cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

“သင်ဖြူးဖျာ ရက်လုပ်သော သင်ပင်အကြောင်းလေ့လာကြမယ်”

. Value Added Products
သင်ပင်၏ အပေါ်ယံအခွံနှစ်လွှာကိုခွာယူ၍ သင်ဖြူးဖျာ ရက်လုပ်ကြသည်။ ယင်းနှစ်လွှာ အနက် ပြောင်ချောနေေသောအပေါ်ဆုံးအလွှာသည် သင်ဖြူးဖျာ၏ အလှဖက်အပေါ်ယံဖျာ ရက်လုပ် ရာတွင်သုံးပြီး အတွင်းသားအလွှာအား သင်ဖြူးဖျာ၏ အောက်ဖက်အလွှာရက်လုပ်ရာတွင် အသုံးပြု ကြသည်။
  • သင်ဖြူးဖျာကို အသုံးပြုနေသော်လည်း “သင်ပင်”အားမြင်ဖူးသူမှာ အလွန်နည်းပါးပါသည်။ သင်ပင်သည် မြန်မာနိုင်ငံ၏ မြစ်ရေလျှံသော ဒေသများတွင် တွေ့ရတတ်သည်။ သို့သော်မြစ်ရေလျှံ၍ ပို့ချသောသဲမြေထက် နုံးတင်မြေနုကိုပိုမိုနှစ်သက်သည်။ ထိုကြောင့်သင်ပင်များကို မြန်မာနိုင်ငံ အောက်ပိုင်းဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် တနင်္သာရီတိုင်းရှိ ရွှံ့နွံထူထပ်သောစိမ့်မြေများ၌ စိုက်ပျိုး ဖြစ်ထွန်းလေ့ရှိသည်။ သင်ပင်သည် ဇင်ဂျီဗာရေးစီအီးမျိုးရင်းတွင်ပါဝင်၍ ရုက္ခဗေဒအမည်ဖြင့် ကလိုင်နိုဂျင်ဒိုင်ကိုတိုမားဟုခေါ်သည်။ သင်ပင်၏ပင်စည်သည် အစိမ်းရင့်ရောင်ဖြစ်၍ လုံးဝိုင်းပြီး ပြောင်ချောနေကာအောက်ပိုင်းတွင် အကိုင်းအလက်များရှင်းသည်။ အမြင့်သုံးပေမှ ခြောက်ပေကျော်ခန့် သာရှိနိုင်သောခြုံပင်မျိုးဖြစ်သည်။ ပင်စည်၏အခွံသည် မာကျော၍အတွင်းသားဖြစ်သော အလယ်အူ မှာပျော့သည်။ သင်ပင်၏ အပေါ်ယံအခွံနှစ်လွှာကိုခွာယူ၍ သင်ဖြူးဖျာ ရက်လုပ်ကြသည်။ ယင်းနှစ်လွှာ အနက် ပြောင်ချောနေေသောအပေါ်ဆုံးအလွှာသည် သင်ဖြူးဖျာ၏ အလှဖက်အပေါ်ယံဖျာ ရက်လုပ် ရာတွင်သုံးပြီး အတွင်းသားအလွှာအား သင်ဖြူးဖျာ၏ အောက်ဖက်အလွှာရက်လုပ်ရာတွင် အသုံးပြု ကြသည်။ အတွင်းဆုံးပျော့သော အူအလွှာအား ပစ္စည်းများချည်နှောင်ရာတွင် နှီးကြိုးအဖြစ် အသုံးပြု ကြသည်။ 

    သင်ပင်များကို ပင်ခြား*တန်းခြား ၊ ၈ ပေ * ၁၀ ပေ ခန့်ခြား၍ စိုက်ပျိုးလေ့ရှိကြသည်။ စစိုက်ပြီး ၅နှစ်မှစပြီး ခုတ်ယူနိုင်ပြီး နောက်ပိုင်းတွင် ၃ နှစ်တစ်ကြိမ် ခုတ်ယူနိုင်မည်ဖြစ်သည်။ အပင်စိုက်ပြီး ပုံမှန်ပေါင်းရှင်းမှုပြုလုပ်ပြီး ၃ နှစ်တစ်ကြိမ် အပင်လှီလေးများရှင်းလင်းပေးရုံဖြင့် အပင်သက်တမ်းမှာ အနှစ် ၂၀ မှ ၃၀ အထိရှင်သန်နိုင်သော နှစ်ရှည်ပင်တစ်မျိုးဖြစ်သည်။ ကိုင်းမြေ၊ ကျွန်းမြေတွင် ဖြစ်ထွန်း သောကြောင့် မြေသြဇာလိုအပ်ချက်မှာ တစ်နှစ်လျှင် တစ်ကြိမ်ကျွေးရုံမျှဖြင့် လုံလောက်ပါသည်။ သင်ပင်ငယ်စဉ်တွင် ကြားသီးနှံအနေဖြင့် ပဲမျိုးရင်းဝင်များ စိုက်လေ့ရှိကြသည်။ သင်ခြံတစ်ဧကလျှင် တစ်ကြိမ်ခုတ်ဝင်ငွေမှာ သိန်း ၂၀ အထက်ရှိ၍ မြစ်ဝကျွန်းပေါ် ဒေသများအတွက် စိုက်ပျိုးသင့်ပါသည်။ ထို့အပြင် သင်ပင်များသည် မြေတိုက်စားခြင်း၊ ကမ်းပါးပြိုခြင်းများကို သက်သာစေသောကြောင့် ဂေဟစနစ်အတွက်လည်းများစွာ အထောက်အကူပြုပါသည်။ ထို့အပြင် ရေပျော်ငှက်များ ကျင်လည် ကျက်စားရာဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင်လည်းအရေးပါလှပါသည်။ 

    ------------------------------------------------------------------------------------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
  • article
  • article
  • article
likes
5
comments
0
views
2181