cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

သရက်သီးမှည့်စျေးကောင်းပေမယ့် ပြည်တွင်းပြည်ပဝယ်လိုအားနည်း

. Market News
စိန်တလုံးသရက်သီးတွေ ပြည်တွင်းစျေးကွက်မှာ တစ်လုံးကို ၉၀၀ ကျပ်မှ အမြင့်ဆုံး ၃၅၀၀ ကျပ်အထိ စျေးတန်းရှိပေမယ့် ပြည်တွင်း၊ ပြည်ပက ဝယ်လိုအားနည်းနေတယ်လို့ သရက် သီးရောင်းဝယ်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။
  • ယခုနှစ် ပြည်တွင်းမှာ သရက်သီးမှည့်အထွက်နူန်း သိသိသာသာ လျော့ကျတဲ့အပြင် ပြည်တွင်း ၊ပြည်ပဝယ်လိုအားလည်း လျော့ကျနေတာဖြစ်တယ်လို့ သိရပါတယ်။

    ပြည်တွင်းစားသုံးမှုစျေးကွက်မှာလည်း စိန်တလုံးသရက်သီးကို ၉၀၀ ကျပ်မှ ၁၅၀၀ ကျပ်အတွင်းရှိတဲ့ သရက်သီးတွေကသာ စျေးကွက်ဝယ်လိုအားရှိပြီး အမြင့်စျေးတန်းသရက်သီးတွေက ဝယ်လိုအားနည်းတယ်လို့သိရပါတယ်။

    "သရက်သီးက စပေါ်နေပြီ။ စျေးကွက်ထဲလည်း ဖြန့်နေပါပြီ။ သရက်သီးစျေးကောင်း တာတွေကျတော့ ပြည်တွင်းကသိပ်မစားဘူး။ ပြည်ပကလည်း သိပ်အားကိုးလို့မရဘူး။" လို့ သရက်သီးရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

    စိန်တလုံးသရက်သီးကို ပုံမှန်ဆိုရင် ပြည်ပကိုတင်ပို့မှုအနေနဲ့ တရုတ်ကို နယ်စပ်ဂိတ်ကနေ အဓိကတင်ပို့တာဖြစ်ပြီး ယခုနှစ်မှာ သရက်သီးတင်ပို့မှု ကုန်ကျစရိတ်တွေမြင့် တက်လာတဲ့အ ပြင် တရုတ်သစ်သီးစျေးကွက်မှာ သရက်သီးမှည့်တွေစျေးကောင်းမရတာကြောင့် တင်ပို့မှုအရှုံး ပေါ်နိုင်တဲ့အခြေအနေရှိတယ်လို့သိရပါတယ်။

    "စိန်တလုံးသရက်သီးတွေကို မိုင်းလားပေါက်ကနေတင်ပို့ရတာ အဆင်မပြေပါဘူး။ လမ်းခရီးကြန့်ကြာမှုအပြင် စရိတ်အကုန်အကျများပါတယ်။ ဈေးကွက်တည်နေရာအရ စားသုံးသူများတဲ့ ကူမင်းမန်စီရွှေလီအထိ တစ်ရက်တာခရီး ရှိသေးတော့ ဈေးကွက်ရဲ့ပထဝီအနေအထားလိုအပ်ချက်ကြောင့် ဈေးကောင်းမရပါဘူး။ သရက်သီးကား၂စီး၊ ၃စီးဆုံဝင်ရင်ကို ဈေးကျချင်နေတာပါ။ ပြည်တွင်းဈေးကွက်က တစ်ခြင်း(၅၀၀၀၀)ကနေ(၆၀၀၀၀)ရှိနေတော့ တရုတ်(တာလော့)အရောက်130¥140¥နဲ့ညီမျှနေပါတယ်။ တာလော့မှာ ဒီပေါက်ဈေးရောင်းရဖို့ မလွယ်ပါဘူး။ ဒီတော့ပြည်တွင်းဈေးကွက်က တပန်းသာနေပါတယ်။" လို့ ခွာညိုသစ်သီးပွဲရုံတာဝန်ရှိသူကပြောပါတယ်။

    လက်ရှိမှာ စိန်တလုံး သရက်သီးကို ရှမ်းပြည်​နယ်အရှေ့ပိုင်း မိုင်းလားကနေ တာလော့ သစ်သီးကွင်းကို စမ်းသပ် တင်ပို့ရောင်းချနေတာဖြစ်ပြီး တင်ပို့ မှုကြာချိန် မှာ အချိန် ၂ ရက်မှ ၃ ရက်ကြာမြင့်ပြီး ရာသီဥတုအပူချိန်နဲ့ အသီးအရည် အသွေးညံ့တာကြောင့် သရက်သီးတွေ ပျက်စီးမှုရှိနေတယ်လို့ သိရပါတယ်။

    “ခါတော်မီသရက်သီးတစ်စီးတင်ပို့ခဲ့ပါတယ်။လမ်းခရီးရှည်လျားကြန့်ကြာတာလုပ်မရပေမဲ့ဦးစားပေးစေလွတ်ကြတာတွေ့ရတယ်။အမြန်ဆုံးကြာချိန်က(၂)ညအိပ်(၃)ရက်ပါ။သရက်သီးများ ဆေး/အစာနှင့်သွင်းအားစုအားနည်းကြလို့ အနွံတာမခံတာတွေ့ရတယ်။ အကောင်း(၆၀၀၀၀) အညံ့(၃၀၀၀၀)နဲ့ဝယ်တင်ခဲ့တယ်။ ရောင်းစျေးက 50-100¥ အတွင်း။”သရက် တင်ပို့သူ တစ်ဦးကပြောပါတယ်။

    တရုတ်နိုင်ငံ တာလော့သစ်သီးကွင်းအရောက် သရက်သီးသယ်ဆောင်တဲ့ကာခနူန်းထားတင် သိန်း၁၀၀ ဝန်းကျင်ရှိတာကြောင့် အသီးပျက်စီး ၊စျေးကောင်းမရပါက တောင်သူတွေ ပြည်တွင်း မှာရရှိတဲ့စျေးထက်ပင်လျော့နည်းကာအရှုံးပေါ်နိုင်တာဖြစ်တယ်လို့သိရပါတယ်။

    ဒါကြောင့် ယခုနှစ်မှာလည်း သရက်သီးစျေးကွက်က ပြည်တွင်းစားသုံးမှု စျေးကွက်အပေါ်ပဲ မှီခိုရနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။

    ပြည်တွင်းမှာတော့ စိန်တလုံး၊မြကျောက် သရက်ကိုအဓိကစားသုံးကြပြီး ရင်ကွဲ၊မချစ်စု၊ ပတ္တမြားငမောက်ကိုလည်းစားသုံးကြကြောင်း၊ ပြည်ပတင်ပို့မှုအနေနဲ့ကတော့ စိန်တလုံး နဲ့မြ ကျောက်ကိုသာ အဓိကတင်ပို့ကြတာဖြစ်ပါတယ်။


    AMIA

    -------------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
8
comments
0
views
1893