cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပြည်ပတင်ပို့နိုင်ရန် ပို့ကုန်အရည်အသွေးရှိသော မြန်မာ့စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်မည်

. Market News
လက်ရှိအချိန်တွင် အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံးသရက်သီး တစ်တန်လျှင် ငွေကျပ် ၃၀-၃၅ သိန်းကြားပေါက်စျေးရှိနေကြောင်း သိရသည်။
  • ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည်အသွေးရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သဇင်နွယ်သရက်ခြံမှ သိရသည်။

    လာမည့် မေလ ၁ရက်နေ့မှစ၍စိန်တစ်လုံးအိပ်စွပ်နှင့်အိပ်လွတ်သရက်သီးများသဇင်နွယ်သရက်ခြံတွင်ဝယ်ယူသွားမည်ဖြစ်ရာ ရောင်းချလိုသောသောသရက်တောင်သူများ အနေဖြင့် ခြံမန်နေဂျာဦးဌေးအောင် ၀၉၄၃၁၁၇၄၁၇ သဇင်နွယ်သရက်ခြံဆည်ရွာဇရပ်ပေါက်,ပလိပ်မြို့,စဥ်ကိုင်မြို့နယ် သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

    ယခုနှစ် စိန်တလုံးသရက်သီး ရာသီတွင် အသီးအထွက်နှုန်းကျဆင်းမှု ရှိသောကြောင့် အသီးထွက်ရှိသည့် ခြံများနှင့် အိတ်စွပ်သီးများမှာ ပြည်တွင်းစျေးကွက် တွင်စျေးကောင်းရရှိနေသည်။

    သို့သော်လည်း စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိသရက်ခြံများမှာ မန္တလေး၊ ရန်ကုန်စျေးကွက်သို့တင်ပို့ရာတွင် သယ်ယူပို့ဆောင် စရိတ်များကြီးမြင့်လျက်ရှိကြောင်းသိရသည်။

    လက်ရှိအချိန်တွင် အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံးသရက်သီး တစ်တန်လျင် ငွေကျပ် ၃၀-၃၅ သိန်းကြားပေါက်စျေးရှိနေကြောင်း သိရသည်။

    ရွှေမန်း (မန္တလေး ဧပြီ ၂၄)

    မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။

    --------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
3
comments
0
views
1018