cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဓာတုဆေးများ၏ ဓာတ်ကြွင်းအာနိသင်အန္တရာယ်များအကြောင်း

. Pesticide Safety Measures
သီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေးသုံးစွဲမည်ဆိုပါက ဆေး၏အာနိသင်၊ သုံးစွဲပုံအညွှန်းတို့ကို သေချာစွာနားလည်သိရှိထားရန် လိုအပ်သည်။ ဆေးဖျန်းမည့်သူသည် ခန္ဓာကိုယ်တစ်ခု လုံးကို ကာကွယ်နိုင်ရန် -
  • အပင်နှင့်သီးနှံများ ပိုးမွှားရောဂါကျရောက်ခြင်းမှ ကာကွယ်နှိမ်နင်းနိုင်ရန် ထုတ်လုပ်ထားသော ဓာတုဆေးများသည် ပြင်းထန်သည့် ဓာတုအဆိပ်များဖြစ်ရာ စနစ်တကျကိုင်တွယ်ပြီး ထိထိ ရောက်ရောက် အသုံးပြုနိုင်ရန်လိုသည်။ သီးနှံပင်ကို ပက်ဖျန်းသည့် ဓာတုဆေးများသည် အနီး ပတ်ဝန်းကျင်ရှိ မြေထု၊ ရေထု၊ လေထုထဲသို့ ကျရောက်လွင့်ပျံသွားသည့်အခါတွင် ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ အဆိပ်သင့်မှုတို့ဖြစ်ပေါ်စေသည်။ ဓာတုဆေးကို စနစ်တကျ မကိုင်တွယ်ခြင်းနှင့် ဓာတု ဆေးဓာတ်ကြွင်းအာနိသင်တို့က လူနှင့်တိရစ္ဆာန်များကို အသက်အန္တရာယ်ဖြစ်စေသည်အထိ အန္တရာယ် ရှိသည်။ စိုက်ပျိုးရေး လုပ်ငန်းသုံးပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အသိပညာနည်းပါးမှုကြောင့် အသက်သေဆုံးရသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်လေ့ရှိရာ ပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ထိထိရောက်ရောက် ပြုလုပ်ပေးသွားရန်လည်း လိုအပ်သည်။ 

    သီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေးသုံးစွဲမည်ဆိုပါက ဆေး၏အာနိသင်၊ သုံးစွဲပုံအညွှန်းတို့ကို သေချာစွာနားလည်သိရှိထားရန် လိုအပ်သည်။ ဆေးဖျန်းမည့်သူသည် ခန္ဓာကိုယ်တစ်ခု လုံးကို ကာကွယ်နိုင်ရန် ဦးထုပ်၊ မျက်မှန်၊ ရော်ဘာလက်အိတ်၊ ပါးစပ်နှာခေါင်းစည်း၊ အကာအကွယ်ဝတ်စုံ၊ ခြေစွပ်ဖိနပ် စသည်တို့ကို လုံလုံခြုံခြုံဝတ်ဆင်ရမည်။ ဆေးဖျန်းကိရိယာပုံး၊ ဆေးဖျန်းပိုက်၊ ဆေးဖျန်းခေါင်းများ ကောင်းမကောင်း၊ လုံမလုံ စစ်ဆေးရမည်။ ပိုးသတ်ဆေးဘူး၊ ပုလင်းတို့ကို မဖိတ်မစဉ်အောင် ဖွင့်ရမည်ဖြစ်ပြီး ပါးစပ်ဖြင့် ကိုက်ဖွင့်ခြင်းမပြုရ။ ပိုးသတ်ဆေးအရည်၊ အမှုန့်တို့ကို ရေနှင့်ရောစပ်ရာတွင်လည်း တုတ်ဖြင့်သာ မွှေပေးရမည်ဖြစ်ပြီး ၎င်းတုတ်ကို ရေဖြင့် ပြောင်စင်အောင်ဆေးကြောရမည်။ ပိုးသတ်ဆေးဖိတ်စဉ်ကျရောက်သောနေရာများသည် အဆိပ်သင့် သောနေရာများဖြစ်သည့်အလျောက် ကလေးများ၊ ကြက်၊ ဝက်တိရစ္ဆာန်များ အန္တရာယ်ကင်းစေရန် ဆေးဖိတ်စဉ် ကျရောက်ထားသည့်နေရာကို ရေများများလောင်းခြင်း၊ သဲ၊ မြေမှုန့်များဖြင့် သေချာစွာဖုံးအုပ်ခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကြောင်း ပညာရှင်များက အကြံပြုထားသည်။ 

