cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဆေးအညွှန်း သတ်မှတ်နှုန်းအတိုင်း ပိုးသတ်ဆေးသုံးသင့်

. Pesticide Safety Measures
ပိုးသတ်ဆေးတွင် အဆိပ်ဓာတ်ပါဝင်မှုရှိသည်။ စနစ်တကျ သိရှိနားလည် အသုံးမတတ်လျှင် ဘေးအန္တရာယ်များသည်။ သီးနှံကာကွယ်ရေးဌာနက ထောက်ခံ၊အကြံပြုသည့် ပိုးသတ်ဆေးများကိုသာ အသုံးပြုသင့်ကြသည်။
  • သီးနှံစိုက်ပျိုးရာတွင် ဓာတုဆေးများဖြစ်ကြသည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာတို့သည် မသုံးမဖြစ် အသုံးပြုနေကြရမည့် ပစ္စည်းများဖြစ်ကြပါသည်။ သို့သော် အသုံးပြုနေကြသော တောင်သူလယ်သမားများ၊ ယာသမားများ၊ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးသူများသည် ပိုးသတ်ဆေးသုံးရာတွင် ပိုးသတ်ဆေးအကြောင်း သိသင့်သည်။

    ပိုးသတ်ဆေးတွင် အဆိပ်ဓာတ်ပါဝင်မှုရှိသည်။ စနစ်တကျ သိရှိနားလည် အသုံးမတတ်လျှင် ဘေးအန္တရာယ်များသည်။ သီးနှံကာကွယ်ရေးဌာနက ထောက်ခံ၊အကြံပြုသည့် ပိုးသတ်ဆေးများကိုသာ အသုံးပြုသင့်ကြသည်။ မိမိနှိမ်နင်းလိုသော သီးနှံဖျက်ပိုးလျော့နည်းရေး၊ စားသုံးသူများအတွက် အစားအစာ ဘေးကင်းရေး (Food safety) နှင့် ပိုးမွှားရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး (Phytosan-itary) တို့အတွက် ညွှန်ကြားသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရေး ဖြစ်ပါသည်။

    ပိုးသတ်ဆေးတိုင်းတွင် ဆေးအမျိုးအစားအလိုက် ဓာတ်ကြွင်းပါဝင်မှုအနည်းနှင့်အများ ပါရှိသည်။ သတ်မှတ်ထားသော ခွင့်ပြုဓာတ်ကြွင်း ပါဝင်မှု ပမာဏ (Tolerance Level) ထက် ပိုမိုကျော်လွန်မှုမရှိလျှင် ဘေးအန္တရာယ်နည်းပါးသည်။ ပိုးသတ်ဆေးသုံးလျှင် သတ်မှတ်နှုန်းအတိုင်း အသုံးပြုကြရန် လိုပါသည်။

    သတ်မှတ်နှုန်းဆေးအညွှန်းသည် စိစစ်ရောင်းချခွင့်ပြုထားသော မြန်မာစာဖြင့် ဖော်ပြရောင်းချကြသည့် ပိုးသတ်ဆေးဘူး၊ ဆေးပုလင်းများတွင် ပါရှိပါသည်။ ဆေးမဝယ်ခင်၊ ဆေးမသုံးခင်၊ ဆေးအညွှန်းကို သေချာနားလည် သိရှိအောင် ကြိုတင်ဖတ်ရှုသင့်ပါသည်။

    ပိုးသတ်ဆေးအညွှန်းအတိုင်း အသုံးပြုကြလျှင် အန္တရာယ်ကင်းအစားအစာ ဖြစ်စေပါသည်။

    ယနေ့ ကျွန်တော်တို့ရှေ့တန်းတင် ပြောဆိုရေးသားနေကြသည်မှာ အန္တရာယ်ကင်းအစားအစာဖြစ်သည်။ နောက်ဆက်တွဲ ကျန်းမာရေးချို့တဲ့မှုရောဂါများ မဖြစ်ရေးဖြစ်သည်။ ဒါတင်မက ပြည်ပပို့ကုန် မြန်မာ့လယ်ယာထွက်သီးနှံများလည်း ဝယ်ယူသူလက်ခံနိုင်သည့် ပိုးသတ်ဆေးဓာတ်ကြွင်းအမြင့်ဆုံးပါဝင်မှု (Maximum Residue Limits) မရှိရေးဖြစ်သည်။

