cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ပဲပုစွန်သီး(နွေပဲသီး)စိုက်ပျိုးနည်း

. Cultivation Methods
အိမ်တွင်တစ်နိုင်တစ်ပိုင် စိုက်ပါကလည်း လွယ်ကူစွာစိုက်ပျိုးဖြစ်ထွန်းသည်။ စင်ထောင်၍သော်လည်းကောင်း ခြံစည်းရိုးများ တွင်ကပ်၍ သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။
  • ပဲပုစွန်သီး(နွေပဲသီး)ကို လူတိုင်းစားသုံးလေ့ရှိကြပြီး နူးညံ့သောပဲတစ်မျိုးဖြစ်သည်။ ပဲသီးနုနု များကို အရည်သောက်ချက်စားသလို ရေနွေးဖျော၍ပြုတ်စား ကြော်စားလေ့ရှိကြသည်။ အိမ်တွင်တစ်နိုင်တစ်ပိုင် စိုက်ပါကလည်း လွယ်ကူစွာစိုက်ပျိုးဖြစ်ထွန်းသည်။ စင်ထောင်၍သော်လည်းကောင်း ခြံစည်းရိုးများ တွင်ကပ်၍ သော်လည်းကောင်း စိုက်ပျိုးနိုင်သည်။

    ပဲပုစွန်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပေမယ့် မိုးရာသီကုန်ဆုံးတဲ့အချိန်သီတင်းကျွတ်လနဲ့ တန်ဆောင်မုန်းလတွေမှာ စိုက်ပျိုးရင် ပိုပြီးတော့ကောင်းပါတယ်။

    စိုက်ပျိုးနည်း

    --------------

    အရှည် ၃ပေ၊အကျယ် ၁ပေခွဲရှိတဲ့ ကျင်းတွေကို ၁ပေခန့်အနက်ရအောင် တူးရပါမယ်။ ပြီးရင်မြေဆွေးနဲ့ အပေါ်ယံမြေသားဆတူရောပြီးထည့်ပေးရပါမယ်။ ကျင်းအလယ်မှာ (၄-၅)စေ့ခန့်ကို (၄)လက်မအနက်မှာချပြီး မြေပြန်ဖုံးထားရပါမယ်။ ပြီးရင် နေ့တိုင်းရေမှန်မှန်လောင်းပေးရပါမယ်။

    အပင်ပြုစုစောင့်ရှောက်ခြင်း

    --------------------------------

    အပင်ငယ်တွေ (၁)ပေခန့်မြင့်ရင် စင်ထိုးပြီး အပင်တွေတွယ်တက်ဖို့တိုင်တွေ ခပ်ကျဲကျဲထောင်ပေးရပါမယ်။ (၁)လတစ်ကြိမ် နှမ်းဖတ်ပုပ် နို့ဆီဗူး ၂ဗူး ဒါမှမဟုတ် သာကူစေ့မြေသြဇာတွေကို နို့ဆီဗူးဝက်ခန့်ထည့်ပေးသင့်ပါတယ်။

    ဆွတ်ခူးချိန်

    --------------

    ဆောင်းရာသီမှာစိုက်ပျိုးတဲ့ အပင်တွေဟာ ရက်ပေါင်း ၉၀မှာ စတင်ပြီးတော့ အသီးသီးပါတယ်။ (၄၅)ရက်လောက် ဆက်တိုက်သီးပါတယ်။ နွေရာသီမှာ စိုက်ပျိုးတဲ့အပင်မှာ အသီးလှီကင်းပါတယ်။ တစ်ပတ်ကို ၅ပိဿာခန့်ခူးဆွတ်နိုင်ပါတယ်။

    Source; စိုက်ပျိုးရေးဦးစီးဌာန

    ------------------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
  • article
  • article
  • article
likes
10
comments
2
views
1653