cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ငါးမွေးကန်များအတွက် အရေးကြီးသော ရေအရည်အသွေး

. Fish Articles
ငါးကန်များ၏ ကန်အရည်အသွေးတွင် ကန်ရေအပူချိန်၊ ချဉ်ဖန်နှုန်း၊ ပျော်ဝင်အောက်စီဂျင်၊ အမိုးနီးယား၊ အယ်ကာလီတို့သည် စံသတ်မှတ်ထားသော ပမာဏသာရှိရပါမည်။
  •            ငါးမြန်မာစီမံကိန်းသည် ၂၀၂၂ခုနှစ်မှ ၂၀၂၅ခုနှစ်ဇွန်လအထိ ညောင်တုန်း၊ မအူပင်၊ ပန်းတနော်နှင့် တွံတေးမြို့နယ်များအတွင်းရှိ ငါးမွေးတောင်သူ (၃၀၀)ကျော်အား စဉ်ဆက်မပြတ် ငါးမွေးမြူနိုင်ရေး နှင့် အစိမ်းရောင် ငါးလုပ်ငန်းဖြစ်စေရန် နည်းပညာအကူအညီနှင့် ပစ္စည်းအကူအညီများ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။ ငါးမွေးတောင်သူအများစုသည်လည်း မူလ မိရိုးဖလာ အစွဲအလန်းများကို ခေတ်စနစ်နှင့်အညီ ပြောင်းလဲသင့်သည့်များ ပြောင်းလဲလာကြသည်ကို တွေ့ရှိရပါသည်။

               ငါးမွေးမြူရေးလုပ်ငန်းသည် ကန်ရေအရည်အသွေး စီမံခန့်ခွဲမှုသည် အရေးကြီးသောလုပ်ငန်းတစ်ခုဖြစ်ပါ သည်။ ကန်ရေ အရည်အသွေး ညံ့ဖျင်းပါက ငါးကြီးထွားနှုန်း ကျဆင်းပြီး ငါးရောဂါကျရောက်ခြင်းလည်း ကြုံတွေ့ ရပါသည်။ ယခုအချိန်ကာလသည် ရာသီဥတုပြောင်းလဲဖောက်ပြန်ခြင်း နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု၏ စိန်ခေါ်မှု သည် တဖြည်းဖြည်းကြီးမားလာပါသည်။ ထို့ကြောင့် ငါးမြန်မာ စီမံကိန်းမှ ပတ်ဝန်းကျင်နှင့်လိုက်လျှောညီထွေ ဆောင်ရွက်နိုင်ရန်၊ ငါးကန်များသို့သွင်းသော ပတ်ဝန်းကျင်၏ ရေအရည်အသွေးများကို လုပ်ငန်းစဉ်တစ်ရပ် ချမှတ်ဆောင်ရွက်ပြီး (၂)နှစ်တာအချိန်ပေးပြီး ဆောင်ရွက်ခဲ့ပါသည်။

    ငါးကန်များ၏ ကန်အရည်အသွေးတွင် ကန်ရေအပူချိန်၊ ချဉ်ဖန်နှုန်း၊ ပျော်ဝင်အောက်စီဂျင်၊ အမိုးနီးယား၊ အယ်ကာလီတို့သည် စံသတ်မှတ်ထားသော ပမာဏသာရှိရပါမည်။ အထက်ပါအချက်များကို တိုင်းတာရန် ငါးမွေး တောင်သူများအားလည်း စာတွေ့ လက်တွေ့ သင်ကြားပေးခဲ့ပါသည်။ ငါးမွေးကန်များသည် ငါးမွေးမြူရန်အတွက် မိမိတို့ကန် အနီးအနားမှ မြစ်ရေ၊ ချောင်းရေ နှင့် မြောင်းရေများကို သွင်းယူဆောင်ရွက်ကြရပါသည်။ အဆိုပါရေ များတွင် ပါဝင်သော အပူချိန်၊ ချဉ်ဖန်နှုန်း၊ ပျော်ဝင်အောက်စီဂျင်၊ အမိုးနီးယား နှင့် အယ်ကာလီ တို့သည် ငါးမွေးရန် အတွက် မသင့်လျော်ပါက ငါးထုတ်လုပ်မှုကိုကျဆင်းစေပြီး ငါးများ ရောဂါကျရောက်စေပါမည်။

               ငါးမွေးကန်များသို့သွင်းသော ပြင်ပရေများတိုင်းတာချက်အရ ညောင်းတုန် နှင့်မအူပင်မြို့နယ်များအတွက် ရာသီအလိုက် အပူချိန်များကို အောက်ပါဇယားအတိုင်း တိုင်းတာရရှိပါသည်။

    ငါးမွေးကန်အတွက် အကောင်းဆုံးရေထု၏အပူချိန်သည် ၂၅ မှ ၃၂ ဒီဂရီ ဆဲလ်စီးယပ်ကြားတွင် ရှိပါသည်။ အပူချိန်သည် ကန်ရေ၏အောက်စီဂျင် ပျော်ဝင်နှုန်း နှင့် အမိုးနီးယား အဆိပ်အတောက်ဖြစ်မှုနှုန်းတို့ကို အကျိုးသက်ရောက်စေသည်။ ငါးများ၏ဇီဝကာမဖြစ်စဉ်ကိုထိန်းချူပ်ပေးသည်။

    ကျန်ရှိနေသော အချက်အလက်များကို ဆက်လက်ပြီးဖော်ပြပေးပါမည်။

    ဦးဆန်းအောင်

    ထွက်တိုး

    -------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
  • article
  • article
likes
6
comments
0
views
2339