်ပါသည်။ - ထုံးပက်ပြီးပါက ကန်အောက်ခြေမြေသားကို ထယ်ခွဲပေးပါက ပိုမို ကောင်းမွန်ပါသည်။ ထုံးသည် မြေသားအောက်သို့ ရောက်ရှိစေခြင်း ဖြစ်ပါသည်။ - ကန်အနှံ့ ထုံးပက်ပြီးပါက (၇)ရက်ခန့်နေလှန်းပေးပါ။ ထုံးနှင့်မြေသား သမစေလိုခြင်းဖြစ်ပါသည်။ ထုံး ထည့်ပြီး (၇)ရက်အကြာတွင် ကန်အတွင်းရေသွင်းနိုင်ပါသည်။ ရေသွင်းရာတွင် ရေစစ်ကို အသုံးပြုပြီး ရေသွင်းပါ။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 NewsFeed
NewsFeed Communities
Communities Explore
Explore Inbox
Inbox Me
Me Market Price
Market Price
