cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာ လှုပ်ရှားခြင်း၊ အစာစားခြင်း၊ ရောဂါ ကျရောက်မှုနည်းပါးခြင်းနှင့် ငါးများအပေါ် ဖိစီးမှုနည်းခြင်းများ ဖြစ်ပေါ် စေပါသည်။
  • မကွေးတိုင်း ဧပြီ ၂၃ ရက်မှ ၂၉ ရက်အထိ ၁ ပတ်အတွင်းဖြစ်နိုင်မည့် မိုးလေဝသအခြေအနေ 

    ဤတပတ်အတွင်း မကွေးတိုင်းဒေသအတော်များများတွင် များသောအားဖြင့် နေသာနေပြီး နေ့အပူချိန်များ ၄၀°C နှင့်အထက်အထိ မြင့်တက်လာနိုင်ပါသည်။ 

    အနောက်ဘက်ရခိုင်ရိုးမကိုဖြတ်ကျော်တိုက်ခတ်လာသည့် လေစီးကြောင်းနှင့် တောင်ဘက် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ပဲခူးတိုင်းအနောက်ခြမ်းတို့ကိုဖြတ်သန်းတိုက်ခတ်လာမည့် လေစီးကြောင်းတို့တွင် ရေခိုးရေငွေကြွယ်ဝသော မိုးတိမ်ပါဝင်မှုသည်လည်း ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းအချိန်အထိ နည်းနေဦးမည်ဖြစ်ပါသည်။ 

    ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းအချိန်ရောက်မှသာ တိမ်ဖြစ်ထွန်းပြီး မိုးရွာနိုင်ချေ ၆၀% မှ ၉၅% အထိရှိနိုင်မည်ဖြစ်ပါသည်။ 

    ဧပြီ ၂၉ ရက် မွန်းလွဲပိုင်းမှ မေလ လဆန်းပိုင်းအထိ မကွေးတိုင်းအတွင်း မိုးအနည်းငယ်ရွာနိုင်ပါမည်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ကန်အတွင်းမွေးမြူထားသော ငါးများသည် ကန်ရေ အရည်အသွေးကောင်းမွန်ပါက သွားလာ လှုပ်ရှားခြင်း၊ အစာစားခြင်း၊ ရောဂါ ကျရောက်မှုနည်းပါးခြင်းနှင့် ငါးများအပေါ် ဖိစီးမှုနည်းခြင်းများ ဖြစ်ပေါ် စေပါသည်။ ငါးကန် အရည်အသွေးကျဆင်းပါက အစာစားနှုန်းကျဆင်းပြီး ငါးများတွင် အင်အားချိနဲ့လာပါ သည်။ ထို့အပြင် ငါးများအပေါ် ဖိစီးမှုများ ရှိလာပြီး ရောဂါဝင်ရောက်မှုလည်း မြန်ဆန်လာပါသည်။ 

    • ငါးမွေးမြူရေးလုပ်ငန်းစဉ်တွင် ရေ၏ချဉ်ဖန်နှုန်းသည် ၆ မှ ၉ အတွင်းမွေးမြူနိုင်ခြင်း၊ 
    • ကန်ရေ၏အပူချိန်သည် ၂၅ ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ်အတွင်း ရှိရပါမည်။ 
    • ရေကြည်နှုန်းသည် ၁၂လက်မမှ ၁၈လက်မ အတွင်း ရှိရမည်ဖြစ်ပြီး ၊ 
    • ပျော်ဝင်အောက်စီဂျင်သည်  ၃ပီပီအမ်မှ ၅ပီပီအမ် အတွင်းရှိရမည်ဟု သတ်မှတ်ကြပါသည်။ 

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။  

    ---------------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
3160