    ထို့ထက်ပို၍ အရေးကြီးသည်မှာ ပတ်ဝန်းကျင် အန္တရာယ်ကင်းရှင်းရေး ဖြစ်သည်။ နိုင်ငံတကာမှာ ကျင့်သုံးသလို မြန်မာနိုင်ငံမှာလည်း သီးနှံစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းတွင်ပိုးသတ်ဆေး ဓာတ်ကြွင်း ထိန်းချုပ်ရေး (Residue control Programme) ကို လုပ်ကိုင်လျက်ရှိနေပါသည်။ စိုက်ပျိုးသူအချို့သည် မိမိတို့စိုက်ပျိုးထားသော သီးနှံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင် အထွက်တိုးလိုကြသည်။ ပျက်စီးဆုံးရှုံးမှာ စိုးရိမ်ကြသဖြင့် မလိုအပ်ဘဲ ပိုးသတ်ဆေးပက်ဖျန်းခြင်း၊ ပက်ဖျန်းလျှင်လည်း သတ်မှတ်အချိုးနှုန်းထက် ပိုမိုအသုံးပြုခြင်း၊ ပိုးသတ်ဆေးအကြောင်း သိရှိနားလည်မှုနည်းပါးပြီး ဆောင်ရန်၊ ရှောင်ရန်များ ဂရုမထားဘဲ နည်းစနစ်လွဲမှားစွာ အသုံးပြုခြင်းတို့ကြောင့် ပိုးသတ်ဆေး ဓာတ်ကြွင်းများ သီးနှံပေါ်တွင်ကျန်ရှိပြီး စားသုံးသူကို အန္တရာယ် ဖြစ်စေပါတော့သည်။

    ပိုးသတ်ဆေးကြောင့် စားသုံးသူများ အန္တရာယ်မဖြစ်စေရန် ပိုးသတ်ဆေးအသုံးြုပုသူများသည် စနစ်တကျနှင့် အန္တရာယ်ကင်းကင်း ကိုင်တွယ်အသုံးပြုရန်သည် အဓိကအရေးကြီးပါသည်။ ပိုးသတ်ဆေးအလိုက် ဆေးဖျန်းပြီး သတ်မှတ်ရက်တွင် ခူးဆွတ်ရိတ်သိမ်းနိုင်ရန် ဆေးအညွှန်းတွင် ပါရှိသည့်အတိုင်း တိတိကျကျ လိုက်နာသင့်ပါသည်။ အထူးသဖြင့် ခူးဆွတ်နုတ်သိမ်းချိန် နီးကပ်သည့် အချိန်တွင်ကပ်၍ ပိုးသတ်ဆေးမဖျန်းသင့်ပါ။

    ပိုးသတ်ဆေးများကို သတ်မှတ်ချက်နှုန်း ထားအတိုင်း မသုံးဘဲ အချိုးပိုမိုအသုံးပြုကြသည့်အတွက် အဆိပ်သင့်မှုမြန်သည်။ ချက်ချင်းအဆိပ်သင့်စေသော်လည်း အန္တရာယ် ဓာတ်ကြွင်းများသည် သုံးသင့်သည့်နှုန်းထားထက် လျော့နည်းအသုံးပြုကြလျှင်လည်း ငွေကုန်သ

    လောက် အကျိုးမရှိနိုင်။ ပိုးသတ်ဆေးသည် ပက်ဖျန်းအသုံးပြုရာတွင်သာ ဂရုပြုရမည်မဟုတ်ပါ။ သယ်ယူပို့ဆောင်မှု၊ အသုံးပြုပြီးဆေးဖျန်းပုံး ဆေးကြောသန့်ရှင်းမှု၊ စွန့်ပစ်မှု၊ ဖျော်စပ်ရာတွင် ဖိတ်စဉ်မှု၊ ပိုးသတ်ဆေးဖျန်းပုံး မလုံဘဲ စိမ့်ယိုမှုတို့ကလည်း ပိုးသတ်ဆေးဓာတ်ကြွင်းများ စုပုံလာပြီး ပတ်ဝန်းကျင်ညစ်ညမ်းစေပါသည်။ သက်ရှိများကို အန္တရာယ်ဖြစ်စေပါသည်။

    ကိုရဲ(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    တခြားစိတ်ဝင်စားစရာဆောင်းပါးများကိုလဲထွက်တိုးအက်ပလီကေးရှင်းထဲတွင်ဝင်ရောက်ဖတ်ရှနိုင်ပါတယ်။

    ------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857


  • article
likes
13
comments
0
views
3102