cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
စိုက်ဆင်းလေပြင်းကျရောက်လျှင် ခေတ္တခဏမိုးသည်းထန်ပြီး လေပြင်း တစ်နာရီ မိုင် ၃၀ကျော်အထိ တိုက်ခတ်နိုင်ပါသည်။ ဧပြီ ၂၄/၃၀ ရက်သတ္တပါတ် ၁ ပါတ်တွင် ဧရာဝတီတိုင်းအတွင်း ပျမ်းမျှအမြင့်ဆုံးနေ့အပူချိန်သည် ၃၉°C အထိရှိနိုင်ပါမည်။
  • ဧရာဝတီတိုင်း - ဧပြီ ၂၄ ရက် မှ ဧပြီလ ၃၀ ရက်အထိ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်း 

    ဧပြီ ၂၄ ရက် မှ ဧပြီ ၃၀ ရက် အထိ ရက်သတ္တပါတ် ၁ ပါတ်အတွင်း၊ များသောအားဖြင့် နေသာချိန်ရှိနေပြီး၊ ဧပြီ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့ မွန်းလွဲ/ညနေပိုင်းအချိန်များတွင် တောင်-အနောက်တောင်ဘက်မှမိုးတိမ်များဝင်ရောက်မှုများပြီး ဟင်္သာတ၊ ကျုံပျော်၊ ပန်းတနော်၊ ဝါးခယ်မ၊ ကျုံမငေး၊ မော်လမြိုင်ကျွန်း၊ ငပုတော၊ လပွတ္တာ၊ ရေလယ်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ စသည့်မြို့နယ်/ခရိုင်များတွင် ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ မီလီမီတာခန့်မှ ၂၀ မီလီမီတာခန့်(၀.၄ လက်မ မှ ၀.၈ လက်မခန့် - မိုးအနည်းငယ်)ရွာနိုင်မည့်အခြေအနေများဖြစ်ပေါ်နိုင်ပါသည်။ 

    ဤရက်ပိုင်း(ဧပြီ ၂၉/၃၀)အတွင်း အနောက်ဘက်နှင့် တောင်ဘက်မှ ပုံမှန်အားဖြင့် လေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပြီး မိုးတိမ်တောင်ကြီးများဖြစ်ပေါ်ဝင်ရောက်မှုရှိပါက စိုက်ဆင်းလေပြင်း ကျရောက်တတ်ပါသည်။ စိုက်ဆင်းလေပြင်းကျရောက်လျှင် ခေတ္တခဏမိုးသည်းထန်ပြီး လေပြင်း တစ်နာရီ မိုင် ၃၀ကျော်အထိ တိုက်ခတ်နိုင်ပါသည်။  

    ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တွင် ထူးခြားသောမိုးလေဝသအခြေအနေ(လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း စသည်ဖြင့်)မရှိပါ။ 

    ဧပြီ ၂၄/၃၀ ရက်သတ္တပါတ် ၁ ပါတ်တွင် ဧရာဝတီတိုင်းအတွင်း ပျမ်းမျှအမြင့်ဆုံးနေ့အပူချိန်သည် ၃၉°C အထိရှိနိုင်ပါမည်။ 

    Weather source: U Win Naing 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မိုးစပါးစိုက်ရန်ပြင်ဆင်ကြမည့်တောင်သူများထံသို့... 

    • နွေစပါး စိုက်ပျိုးခဲ့စဥ်က မြေဆောင်မှိုရောဂါ၊ ပိုးမွှားကျခဲ့သောစိုက်ခင်းများအနေဖြင့် ပင်ကြွင်းပင်ကျန်များကို သေချာမရှင်းနိုင်ပါက ပင်ကြွင်းပင်ကျန်များမြန်မြန်ဆွေးမြည့်စေရန် အီးအမ် (EM)ကြိုတင်ထည့်ထားပါ။ 
    • ပုလဲမြေဩဇာ+ ဖွဲနုကို သမအောင်ရောမွှေပြီး ကောက်ရိုးနဲ့ရိုးပြတ်များပေါ်သို့ အရင်နှံ့စပ်အောင် ပက်ပေးပါ။ 
    • ပြီးနောက် အီးအမ်အပြင်း ၁ လီတာစီကို ရေဂါလံ (၂၀) ခန့်နှင့်ရောပြီး လယ်ကွင်းအနှံ့ပက်ပေးပါ။ 
    • အားလုံးပြီးပါက ကောက်ရိုးနှင့်ရိုးပြတ်များရေမြုပ်အောင် ရေချက်ချင်းသွင်းပေးပါ။ 
    • ကောက်ရိုးနဲ့ ရိုးပြတ်များကို စက်ဖြင့်ဖိကြိတ်ပြီး ရေနစ်မြုပ်အောင်နှပ်ထားပေးပါ။ 
    • မြေချဥ်ငန်ကိန်းပြုပြင်လိုသော စိုက်ခင်းမြေများအနေဖြင့် တစ်လခန့်ကြိုတင်ထုံးထည့်ပြီး ထယ်မှောက်ထားသင့်ပါတယ်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    • ရုတ်တရက် မိုးရွာသွန်းသော အချိန်တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကျဆင်းခြင်း၊ ကန်ရေအပူချိန် ကျဆင်းခြင်းတို့ကြောင့် အစာကျွေးခြင်းကို ခေတ္တရပ်ဆိုင်းထားကြရပါမည်။ နေ့ပွင့်ချိန်မှာ ပြန်ကျွေးနိုင်ပါသည်။ 
    • မိုးရွာပြီး နောက်တစ်နေ့တွင် ကန်ရေ၏ချဉ်ဖန်နှုန်းကို ပြန်လည် တိုင်းတာပြီး ကျဆင်းနေပါက တစ်ဧက လျှင် ထုံး (၁၅)ပိဿာ ပြန်လည်ထည့်သွင်းပေးသင့်ပါသည်။  
    • ကန်ရေဩဇာဓါတ်လည်း ကျဆင်းပျောက်ဆုံးခြင်းများလည်း ကြုံတွေ့ရပါမည်။ ထို့ကြောင့် မိုးရွာသွန်း ပြီးနောက် ရေကြည်နှုန်း (၁၈)လက်မကျော်နေပါက ပုလဲနှင့်တီစူပါ မြေဩဇာများပြန်လည်ထည့်သွင်းပေးပါရန် အကြံပြုတင်ပြအပ်ပါသည်။  
    • ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
10
comments
0
views
5693