    ဓာတုဆေးကိုင်တွယ်သူသည် ကျွမ်းကျင်လုပ်သားသာလျှင်ဖြစ်သင့်ပြီး လေတိုက်ချိန်တွင် လေအောက်မှလေတင်သို့ ဆေးမဖျန်းရန်၊ လေပြင်းထန်စွာတိုက်လာပါက ဆေးဖျန်းခြင်းကို ရပ်နားထားရန်၊ ဆေးဖျန်းချိန်တွင် ကလေးများနှင့် အကာအကွယ်မဲ့လူများ၊ တိရစ္ဆာန်များအနီးတွင် ရှိမနေစေရန်လည်း သတိပြုကြရန်လိုသည်။ ဆေးဖျန်းမှုကို ခေတ္တနားပြီး ဆေးလိပ်သောက်ခြင်း၊ ရေသောက်ခြင်း၊ အစာစားခြင်းတို့ကိုလည်း လုံးဝရှောင်ကြဉ်ကြရမည်ဖြစ်သည်။ ဆေးဖျန်းပြီးချိန်တွင် ဆေးဖျန်းပုံးနှင့် ကိရိယာများ၊ အကာအကွယ်ဝတ်ဆင်ထားသည်များအားလုံးကို ဆပ်ပြာ၊ ရေတို့ဖြင့် ပြောင်စင်အောင် ဆေးကြောလျှော်ဖွပ်ရန်၊ လူ၏ခန္ဓာကိုယ်ကိုလည်း ဆပ်ပြာ၊ ရေများများဖြင့် ချိုးပေးရန်၊ ပိုးသတ်ဆေးပုလင်းဘူးတို့ကို သေချာလုံခြုံစွာ သိမ်းဆည်းရန်နှင့် သုံးစွဲ ကုန်ဆုံးသွားသော ပုလင်းခွံ၊ ဘူးခွံများကို မြေကျင်းနက်နက်တူး၍ မြှုပ်နှံရန် စသည်တို့ကို ပြုလုပ်ရမည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက လမ်းညွှန်ထားသည်။ 

    ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးများအပါအဝင် စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများသည် သုံးစွဲသူများအန္တရာယ်ကင်းစေရန်သာမက စိုက်ပျိုးထွက်ရှိ လာသည့် သီးနှံများ၌ပါ ဓာတုဓာတ်ကြွင်းအန္တရာယ်ကင်းစေရန် စနစ်တကျအသုံးပြုကြရမည်ဖြစ်သည်။ အထူးသဖြင့် မိမိတို့စိုက်ပျိုးသည့် သီးနှံများသည် ပြည်ပပို့ကုန်အဖြစ်ရည်ရွယ်ပါက နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ဓာတုဓာတ်ကြွင်းအန္တရာယ်ကင်းရန် ဂရုပြုကြရမည်ဖြစ်သည်။ ဖော်ပြထားသော အညွှန်းအတိုင်းသေချာလေ့လာပြီး PHI (Pre-harvest Interval) မရိတ်သိမ်းမှီ စောင့်ဆိုင်းရမည့်ကာလအား လိုက်နာ၍အသုံးပြုရမည်ဖြစ်ပါသည်။ 

    မြန်မာ့အလင်းဆောင်းပါးမှ ကိုးကားသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
  • article
  • article
  • article
likes
11
comments
0
views
2504